သင့်မှာ မွေးရာပါ သဘာဝ အနုပညာရင့်သန်မှု မရှိရင်တောင်မှ ဒါဟာ သင်လက်ရှိ တတ်မြောက်ဖို့ ကြိုးစားနေတဲ့ အနုပညာကို အနားပေးသင့်တယ်လို့ မဆိုလိုပါဘူး။
Science Daily မီဒီယာတွင် ဖော်ပြခဲ့သည့် လေ့လာမှု တခုတွင် မည်သည့် အနုပညာ ကျွမ်းကျင်မှု အဆင့်တွင်မဆို အနုပညာဟာ လူများအတွက် စိတ်ဖိစီးမှုကို သက်သာစေတယ်လို့ ဆိုပါတယ်။
Drexel တက္ကသိုလ်မှ လေ့လာမှုတွင် အနုပညာ နောက်ခံမတူသည့် အရွယ်ရောက်ပြီး လူဦးရေ ၃၉ ယောက်ကို အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး သုတေသန ပြုလုပ်ခဲ့ပါတယ်။
သုတေသနတွင် ပါဝင်သည့် သူများကို marker များ၊ စာရွက်၊ ပုံစံဖော် ရွှံ့ တုံးများ နှင့် ဖြတ်ညှပ်ကပ်ဖြင့် ပုံဖော်သည့် ပစ္စည်းများထဲမှ ၎င်းတို့ စိတ်ကြိုက် နှစ်သက်ရာကိုအသုံးပြုစေခဲ့ပါတယ်။
၄၅ မိနစ်လောက်ကြာတဲ့ အနုပညာဖန်တီးမှု ပြုလုပ်ပြီးနောက် စိတ်ဖိစီးမှုနှင့် ဆက်စပ်သည့် အဓိက ဟော်မုန်းဖြစ်သည့် cortisol အဆင့်ဟာ ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာကို တွေ့ရပါတယ်။

ဒီစမ်းသပ်မှုတွင် ပါဝင်သူများဟာ ကျွမ်းကျင်သူများနှင့် အပျော်တမ်း အဆင့် ဝါသနာရှင်များ ပါဝင်ပေမယ့် ၎င်းတို့ တတ်ကျွမ်းသည့် အဆင့်အပေါ်မူတည်ပြီး ပိုမို ထူးခြားမှုတော့ မရှိခဲ့ပါဘူး။
ရရှိခဲ့သည့် ရလဒ်များမှာတော့ တီထွင်ဖန်တီးမှုနှင့် သက်ဆိုင်သည့် ကျန်းမာရေး အကျိုးကျေးဇူးများနှင့် ပတ်သက်သော ခန္ဓာကိုယ်၏ တိုးတက်မှုများနှင့် ကိုက်ညီမှု ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါအပြင် ၎င်းတို့ဟာ ဒီလို ကုထုံးအတွက် အနုပညာဖြင့် ပြောင်မြောက်တဲ့ လက်ရာတခုရအောင် ဖန်တီးနိုင်ဖို့ မလိုအပ်ဘူးဆိုတာကို ပြသခဲ့ကြပါတယ်။
“ဒါဟာ အနုပညာကုထုံးရဲ့ အဓိက စိတ်ကူးဖြစ်တဲ့အတွက် အံ့ဩစရာတော့ မရှိပါဘူး”
“လူတိုင်းဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး အထောက်အပံ့ပေးတဲ့နေရာမှာ အလုပ်လုပ်ပါက အမြင်အာရုံ အနုပညာကို ထုတ်ဖော်ပြနိုင်ပါတယ်” လို့ စမ်းသပ်မှု ပြုလုပ်ခဲ့သည့် သုတေသနပြုသူထဲမှ တဦးဖြစ်တဲ့ Girija Kaimal က Science Daily ကို ပြောပြခဲ့ပါတယ်။
၎င်းက ဆက်ပြီး “ကျွန်တော်ဟာ အရင်က အတွေ့အကြုံရှိဖူးသူတွေအတွက် ဒီကုထုံးရဲ့ အကျိုးသက်ရောက်မှုဟာ ပိုမို အားကောင်းလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ဆက်ပြောပါတယ်။
ဒီလေ့လာမှု မပြုခင် အဖွဲ့ဟာ ရွေးချယ်ထားသည့် ပစ္စည်းများဟာ စိတ်ဖိစီးမှု cortisol အဆင့်ကို မတူညီတဲ့ လျှော့ချပေးနိုင်စွမ်း ရှိလေမလားဆိုပြီး သံသယ ရှိခဲ့ပါတယ်။
ဥပမာအားဖြင့် ရွှံမြေစေးများနှင့် marker များဟာ ဖြတ်ညှပ်ကပ် ပုံဖော်ပစ္စည်းများထက် ပိုပြီး စိတ်ဖိစီးမှု လျှော့ကျစေနိုင်မလား ဆိုတာမျိုး သံသယရှိခဲ့တာပါ။

ဒီလို သံသယရှိတာကို ထောက်ပြနိုင်မယ့် သိသာထင်ရှားတဲ့ ဆက်စပ်မှုကို မတွေ့ခဲ့ပေမယ့် မတူညီဘဲ ကွဲပြားခြားနားတဲ့ လမ်းကြောင်းတခုကိုတော့ မြင်ခဲ့ရပါတယ်။
အသက်အရွယ်ဟာ နောက်ဆုံးရလဒ်များအတွင် ကဏ္ဍတခုအနေဖြင့် ပါဝင်ခဲ့ပြီး အနုပညာဖန်တီးမှုပြီးနောက်မှာ ငယ်ရွယ်သူများတွင် အသက်ကြီးသူများထက် ဟော်မုန်းပိုမို နိမ့်စေတယ်ဆိုတာ တွေ့ရပါတယ်။
ဒါ့ကြောင့် သင်ရဲ့ စိတ်ထွက်ပေါက် တခုအနေဖြင့် အနုပညာတခုခုကို လုပ်ဆောင်သင့်ပြီး သင့်ကိုယ်သင် အနုပညာပါရမီ မပါဘူးလို့ ထင်ထားရင်တောင် အနုပညာတခုခု လုပ်နေသရွေ့ သင့်စိတ်ကို လန်းဆန်းစေနေမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။