ဘီလျံနာသူဌေးကြီး ရစ်ချတ်ဘရန်ဆန်၏ အာကာသယာဉ် Virgin Galactic ဟာ လူတို့အား အာကာသသို့ပျံသန်းရန် အမေရိကန် လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (FAA)၏ ခွင့်ပြုချက် လိုင်စင်ရရှိခဲ့ကြောင်း သောကြာနေ့ကပြောကြားခဲ့ပါတယ်။

ဒီခွင့်ပြုချက်ကြောင့် ကုမ္ပဏီ၏ အစုရှယ်ယာဟာလည်း ၄၀% အထိမြင့်တက်ခဲ့ပြီး ဒေါ်လာ ၅၆.၄၀ အထိမြင့်တက်ခဲ့ပါတယ်။ ဒါဟာ ယခုနှစ်အတွက် ဖေဖော်ဝါရီလမှစပြီး တန်ဖိုးနှစ်ဆကျော် မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (FAA) ၏ ခွင့်ပြု အတည်ပြုချက်ဟာ ဘီလျံနာသူဌေးကြီး ရစ်ချတ်ဘရန်ဆန် အတွက်အလွန်အရေးကြီးသောအချိန်ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ သူ၏အာကာသလုပ်ငန်းဟာ Amazon.com (AMZN.O) ကိုတည်ထောင်သူ Jeff Bezos ၏ Blue Origin နှင့် Tesla Inc (TSLA.O) သူဌေး Elon Musk ၏ SpaceX တို့နှင့် ပြိုင်ဆိုင်နေရလို့ပါပဲ။
Bezos, Branson နှင့် Musk တို့ဟာ ၎င်းတို့၏ဒုံးပျံတည်ဆောက်ရေးအတွက်ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံထားကြတာပါ။
အောင်မြင်သောစမ်းသပ်ပျံသန်းမှုအပြီး တစ်လအကြာတွင် မီးစိမ်းပြမှုဟာ ဘီလျံနာသူဌေးကြီး ရစ်ချတ်ဘရန်ဆန် အတွက် ပြိုင်ဘက်ဘီလျံနာ ဘီဇို့စ်ကို နောက်ဆုံးနယ်မြေသို့ အနိုင်ရရန်အာကာသသို့ ကိုယ်တိုင်ပျံသန်းခဲ့တာပဲဖြစ်ပါတယ်။
Virgin Galactic ဟာ ပြီးခဲ့သည့် မေလက နယူးမက္ကစီကိုရှိ သူ့ရဲ့ နေအိမ်ဆိပ်ကမ်းမှ ပထမဆုံး လူလိုက်ပါတဲ့ အာကာသယာဉ် ခရီးစဉ် စမ်းသပ်မောင်းနှင်မှုကို ပြီးဆုံးခဲ့ပါတယ်။
၎င်း အာကာသခရီးသည်တင်ယာဉ် SpaceShipTwo ယာဉ်ဟာ ခရီးသည်ခြောက်ဦး လိုက်ပါနိုင်သည့်ယာဉ်ဖြစ်ပြီး လေယာဉ်မှူးနှစ်ဦး နှင့်အတူ လေယာဉ်ပြေးလမ်းတစ်လျှောက်လုံခြုံစွာနဲ့ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။
ကုမ္ပဏီအနေဖြင့်လည်း မိနစ် ၉၀ အတွင်း ပျံသန်းမှုအတွက် ကြိုတင် မှာကြားမှုပေါင်း ၆၀၀ ကျော်ရှိသည်ဟုခန့်မှန်းထားပါတယ်။

Virgin Galactic ၏ အမှုဆောင်အရာရှိချုပ် Michael Colglazier က “ဒီနေ့ FAA ရဲ့အတည်ပြုချက်ဟာ ဒီနှစ်နွေရာသီမှာပထမဆုံးအကြိမ်စမ်းသပ်မောင်းနှင်နိုင်တဲ့ပျံသန်းမှုနှင့်အတူ ရှေ့ဆက်သွားနိုင်ဖို့အတွက် ကျွန်တော်တို့ကို ပိုမိုယုံကြည်မှုရှိလာပါတယ်” ဟုပြောကြားခဲ့သည်။
သောကြာနေ့မွန်းလွဲပိုင်းအထိ ကုမ္ပဏီ၏စတော့ရှယ်ယာဟာလည်း ငါးလနီးပါးတွင်း တစ်ရက်အမြင့်ဆုံးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။