ကမ္ဘာပျက်ကပ်ဘေးအတွက် အားနည်းနေသေးသည့် ပြင်ဆင် မှုများ

Article Science

ဆူမားရီယန်းလူမျိုးတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောကြတဲ့ Nibiru ဂြိုဟ်ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာကြီးကို နိဂုံးချုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

အစက ဒီကပ်ဆိုးကြီးကို ၂၀၀၃ ခုနှစ် မေလမှာ ဖြစ်ပျက်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ဘာမှမဖြစ်ခဲ့တဲ့အတွက် ထိုအချိန်ကို ထပ်ရွှေ့ခဲ့ပါတယ်။

ဒီလို ခန့်မှန်းချက်တွေဟာ ရှေးဟောင်း မာယာလူမျိုးများ၏ ပြက္ခဒိန်မှ စက်ဝန်းများကို အခြေခံထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအခါမှတော့ ဒီလို ကမ္ဘာပျက်ခြင်း ခန့်မှန်းချက်တွေဟာ hoax လို့ခေါ်တဲ့ ဖိန့်လုံး လှိမ့်လုံးတခုသာ ဖြစ်တယ်ဆိုတာကို သိရှိကြပြီး ဖြစ်ပါတယ်။

သို့ပေမယ့် ကမ္ဘာဟာ ဆိုလာမုန်တိုင်းများ၊ ဧရာမ မီးတောင်ကြီးများ၊ ဂြိုဟ်သိမ်များ၊ နျူကလီးယား စစ်ပွဲ၊ ရာသီဥတု ပြောင်း လဲမှုနှင့် ဇီဝအင်ဂျင်နီယာဆိုင်ရာ ကပ်ရောဂါ များမှ ထွက်ပေါ်လာနိုင်သည့် ကမ္ဘာပျက် သီအိုရီများကို အမြဲကြုံတွေ့နေရပါတယ်။

အဆိုးဆုံး အခြေအနေများကို ထည့်သွင်းစဉ်းစားထားခဲ့

မည်သို့ပင် ဖြစ်စေကာမူ ကမ္ဘာပျက်ကပ်များဟာ မည်မျှ အသံထွက်လာပါစေ ၎င်းတို့ဟာ စိတ်ကူးယဉ် အဖြစ်သာ စဉ်းစားကြပြီး သိပ္ပံနည်းပညာအရ အရေးမပါဘူးလို့ ယူဆခဲ့ပါတယ်။

တကယ်တော့ ကမ္ဘာပျက် ကပ်ဘေးများဟာ လူ့အဖွဲ့အစည်း၏ တိုးတက်မှုကို နှောင့်နှေးစေပြီး လူ သန်းပေါင်း ထောင်ချီ ကွယ်ပျောက်သွားနိုင်ပါတယ်။

နောက်ဆုံး သက်ရောက်မှုတခု ဖြစ်တဲ့ လွန်ခဲ့သည့် နှစ်ပေါင်း ၆၅ သန်းလောက်က အဖြစ်အပျက်ဟာ ဒိုင်နိုဆောများ မျိုးသုဉ်း ပျောက်ကွယ်သွားသည်အထိ ကြီးမားခဲ့ပါတယ်။

အောက်စ်ဖို့တက္ကသိုလ်၏ အနာဂါတ် လူသားများဆိုင်ရာ အင်စတီကျုမှ ကပ်ဘေးဆိုင်ရာ သုတေသီ Anders Sandberg ကတော့ ၎င်းနှင့် ပတ်သက်ပြီး သုတေသန အနည်းငယ်ပဲရှိတယ်လို့ ဆိုပါတယ်။

သိပ္ပံစာတမ်းများကို စစ်ဆေးပြီးနောက် “လူသားများ မျိုးသုဉ်နိုင်မှုကို လေ့လာတာထက် နွားချေးပိုးထိုးကောင်တွေ၏ မျိုးပွားခြင်းဆိုင်ရာ သိပ္ပံစာတမ်းတွေကတောင် ပိုများနေပြီး ကျွန်တော်တို့ရဲ့ ဦးစားပေးမှုတွေက အနည်းငယ်လွဲနေနိုင်တယ်” လို့ ၎င်းက ပြောပါတယ်။

လေ့လာမှုများ

တကယ်လို့ ကမ္ဘာပျက်ကပ်တခု ဖြစ်ပေါ်လာမယ်ဆိုရင် လူသားမျိုးနွယ်ကို ဘယ်လိုတွေ ကယ်တင်နိုင်မလဲဆိုတာ စဉ်းစားစရာတွေ အများကြီးပါ။

လေ့လာမှု တခုက အကြံပေးထားတဲ့ နည်းလမ်းတခုကတော့ လုံခြုံတဲ့ ခိုလှုံရာ နေရာတခုကို ထူထောင်ခြင်း ဖြစ်ပါတယ်။

ဒီလို နေရာဟာ ကျွန်းတကျွန်းပေါ်မှာ သို့မဟုတ် ဝေးကွားတဲ့ ရေအောက် ဒါမှမဟုတ် လရဲ့ မျက်နှာပြင်ပေါ်မှာ ဖြစ်နိုင်ပြီး လူ သားမျိုးနွယ် အနည်းစုတော့ ခိုအောင်းနိုင်မှာပါ။

Risk Analysis ဂျာနယ်မှ ဖော်ပြခဲ့သည့် သိပ္ပံစာတမ်း တခုမှာတော့ ယခု ဖြစ်ပွားခဲ့သည့် ကပ်ရောဂါဟာ ခိုလှုံစရာ လိုအပ် မည့် အယူအဆဖြစ်ပြီး ပထဝီအနေအထားအရ သီးခြား သို့မဟုတ် ထူးခြားသည့် နေရာ မလိုအပ်ကြောင်း အကြံပြုထားပါတယ်။

စာတမ်းကို ရေးသားသူများ ဖြစ်သည့် ဝါရှင်တန်မှ ပထဝီဝင်ပညာရှင်နှင့် ကမ္ဘာ့ကပ်ဘေးဆိုင်ရာ ထိခိုက်နိုင်မှုဆိုင်ရာ အင်စတီကျုမှ အမှုဆောင် ညွှန်ကြားရေးမှူး Seth Baum နှင့် Tasmania တက္ကသိုလ်မှ ပထဝီဝင်ပညာရှင် Vanessa Adams တို့က

တရုတ်နှင့် အနောက် ဩစတေးလျတို့အနေဖြင့် ကပ်ရောဂါ ကာလ ပထမ ၂ နှစ်အတွင်း ဘယ်လိုမျိုးနှင့် ဘာ့ကြောင့် လူများ ခိုလှုံရန် နေရာများ အောင်မြင်စွာ ဖန်တီးခဲ့တာကို ဖော်ပြခဲ့ပါတယ်။

ခိုလှုံရာ နေရာအဖြစ် ကောင်းမွန်သည့် ကျွန်းနိုင်ငံများ

၂၀၂၀ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ တရုတ်တွင် ခန့်မှန်းခြေ လူ ၁ သိန်းမှာ ၁,၃၅၈ ယောက်သာ ဖြစ်ပွားခဲ့သည့်အတွက် အတော်လေး နည်းပါးခဲ့ပါတယ်။

ကျွန်းနိုင်ငံများဖြစ်သည့် အိုက်စလန်း ဩစတေးလျနှင့် နယူးဇီလန်ကဲ့သို့ နိုင်ငံများဟာ ပထမ ကပ်ရောဂါ ၉ လအတွင်းမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။

ပထဝီဝင် အနေအထားအရ သီးခြားခွဲထားခြင်း

ကပ်ရောဂါ၏ ၂ နှစ်နီးပါးကြာ ကာလအတွင်း လေ့လာမှုတွင် ပထဝီဝင်အရ သီးခြား ခွဲနေတာဟာ ကပ်ရောဂါအတွက် ခိုလှုံရာအဖြစ် မရှိမဖြစ် လိုအပ်နေတာကို ဖော်ပြနေပါတယ်။

“တရုတ်ဟာ အလွန်ရှင်းလင်းတဲ့ ကိစ္စရပ်တခုပါ။ ကမ္ဘာ့အရှည်ဆုံး ကုန်းမြေ နယ်နိမိတ်ကို ပိုင်ဆိုင်ထားပေမယ့် အောင်မြင်ခဲ့တယ်” လို့ Baum က ဆိုပါတယ်။

စာတမ်းတွင် Baum နှင့် Adams တို့ဟာ တရုတ်နှင့် အနောက်ဩစတေးလျကြား ကွဲပြားမှုနှင့် ဆင်တူမှုများကို ဆန်းစစ်ထားပါတယ်။

တရုတ်ဟာ အာဏာရှင်ဆန်သည့် စုပေါင်းဝါဒီ နိုင်ငံဖြစ်ကာ လူဦးရေ ထူထပ်ပြီး အနောက်ဩစတေးလျကတော့ ဒီမိုကရက်တစ်ဆန် ကမ္ဘာ၏ အစွန်အဖျားတွင် ရှိကာ လူဦးရေ ကျဲပါးပါတယ်။

သို့ပေမယ့် တရားစီရင်ပိုင်ခွင့်များမှာတော့ နှစ်နိုင်ငံဟာ ဆင်တူပြီး ဗဟိုချုပ်ကိုင်မှု မြင့်မားကာ ပထဝီဝင်အရ သီးခြားနေနိုင်ရန် မြင့်မားသည့် စွမ်းရည်များ ရှိနေကြပါတယ်။

စီပွားရေးကို ထိန်းထားနိုင်

ဒေသနှစ်ခု စလုံးတွင် ပေါင်းစည်း ညီညွတ်မှု အားကောင်းပြီး ကပ်ရောဂါ ပြန့်ပွားမှုကို ရှောင်ရှားနိုင်ရန် လှုံ့ဆော်မှုများ အ တော်လေး လုပ်ဆောင်နိုင်ခဲ့ပါတယ်။

တရုတ်နှင့် အနောက် ဩစတေးလျ တို့ဟာ ကမ္ဘာ့ ကပ်ရောဂါ ကာလ တလျှောက်လုံးတွင် ပြင်ပနေရာများနှင့် ကျယ်ကျယ် ပြန့်ပြန့် ကုန်သွယ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ကပ်ဘေးမှ ဒုက္ခသည်များဟာ ထိုကာလအတွင်း ပြင်ပလူဦးရေအတွက် မြင့်မားသော စီးပွားရေး အထောက်အပံ့ကို ပေးစွမ်းနိုင်တယ်လို့ အကြံပြုထားတာကြောင့် အရေးကြီးသော အချက်ဖြစ်တယ်လို့ Baum မှ ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် ဒီလို သင်္ခန်းစာများမှ တဆင့် အနာဂါတ် ကပ်ဘေးများတွင် အသုံးချဖို့အတွက် နည်းလမ်းများကို လေ့လာမှုမှ ထောက်ပြ နိုင်ခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *