အိုဆာကာတက္ကသိုလ်မှသိပ္ပံပညာရှင်များသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော Wagyu အမဲသား အစားထိုး ထုတ်ကုန်ကို ဂျပန် ကျွဲနွားများမှခွဲထုတ်ထားသော ပင်မဆဲလ်များဖြင့် ထုတ်လုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ထုတ်ကုန်ဟာ ကြွက်သားများ၊ အဆီနှင့်သွေးကြောများပါဝင်တဲ့ အသားပြားအစစ်နဲ့တူပါတယ်။ Wagyu ဆိုတာက ဂျပန်ရိုးရာနွားတစ်မျိုးပဲဖြစ်ပါတယ်။
အဆီကြောင်းများစွာ ပါဝင်မှုကြောင့် Wagyu အမဲသားဟာ ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးနဲ့ ဈေးအကြီးဆုံး အသားများထဲမှ တစ်ခုဖြစ်ပါတယ်။

Jaoan မှာ အဖြူရောင်အဆီကြောင်းသည် အမဲသားကို ၎င်းရဲ့ကြွယ်ဝတဲ့အရသာနဲ့ ကွဲပြားတဲ့အနေအထားကိုပေးတဲ့ အကြောအသားလွှာများကို ရည်ညွှန်းပါတယ်။
သက်ရှိနွားရဲ့ ကြွက်သားဆဲလ်တွေ စုဆောင်းပြီး ပြုလုပ်ထားတဲ့ အမဲသားဟာ တကယ့် အမဲသားကင်များရဲ့ ရှုပ်ထွေးတဲ့ ဖွဲ့စည်း တည်ဆောက်ပုံထက် ရိုးရှင်းတဲ့ ကြွက်သားမျှင်များရဲ့ နုပ်နုပ်စင်း ဖွဲ့စည်ပုံနှင့် ဆင်တူအောင် ထုတ်လုပ်ထားတာကြောင့် Wagyu ကို တုပထုတ်လုပ်ရတာဟာ အလွန်ခက်ခဲတဲ့လုပ်ငန်းပဲ ဖြစ်ပါတယ်။
သုတေသီအဖွဲ့ဟာ အထူးနည်းပညာကို အသုံးပြု၍ အသားရဲ့အရည်အသွေးကို ပုံတူပွားနိုင်ခဲ့ကာ ၎င်းတို့ရဲ့တွေ့ရှိချက်များသည် ကျယ်ပြန့်စွာရရှိနိုင်သော အသားများဖြင့် ပိုမိုရေရှည်တည်တံ့သော အနာဂတ်အတွက် လမ်းခင်းပေးနိုင်ပါတယ်။
သက်ရှိဆဲလ်တွေနဲ့ ပြုလုပ်ထားတဲ့ အမဲသား
သုတေသီများသည် Wagyu နွားများမှ သီးခြားဖြစ်နေသော နွားနဲ့ဆက်နွယ်တဲ့ဆဲလ်နဲ့ အဆီများသောပင်မဆဲလ်စတဲ့ ပင်မဆဲလ်နှစ်မျိုးကိုအသုံးပြုခဲ့တယ်လို့ Nature Communications ဂျာနယ်၌ ဖော်ပြသောစာတမ်းတွင် ဖော်ပြထားပါတယ်။
ထို့နောက် သုတေသီများသည် အသား၊ အဆီနှင့် သွေးကြောများအတွက် အမျှင်တစ်ခုချင်းထုတ်လုပ်ရန်လိုအပ်တဲ့ ဆဲလ်အမျိုးအစားအမျိုးမျိုးဖြစ်လာစေရန် ဆဲလ်ပေါက်ဖွားရန်သင့်တင့်တဲ့အပူချိန်မှာ ထိန်းသိမ်းထားပါတယ်။

၎င်းတို့အား Wagyu နဲ့ ပုံစံတူစေရန် 3D stack ထဲသို့ စုပုံခဲ့ပါတယ်။
ထို့နောက် သုတေသီများသည် ဂျပန်ရိုးရာ Kintaro သကြားလုံးကို ထုတ်လုပ်ရာတွင်သုံးတဲ့နည်းစနစ်ကို အတုယူထားပြီး လိုက်လျော ညီထွေ ဖြစ်အောင် ပြင်ဆင်ထားပါတယ်။
Kintaroဆိုတာက ရှည်လျားတဲ့ ပိုက်ပုံစံ ဖွဲ့စည်းထားပြီးတော့ အချပ်ကလေးတွေအဖြစ် ဖြတ်တောက်ထားတဲ့ ဂျပန်ရှေးရိုးရာသကြားလုံးပဲဖြစ်ပါတယ်။
ရှုပ်ထွေးတဲ့အသားဖွဲ့စည်းပုံအတွင်း စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ ဓာတ်ခွဲခန်းဖြစ်အမဲသားအလွှာဖြစ်စေရန် အသားပုံကို အလျားလိုက် လှီးဖြတ် ထားပါတယ်။
ဒါဟာ သိပ္ပံပညာရှင်တွေ Wagyuရဲ့ ထင်ရှားတဲ့အနေအထားကို ဘယ်လိုတုပနိုင်လဲဆိုတာပဲဖြစ်ပါတယ်။
သုတေသီများရဲ့အဆိုအရ တုပထားသော အသားဟာ တကယ့်အရာနဲ့ပိုတူပြီး အခြားရှုပ်ထွေးသော ဖွဲ့စည်း တည်ဆောက်ပုံ များကိုလည်း ဖန်တီးနိုင်ပါတယ်။
ဒီနည်းပညာကို တိုးတက်အောင် လုပ်ခြင်းဖြင့် Wagyu အမဲသားရဲ့ လှပတဲ့ အဖြူရောင် အဆီ ကြောင်းလေးတွေလို ရှုပ်ထွေးတဲ့ အမဲသားဖွဲ့စည်း ပုံတွေကို တည်ဆောက် နိုင်ရုံသာမက အဆီနှင့်ကြွက်သား အစိတ်အပိုင်းများကို သိမ်မွေ့တဲ့ ပြင်ဆင်မှုများလည်း ပြုလုပ်နိုင်ပါတယ်လို့ အကြီးတန်းစာရေးဆရာ Michiya Matsusaki က ပြောကြားခဲ့ပါတယ်။
အဖွဲ့သည် အသားထုတ်လုပ်ရန်ကုန်ကျစရိတ် (သို့) စျေးကွက်ရရှိရန် ဘယ်လောက်ကြာမယ်ကို ဖော်ပြခြင်းမရှိသော်လည်း အလားအလာကောင်းတာတော့ သေချာပါတယ်။

စျေးကွက်များအရ ဆဲလ်အခြေပြုအသားလုပ်ငန်းသည် ၂၀၂၇ တွင် ဒေါ်လာသန်း ၂၀ တန်ဖိုးရှိနိုင်ပါတယ်။
အကယ်၍ ဒီလို လုပ်ဆောင်ချက်တွေဟာ အစာထောက်ပံ့ရေး ကွင်းဆက်ကို ဝင်ရောက်နိုင်ပါက အစားထိုးကုန်ထုတ်လုပ်မှုစက်မှုလုပ်ငန်းအသွင်ကူးပြောင်းခြင်းကို နေသားကျခြင်းဟာ တစ်နေ့တွင် ကျွဲနွားများမှ အသားအရင်းအမြစ်များ လိုအပ်မှုကို ဖယ်ရှားပစ်နိုင်ပြီး အနာဂတ်တွင် အသားစားရန် ပိုမို ရေရှည်တည်တံ့တဲ့ နည်းလမ်း အသစ်တစ်ခုကို လမ်းခင်းပေးလိမ့်မှာဖြစ်ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။