ဒီနည်းလမ်းက ထိလွယ်ရှလွယ်တက်တဲ့ လူသားတွေအတွက် ခြေတုလက်တုတွေကို ပြုလုပ်တဲ့ နေရာမှာ အဆင့်မြှင့်တင်ပေးနိုင်ပါတယ်။
သုတေသီအဖွဲ့တစ်ဖွဲ့ဟာ သက်ရှိအပင်တွေမှတစ်ဆင့် ဇီဝရုပ်ပုံသဏ္ဍာန်အတု သို့မဟုတ် အာရုံကြောဆဲလ် အတုကို ပထမဆုံးအကြိမ် ဖန်တီးလိုက်ပြီပဲ ဖြစ်ပါတယ်။
သုတေသီတွေဟာ အသားစား Venus flytrap အပင်တွေကို အသုံးပြုပြီး အော်ဂဲနစ် လျှပ်စစ် ဓာတု ထရန်စစ္စတာများမှတစ်ဆင့် ဆက်သွယ်နိုင်တဲ့ အော်ဂဲနစ်စနစ်အတုဖြင့် ဇီဝစနစ်ကို ပေါင်းစပ်နိုင်အောင် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ တီထွင်ဆန်းသစ်မှုမှာဆိုရင် အပင်ရဲ့ အရွက်တွေကို ထောင်ချောက်ထဲ အကောင်မဝင်ရောက်ဘဲ ပိတ်စေဖို့အတွက် အာရုံကြောအတုကနေ လျှပ်စစ်ကို အသုံးချစေခဲ့ပြီး လုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။

အင်ဂျင်နီယာ အာရုံကြောဆဲလ်အတုများ
Linkoping တက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့မှ ပူးပေါင်းပြီး ပုံစံတူ အော်ဂဲနစ်လျှပ်စစ်ဓာတုဆားကစ်တွေကို ပထမဆုံးတည်ဆောက်ခဲ့တဲ့ ပထမဆုံးလေ့လာမှုကို 2018 ခုနှစ်ထဲက စတင်ခဲ့တာပါ။
၎င်းတို့အနေနဲ့ N-type နှင့် p-type ပိုလီမာတွေဟာ အဖိုနှင့် အမ သတ္တိကို ပေါင်းစပ်ပြီး ဓာတ်ပစ္စည်းတွေကို အသီးသီးလုပ်ဆောင်ကြသလိုပဲ ပုံစံတူ ဖြည့်စွက်အော်ဂဲနစ် လျှပ်စစ်ဓာတု ထရန်စစ္စတာတွေဟာ အလုပ်လုပ်ပါတယ်။
ထို့နောက် အော်ဂဲနစ်ထရန်စစ္စတာတွေကို သုတေသီတွေက ပါးလွှာတဲ့ ပလပ်စတစ်သတ္တုပြားပေါ်မှာ ပုံစံတူကူးပြီး အလုပ်လုပ်နိုင်စေဖို့အတွက် ပိုမိုကောင်းမွန်အောင် ပြုလုပ်ခဲ့ပါတယ်။
ပလတ်စတစ်အလွှာ တစ်ခုတည်းမှာပဲ ထရန်စစ္စတာ ထောင်ပေါင်း များစွာဟာ အလုပ်လုပ်တာ ဖြစ်တယ်ဟု သုတေသီတွေက ဆိုပါတယ်။

Lund နှင့် Gothenburg မှ သုတေသီများနှင့် ပူးပေါင်းပြီး Nature Communications တွင်ထုတ်ဝေတဲ့ လေ့လာမှုအရ သိပ္ပံပညာရှင်တွေဟာ အာရုံကြောတွေနှင့် synapses တွေကို တုပနိုင်ဖို့ အော်ဂဲနစ် ထရန်စစ္စတာတွေကို အသုံးပြုခဲ့ကြပါတယ်ဟု ဆိုပါတယ်။
ပထမဆုံးအနေနဲ့ ကျွန်ုပ်တို့ဟာ အိုင်းယွန်းအပေါ် အခြေခံပြီး ပြောင်းလဲနိုင်တဲ့ ထရန်စစ္စတာရဲ့ စွမ်းရည်ကို အသုံးပြုပြီး အချက်ပြကြိမ်နှုန်းကို ထိန်းညှိဖို့ လုပ်ဆောင်တယ် ဟု လေ့လာမှုမှာ ပါဝင်တဲ့ ဓာတ်ခွဲခန်းမှ ဒေါက်တာ Padinhare Cholakkal Harikesh က ဆိုပါတယ်။
ခြေတုလက်တုတွေကနေ ပျော့ပျောင်းတဲ့ စက်ရုပ်တွေအထိ
ဇီဝစနစ်ကို တုံ့ပြန် တွန်းအားပေးဖို့အတွက် အချက်ပြကြိမ်နှုန်းတွေက ပံ့ပိုးပေးပါတယ်။
လေ့လာမှုအတွင်းမှာ သုတေသီတွေဟာ အာရုံကြောတွေနှင့် synapses တွေ ချိတ်ဆက်မှုဟာ Hebbian learning ဟုခေါ်တဲ့ သင်ယူမှု အမူအကျင့်ကို ပြသကြောင်းလည်း တွေ့ရှိခဲ့ကြပါတယ်။
ဇီဝဗေဒစနစ်တွေနဲ့ ချိတ်ဆက်နိုင်တဲ့ အိုင်းယွန်းအခြေခံ အာရုံကြောတုတွေကို တီထွင်ထုတ်လုပ်ထားတာဖြစ်ပြီး အော်ဂဲနစ်တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေမှာ အားသာချက် များစွာရှိပါတယ်။

၎င်းတို့ဟာ လည်ပတ်အလုပ်လုပ်ဖို့အတွက် ဗို့အားနိမ့်သာ လိုအပ်တာပါ။
ဒါတွေအပြင် ၎င်းဟာ ဗို့အားအနိမ့်သာလိုအပ်တဲ့အတွက် အပင်တွေနှင့် ကျောရိုးရှိသတ္တဝါတွေအတွက် လုံးဝ အန္တရာယ်မရှိဘူးလို့ အော်ဂဲနစ်အီလက်ထရွန်နစ်ဓာတ်ခွဲခန်းမှ ဒေါက်တာ Chi-Yuan Yang က ရှင်းပြပါတယ်။
ယခုအခါ သုတေသီတွေဟာ အာရုံကြောဆဲလ်အတုတွေကို ထိလွယ်ရှလွယ် လူခြေတုလက်တုတွေ အစားဖို့အတွက် နှင့် အာရုံကြောဆိုင်ရာရောဂါတွေ သက်သာရာရစေဖို့အတွက် သာမက အပျော့စားစက်ရုပ်တွေမှာ အသုံးပြုနိုင်ဖို့အထိ မျှော်လင့်နေပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။