wing-in-ground လို့ခေါ်တဲ့ ရေပေါ်တွင် လျှပ်ပြီး ပျံသန်းနိုင်တဲ့ နည်းပညာသုံး အနာဂါတ်ရေကြောင်း သင်္ဘောအသစ် တစ်စင်းကို တီထွင်လျက်ရှိပြီး ဒါဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။
ဒီရေယာဥ် ဟာ မြေပြင် မှ သက်ရောက်မှုကို အသုံးပြု၍ ရေကြောင်းပေါ်မှာ လျှပ်ကာ ပျံသန်းနိုင်သည့်အတွက် လေယာဥ်တစ်စင်းနဲ့ တူသော်လည်း သမားရိုးကျ လေယာဥ်ကဲ့သို့ လွတ်လပ်စွာ မပျံသန်းနိုင်သောကြောင့် ၎င်းကို သင်္ဘော တစီး ဟုသာ ယူဆလို့ရကြောင်း RDC Aqualines က ရှင်းပြပါတယ်။

ဒီကန့်သတ်ချက်တွေကြောင့် သင်စိတ်မပျက်ပါနဲ့။ Aqua လို့ခေါ်တဲ့ ဒီသင်္ဘောမှာ ဂုဏ်ယူဝံ့ကြွားစရာ ကောင်းတဲ့ အင်္ဂါရပ်များစွာရှိပါတယ်။
ပထမဆုံးအနေဖြင့် ၂၂.၅ မီတာ(၇၄ ပေ)သာရှည်သောကြောင့် ခရီးသည် ၁၂ ယောက် နှင့်လေယာဉ်မှူး နှစ်ဦး အထိ လိုက်ပါစီးနင်းရန် အထူးသင့်လျော်ပါတယ်။
အဆိုပါ သင်္ဘောဟာ ခရီးသွားများအတွက် သင့်တော်သော တာတို ခရီးတိုများစီးနင်းရာတွင် အသုံးပြုရန် တည်ဆောက်ထားပါတယ်။
Autoevelotion ရဲ့ အဆိုအရ ဒီသင်္ဘောဟာ အမြင့်ဆုံးအမြန်နှုန်း 200 kph (125 mph) နှင့်တစ်နာရီ 180 kph (112 mph)ဖြင့် မောင်းနှင်နိုင်ပြီး အတက်အဆင်းအား 110 kph (68 mph) ရှိတယ်ဟု ဆိုပါတယ်။

အထင်ရှားဆုံးအချက်က ၎င်းသင်္ဘောဟာ ရာနှုန်းပြည့် လျှပ်စစ် နှင့် ဟိုက်ဒရိုဂျင် ပေါင်းစပ်ထုတ်လုပ်ထားသဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှု ဖြစ်စေတာကို တွေ့ရပါတယ်။
သင်္ဘောထုတ်လုပ်သူ RDC aqualines က သင်္ဘောကို ရေကြောင်းရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း အသုံးပြု နိုင်တယ် လို့ ဆိုထားပါတယ်။
ဒီရေယာဥ်သင်္ဘောအတွက် သူတို့ရဲ့ ဆောင်ပုဒ်က ”မြန်ဆန်တဲ့ ရေကြောင်းပို့ဆောင်ရေး ဖြစ်ရမည်။ သင်္ဘောထက် မြန်ဆန်ရမည်။ လေယာဥ်ထက်လည်း ချောမွေ့ရမည်” ဟု ဆိုပါတယ်။

မဆိုးပါဘူး။ ဒီရေယာဥ်သင်္ဘော၏ မြင်းကောင်ရေ ၆၀၀ အားရှိတဲ့ အင်ဂျင်ဟာ အမြင့်ဆုံးကီလိုမီတာ ၆၀၀ (၃၇၃ မိုင်) ကို ဝန် အပြည့်တင်ပြီး မောင်းနှင်နိုင်တာ ကိုလည်း တွေ့ရပါတယ်။
”ကျွန်ုပ်တို့ဟာ ရေကြောင်း ခရီးသည်တင် စျေးကွက်ကို တစ်ခေတ်ဆန်းစေတဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေး အတွက် အဆင့်မြင့်မြေပြင်သုံး ယာဉ်ဒီဇိုင်းတွေနဲ့ တီထွင်ခဲ့ကြတယ်။
ကျွန်ုပ်တို့ဟာ ဒီလို ပျံသန်းပြေးဆွဲနိုင်တဲ့ ရေယာဥ် တည်ဆောက် နိုင်ခြင်းဖြင့် သင်္ဘော တည်ဆောက်ရေး လုပ်ငန်းများ အကြားတွင် နှာတဖျားအသာမှာ ရှိနေပါတယ်” ဟု DesigmBoom ရဲ့ ထုတ်ပြန်ချက်၌ ကုမ္ပဏီကပြောကြားခဲ့ပါတယ်။

အဆိုပါ သင်္ဘောကို ၂၀၂၄ တွင် စတင် ရောင်းချ ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
လေယာဥ်ပုံတွေဟာ အလွန်အထင်ကြီးစရာကောင်းပြီး ကုန်ပစ္စည်းများ တင်ဆောင်မထားတဲ့ အခါမှာ လေယာဥ်အတွင်းပိုင်းဟာ ခရီးသည်တွေအတွက် အလွန်ဇိမ်ကျမှာပဲ ဖြစ်ပါတယ်။
ဒီရေယာဥ်သင်္ဘောဟာ နှစ်မျိုးစလုံးအတွက် အဆင်ပြေစေပါလိမ့်မယ်။ ဒါဟာ ကျွန်ုပ်တို့ စောင့်ကြည့်ရမယ့် ပျံသန်းပြေးဆွဲနိုင်တဲ့ သင်္ဘောတစ်စင်း ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။