NASA ဟာ ၎င်းရဲ့ Artemis 1 Orion အာကာသယာဉ်ကို လကမ္ဘာသို့ စေလွှတ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း

News Science

မကြာသေးမီကမှ RS-25 အင်ဂျင် စမ်းသပ်မှုတွေ အောင်မြင်ပြီးမြောက်ခဲ့တာပဲ ဖြစ်ပါတယ်။

NASA ဟာ ၎င်းရဲ့ Artemis လမစ်ရှင်တွေကို မစတင်ခင် နောက်ဆုံး ပြင်ဆင်မှုတွေ ပြုလုပ်​နေတယ်ဟု သိရပါတယ်။

အမေရိကန်အာကာသအေဂျင်စီဟာ ဖေဖော်ဝါရီ ၂၄ ရက် ကြာသပတေးနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၎င်းရဲ့ Orion အာကာသ ယာဉ် အတွက် မီးလောင်ကျွမ်းမှုတွေ မဖြစ်စေဖို့ Wet Dress Rehearsal (WDR) တွေကို လုပ်ဆောင်မှာဖြစ်ပြီး

နောက်ဆုံးအစမ်းလေ့ကျင့်မှုအပြီးမှာ လူသားတွေကို လကမ္ဘာပေါ် ပို့ဆောင်ပေးမှာ ဖြစ်ကြောင်း space .com မှာ ဖော်ပြခဲ့ပါတယ်။ Artemis 1 ကို ဧပြီလလောက်မှာ လွှတ်တင်မယ်ဟု သိထားသော်လည်း မဖြစ်နိုင်သေးပါဘူးလို့ သိရပါတယ်။

Orion Infographic/Airbus

မတ်လ 17 မှာ စမ်းသပ်ဖို့အတွက် ပြင်ဆင်ထားတဲ့ Orion နှင့် NASA ရဲ့ Space Launch System (SLS) ဒုံးပျံရဲ့ Wet Dress Rehearsal(WDR) စမ်းသပ်မှုကို ဖလော်ရီဒါပြည်နယ် Cape Canaveral ရှိ Kennedy Space Center မှာ လွှတ်တင်တာကို မြင်တွေ့ရဖွယ်ရှိပါတယ်။

ထို့နောက် မစ်ရှင်ထိန်းချုပ်မှုအ​နေနဲ့ လုပ်ဆောင်ချက်အားလုံးကို ချောမွေ့စွာလည်ပတ်နိုင်စေဖို့ အသေအချာ ပြင်ဆင်ထားပါတယ်။

ဒီဇင်ဘာလတုန်းက အင်ဂျင်ရဲ့ချို့ယွင်းချက်တစ်ခု ဖြစ်ပေါ်ပြီးနောက်ပိုင်း NASA ဟာ ၎င်းရဲ့ RS-25 အင်ဂျင်ကို မကြာသေးမီက ပြုပြင် စမ်းသပ်မှုတွေကို အောင်မြင်ခဲ့တာဖြစ်ကြောင်းလည်း ယခုလသီတင်းပတ်အစောပိုင်းတုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လာမည့် အစမ်းလေ့ကျင့်မှုအားလုံးပြီးစီးပါက Orion အာကာသယာဉ်ကို စေလွှတ်မည့် Artemis 1 အတွက် ပြင်ဆင်မှု စ တင် တော့မှာ ဖြစ်ပါတယ်။

Image: Courtesy of NASA

space. com မှ ထောက်ပြထားတဲ့အတိုင်းဆိုရင်တော့ မကြာသေးမီက နှောင့်နှေးမှု​တွေကြောင့် ယခင်စီစဉ်ထားတဲ့ ဧပြီလမှာ လွှတ်တင်ဖို့က ယခုအချိန်မှာ Artemis 1 အတွက် မဖြစ်နိုင်သေးပါဘူး။

NASA ရုံးချုပ်ရှိ စူးစမ်းရှာဖွေရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လက်ထောက်စီမံခန့်ခွဲသူ Tom Whitmesyer က”ကျွန်ုပ်တို့အနေနဲ့ မေလမှာ လွှတ်တင်နိုင်ဖို့ ကြိုးစားခဲ့သော်လည်း ပြင်ဆင်စရာတွေ အများကြီးရှိနေသေးတယ် ” ဟု သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Artemis 1 မစ်ရှင်အတွင်း အစီအစဉ်အတိုင်းသာ​ ဖြစ်မယ်ဆိုရင် NASA ဟာ Orion ယာဥ်ပေါ်မှာ လပတ်ခရီးစဥ်အတွက် အာကာသယာဉ်မှူးတွေကို စေလွှတ်မည့် Artemis 2 အတွက် ပြင်ဆင်မှာ ဖြစ်ပါတယ်။

Artemis 3 ဟာ လပေါ်သို့ ဆင်းသက်မှာ ဖြစ်ပြီး အဆိုပါမစ်ရှင်အတွက် SpaceX Starship ယာဉ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

Image: Courtesy of NASA

Artemis 3 ဟာ လကမ္ဘာသို့ ပထမဆုံး အမျိုးသမီး အာကာသ ယာဥ်မှူးကို စေလွှတ်မှာဖြစ်ပြီး လာမည့် ရာစုနှစ် အတွင်း လူသားတွေအနေနဲ့ လမျက်နှာပြင်ပေါ်သို့ ပထမဆုံးအကြိမ် ဆင်းသက်တာ ဖြစ်ပါတယ်။

အမေရိကန် အာကာသအေဂျင်စီဟာ အာကာသစူးစမ်းလေ့လာရေးအတွက် ပထမဆုံး Artemis လဆင်းသက်ခြင်းကို တံခါးပေါက်တစ်ချပ်အဖြစ် မှတ်ယူထားပါတယ်။

Artemis လဆင်းသက်ခြင်းဟာ လပေါ်မှာ အခြေကျ တည်ရှိနေနိုင်မှာဖြစ်သည့်အပြင် 2030 ခုနှစ်အတွင်း လက်ရှိအချိန်မှာ လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ မားစ်မစ်ရှင်​တွေအတွက် အစီအစဉ်​တွေကိုလည်း ဆက်လက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *