ပုရွက်ဆိတ်တွေဆီမှ လေ့လာနိုင်တဲ့ ယာဉ်ကြောပိတ်ဆို့မှု ဆိုင်ရာ အယူအဆ

Knowledge Nature

ပုရွက်ဆိတ်တွေက ကျွန်ုပ်တို့ လူသားတွေကို ယာဥ်ကြောပိတ်ဆို့မှုနှင့် ပတ်သတ်ပြီး ဘာတွေ သင်ကြားပေးနိုင်မလဲ။

ကျွန်ုပ်တို့ လှုပ်ရှား သွားလာနေရမှု အပေါ် ပုရွက်ဆိတ်တွေကို ကျေးဇူးတင် ချီးမွှမ်းသင့်ပါတယ်။

ပုရွက်ဆိတ်တွေဟာ သူတို့ပန်းတိုင်ကို ဘယ်လောက် အတားအဆီး အခက်အခဲရှိရှိ ရပ်တန့်မသွားကြပါဘူး။

လူသားတွေနဲ့ မတူတာက သူတို့ဟာ သင့်တော်တဲ့ လမ်း​ကြောင်း ပေါင်းစည်းမှုကို ဘယ်လို ဆွဲထုတ်ရမယ် ဆိုတဲ့ အသိရှိကြပါတယ်။

ပုရွက်ဆိတ်တွေရဲ့ နေထိုင်မှုပုံစံမှာ စိတ်ဝင်စားဖွယ် ကောင်းတဲ့ ရှုထောင့်များစွာရှိပါတယ်၊ ယာဥ်ကြောပိတ်ဆို့မှုကို ရှောင်ကြဉ်ဖို့ ပုရွက်ဆိတ်တွေထက် ကျွန်ုပ်တို့ကို ပိုလက်တွေ့ကျတဲ့ သင်ခန်းစာတွေကို မည်သူကမှ သင်ကြားမပေးနိုင်ပါဘူး။

eELite ဂျာနယ်ရဲ့ သုတေသန စာတမ်းတစ်ခုမှာ ဖော်ပြချက်အရ ပုရွက်ဆိတ်တွေဟာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ကြုံရတိုင်း သူတို့ အမူအကျင့်တွေကို ပြောင်းလဲခြင်းဖြင့် အသွားအလာကို ထိန်းပေးကြပါတယ်။

Image: Courtesy of Splash

ဥပမာအားဖြင့် ပုရွက်ဆိတ်တွေဟာ အသွားအလာကြပ်လာလျှင်ဘဲဖြစ်ဖြစ်၊ အတားအဆီးတစ်ခုခုနဲ့​တွေ့လျှင်ဘဲဖြစ်ဖြစ် သူတို့ကိုယ် သူတို့နေရာလွတ်ရှာပြီး တစ်ဦးချင်းဆီအလိုက် သီးခြားသွားကြပါတယ်။

နောက်ဆုံးမှာ ဘန်ပါ အချင်းချင်းထိသလို ၊ ပုရွက်ဆိတ်တွေဟာ အဆက်မပြတ် စီးဆင်းနေသော တစ်ခုထည်းသော စမ်းချောင်းကဲ့သို့ တစ်ပေါင်းတစ်စည်းထဲ ပေါင်းစည်းသွားပါတယ်။

Toulouse တက္ကသိုလ် နှင့် Arizona တက္ကသိုလ်မှသုတေသီများဟာ အာဂျင်တီးနား ပုရွက်ဆိတ်တွေကို အဓိကထား စမ်းသပ်ချက်များအရ ပုရွက်ဆိတ်တွေဟာ အစားအစာ အရင်းအမြစ် အနီးအဝေး အပေါ် မူတည်၍ အုပ်စုလိုက် မကြာခဏ ရွေ့လျားသွားလာမှုအပေါ် အာရုံစိုက်မိလာကြပါတယ်။

အမေရိကန်ဂျာနယ်လစ် Annelee Newitz က Ars Technica ၌ ရေးခဲ့သလို ပုရွက်ဆိတ်တွေဟာ အုပ်စုလိုက် မြန်မြန်လှုပ်ရှားနိုင်တာကြောင့် သူမရဲ့အိမ်နောက်ဘေး ရေကြီးတုန်းက သူတို့ ဥတွေကို မြန်မြန်ဆန်ဆန် သယ်ယူ ရွှေ့ပြောင်းနိုင်တာကြောင့် ရှောင်တိမ်းနိုင်ခဲ့တယ် ဟုဆိုပါတယ်။

သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လုပ်သားများကို ဒီနည်းလမ်းအတိုင်း လေ့ကျင့်သင်ကြားပေးခဲ့ကြပါတယ်။

သုတေသီတွေဟာ အာဂျင်တီးနားပုရွက်ဆိတ်တွေကို ကျွမ်းကျင်စွာ အသွားအပြန် လုပ်ဆောင်ဖို့ သူတို့ အုပ်စုရှိတဲ့ နေရာ​တွေကို ဆက်သွယ်ဖို့ တံတားများ တည်ဆောက်ပေးခဲ့ကြပါတယ်။

တံတားတွေရဲ့ အကျယ်ဟာ ၅လက်မ နှင့် ၃လက်မခွဲ အကျယ်အမျိုးမျိုး ရှိကြတယ်။ ပုရွက်ဆိတ်အုပ်စုဟာလည်း ၄၀၀ ကနေ ၂၅၀၀၀ ကျော်ကျော်ထိ ရှိပြီး အရွယ်အစားတွေကလည်း အမျိုးမျိုးရှိကြပါတယ်။

အခြေခံအားဖြင့် သုတေသီ​တွေဟာ ပုရွက်ဆိတ်များအတွက် အခြေခံအဆောက်အဦးစနစ်အသစ်တစ်ခုကို တည်ဆောက်ပေးခဲ့​ကြပြီး ၎င်းတို့၏ အကြီးဆုံးမြို့များကို အသေးငယ်ဆုံးကျေးရွာများနှင့် ဆက်သွယ်ပေးခဲ့ကြပါတယ်။

ထို့နောက် ပုရွက်ဆိတ်တွေရဲ့ အသွားအလာကို စောင့်ကြည့်ခဲ့ကြပါတယ်။

သူတို့တွေဟာ တံတားအကျဥ်းကို ရောက်တဲ့အခါ စွမ်းဆောင်ရည်ဟာ အံ့သြစရာကောင်းပါတယ်၊ သူတို့တွေ အုပ်စုလိုက် ထိပ်တိုက်တွေ့တဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ဘယ်တော့မှ မထိခိုက်မိကြပါဘူး။

ပုရွက်ဆိတ်တွေဟာ လမ်းအခြေအနေတွေကို လိုက်လျောညီထွေ ဖြစ်အောင် ထိန်းညှိ နိုင်ခဲ့တဲ့အတွက် အခြေခံအဆောက်အဦးတွေ ဘယ်လောက်များများ အသွားအလာက အေးဆေးတည်ငြိမ်​ကြပါတယ်။

တံတားပေါ်မှာ ပုရွက်ဆိတ်တွေ အများအပြား ရှိနေတဲ့အချိန်မှာဆို ပုရွက်ဆိတ်တွေဟာ တစ်ကောင်ဆီ ကြားဖောက်မသွားကြဘဲ အမြဲတမ်းစီးဆင်းနေတဲ့ စမ်းချောင်းလို အတန်းလိုက် တရွေ့ရွေ့ သွားကြတာကို တွေ့ရပါတယ်။

လမ်းပေါ်မှာ ပုရွက်ဆိတ်တွေများလာတဲ့အခါ တခြားပုရွက်ဆိတ်တွေ အသွားအလာအနှောက်အယှက်မဖြစ်အောင် ၎င်းတို့ရဲ့ အသွားနှုန်းကို ထိန်းကြတယ်ဟု စာရေးသူရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ထို့အပြင် ပုရွက်ဆိတ်တွေဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းကို ကျော်လွန်မသွားတာလည်း တွေ့ရပါတယ်။

ဒါတွေဟာ လူသားတွေအတွက် သင်ခန်းစာတွေလား

မျက်မှောက်ခေတ်လူနေမှုဘဝရဲ့ မဖြေရှင်းနိုင်သော ပဟေဠိများအနက် ယာဥ်ကြောရှုပ်ထွေးမှု ပြသာနာများဟာ ကျွန်ုပ်တို့ မောင်းနှင်မှုအလေ့အထတွေကို ကောင်းမွန်စွာ ထိန်းညှိနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်ပါတယ်။

ကျွန်ုပ်တို့အနေနဲ့ အလုပ်သွားအလုပ်ပြန်အချိန်တွေမှာ ယာဥ်ကြောပိတ်ဆို့မှုကို နေ့စဥ်နဲ့အမျှ ကြုံတွေ့နေရပါတယ်။

လမ်းပေါ်မှာ ကားအနည်းငယ်သာ ရှိတဲ့အချိန် ကားမောင်းရတာဟာ ပျော်စရာကောင်းပါတယ် ၊ ဒါပေမဲ့ လမ်းကြောင်း ပြောင်းလိုက်ရင် အရှိန်နည်းနည်း ရှိတာကို တွေ့ရပါတယ်။

ဒါကြောင့် ဖြည်းဖြည်းပုံမှန်ဘဲ မောင်းသင့်ပါတယ်။ ဒါပေမဲ့ စိတ်မရှည်တဲ့ ကားမောင်းသမားတွေက လမ်းရှင်းတဲ့အခါ ရှေ့ကားနောက်မှာ နီးကပ်စွာကပ်လိုက်ခြင်း၊ အဆက်မ​​ပြတ် ပြိုင်မောင်း၍ ကျော်တက်ခြင်း တို့ပြုလုပ်လေ့ရှိကြပါတယ်။

၎င်းဟာ ထိုယာဥ်မောင်းကို အချိန်ပို မကုန်စေပေမယ့် လမ်းကြောင်းကိုတော့ ပိုမိုရှုပ်ထွေးစေပါတယ်။

စာရေးဆရာတွေက ”လူသားတွေဟာ ကိုယ်ပိုင်ရည်မှန်းချက် အလုပ်နေရာများကို သွားလာလှုပ်ရှားကြရင်း ယာဥ်ကြောပိတ်ဆို့မှုတွေဟာ နေရာအနှံ့ ကြုံတွေ့နေကြရတယ်” ဟု ဆိုပါတယ်။

ဆန့်ကျင့်ဘက်အနေနဲ့ ပုရွက်ဆိတ်တွေရဲ့ ရည်မှန်းချက်တစ်ခုထဲ ရှိပါတယ်။ အုပ်စုလိုက် အသက်ရှင်နေထိုင်ဖို့ စားနပ်ရိက္ခာတွေ ရရှိအောင် ပူးပေါင်း ဆောင်ရွက်ကြတာဘဲ ဖြစ်ပါတယ်။

သုတေသီတွေက အဝေးပြေးလမ်းမကြီးများကို ချဲ့ထွင်ခြင်းကဲ့သို့သော အခြေခံတည်ဆောက်သည့် စီမံကိန်းတွေဟာ ကျွန်ုပ်တို့လူသားတွေကို ယာဥ်ကြောပိတ်ဆို့မှုဘေးမှ မလွတ်မြောက်စေနိုင်ဘူး ဟု ဆိုပါတယ်။

လမ်းပေါ်မှာ တခြားလူတွေဘယ်လောက်ရှိနေပါစေ ကိုယ်ရဲ့အလုပ်ပြီးမြောက်ဖို့ အလျင်စလိုလှုပ်ရှားသွားလာနေသရွှေ့ ကျွန်ုပ်တို့ဟာ ယာဥ်ကြောပိတ်ဆို့မှုနှင့် အမြဲရင်ဆိုင်ကြုံတွေ့နေရမှာဘဲ ဖြစ်ပါတယ်။

အမှန်တကယ်တော့ သွားလာလို့ရတဲ့ နေရာ နည်းတာကလည်း ကောင်းတဲ့အရာ ဖြစ်နိုင်ပါတယ်။

ဒါဟာကျွန်ုပ်တို့ သီးခြား သွားလာလှုပ်ရှားဖို့ ရွေးချယ်မှု နည်းသည့်အတွက် ပုရွက်ဆိတ်တွေလို စနစ်တကျ သွားလာလှုပ်ရှားမှုကို အခြေခံပြီး စည်းကမ်းတကျ သွားလာကြလျှင် အနည်းနဲ့အများတော့ ယာဥ်ကြောပိတ်ဆို့မှုမှ ကင်းဝေးစေမှာ အမှန်ဘဲဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *