ရုရှားနိုင်ငံလုပ် Iskander (SS-26 Stone) တိုက်ချင်းပစ် ဒုံးပျံစနစ် ဟာ လုံးဝကို သုံးစားမရ ဘူးလို့ အာမေးနီးယား ဝန်ကြီးချုပ် နီကိုး ပါရှင်ရန်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။
နာဂိုနိုနှင့် ကာရာဘာ့ခ် တိုက်ပွဲ စတုတ္ထမြောက်နေ့မှာ Iskander ကို အသုံးပြုမယ်လို့ ပြောကြားခဲ့တဲ့ ယခင် အာမေးနီးယား သမ္မတဟောင်း Serzh Sargsyan အား ဝန်ကြီးချုပ်က ၎င်းကဲ့သို့ တုံ့ပြန်ခဲ့ဖူးပါတယ်။
သမ္မတက ဘာလို့ အဇာဘိုင်ဂျန်ရဲ့ ရေနံနဲ့ ဓာတ်ငွေ့ အဆောက်အုံများကို မပျက်စီးခဲ့တာလည်းကို မေးခွန်းထုတ်ခဲ့ လို့ဖြစ်ပါတယ်။
ဒီမေးခွန်းကို ဝန်ကြီးချုပ်ဟာ ရုရှားဒုံးကျည်တွေဟာ အသုံးမဝင်တဲ့အပြင် အပြည့်အဝ ပေါက်ကွဲမှု မဖြစ်ခဲ့ပါဘူး။
“သူ့ကို မေးပါရစေ ဘာလို့ Iskander ဒုံးကျည်တွေဟာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပေါက်ကွဲခဲ့တာလဲဆိုတာ ဥပမာလေးနဲ့ပေါ့” ဆိုပြီး သမ္မတကို မေးခွန်း ပြန်ထုတ်ခဲ့ပါတယ်။
အာမေးနီးယားဟာ နိုဝင်ဘာ ၂၀၂၀ တုန်းကလဲ ရုရှားလုပ် Iskander တိုက်ချင်းပစ်ဒုံးပျံတွေကို အဇာဘိုင်ဂျန် စစ်ဘက် ပစ်မှတ်တွေဆီကို ပစ်လွှတ်ခဲ့ပါတယ်။
အဲဒီလို အာမေးနီးယားရဲ့ Iskander တိုက်ချင်းပစ်ဒုံးတွေ ပစ်လွှတ်ခဲ့တဲ့ ဗီဒီယိုတွေကို လူမှုကွန်ယက်တွေပေါ်မှာ မျှဝေခဲ့ကြ ပါသေးတယ်။
ဝန်ကြီးချုပ်၏ အဆိုအရ အဆိုပါ ပစ်လွှတ်မှု အားလုံးနီးပါးလောက်ဟာ ထိရောက်မှု မရှိခဲ့သည့် ပုံစံ ဖြစ်နေပါတယ်။
Iskander (နေတိုးအခေါ် SS-26 Stone) ဟာ ရွေ့လျှားနိုင်တဲ့ တာတို တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီး ၅၀၀ ကီလိုမီတာ အကွာအဝေးအထိ ပစ်လွှတ်နိုင်ပါတယ်။
Iskander စနစ်မှာ လောင်စာခဲစနစ်သုံး တစ်ဆင့်ပေါက်ဒုံးအင်ဂျင်တပ် လမ်းညွှန်ဒုံးကျည် ၂ ခု ပါဝင်ပါတယ်။ ဒီ ဒုံးကျည်တစ်ခုစီကို ပျံသန်းနေစဉ် တလျှောက်လုံး ထိန်းချုပ်နိုင်ပြီး ထိပ်ဖူးကတော့ ခွဲထုတ်လို့ မရပါဘူး။
၂၀၁၆ ခုနှစ်မှာ အာမေးနီးယားဟာ Iskander-E များကို ပထမဆုံး ဝယ်ယူတဲ့ နိုင်ငံ ဖြစ်လာပြီး နောက်နှစ် စစ်ရေးပြပွဲမှာ အသုံးပြုခဲ့ပါတယ်။
လက်ရှိမှာ ရုရှား၊ အာမေးနီးယား နှင့် အယ်ဂျီးရီးယား ၃ နိုင်ငံဟာ Iskander ဒုံးကျည်များကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။
ပိုင်ဆိုင်မှု အနေဖြင့် ရုရှားက ၁၄၈ ခု၊ အာမေးနီးယားက ၂၅ ခု နှင့် အယ်ဂျီးရီးယားက ၄၈ ခု ဖြင့် အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။
ဒီ ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ရုရှားလုပ် Iskander စနစ်များဟာ တကယ်ပဲ ယုံကြည်စိတ်ချရမှု မရှိဘူးလားဆိုတာ သံသယဖြစ်စရာပဲ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021