အိုလံပစ် အားကစားပွဲ စိတ်ဓာတ်ဟာ လူအများဆီ ကူးစက်လာနေသည့် အမျှ နိုင်ငံတကာ အာကာသ စခန်းတွင် တာဝန်ထမ်းဆောင်နေသော အာကာသယာဉ်မှူးများဆီပင် ရောက်ရှိခဲ့ပါတယ်။
အကြောင်းကတော့ နိုင်ငံတကာ အာကာသ ယာဉ်မှူးများ ပူးပေါင်းပြီး ကိုယ်ပိုင် microgravity ကစားနည်းလို့ခေါ်တဲ့ ဆွဲအားနိမ့်တွင် ကစားသည့် ကစားနည်းများဖြင့် အာကာသ အိုလံပစ်ပွဲ ကျင်းပခဲ့တာပါ။
“ယနေ့ အိုလံပစ်ပွဲတော် တိုကျိုမှာစနေပါပြီ။ ဒါပေမယ့် ငါတို့ အရင်တပတ်ကပဲ ပထမဆုံး အာကာသ အိုလံပစ်ကို ကျင်းပခဲ့ပါတယ်” လို့ ဥရောပ အာကာသ အေဂျင်စီမှ အာကာသယာဉ်မှူးဖြစ်တဲ့ သောမတ်စ်ပီရက်စ်က ပြီးခဲ့တဲ့ သတင်းပတ်ကုန်က လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပါတယ်။

၎င်းတို့ ကျင်းပနေတဲ့ ဓာတ်ပုံများကို သောမတ်စ်ပီရက်စ်က ရိုက်ကူးခဲ့ပြီး အဆိုပါ ဓာတ်ပုံများကို Flickr ဝက်ဘ်ဆိုဒ်ပေါ်သို့ တင်ခဲ့ပါတယ်။
သောမတ်စ်ပီရက်စ်မှ “အဖွဲ့သားတွေ စည်းလုံးမှုနှင့် ပျော်ရွှင်မှု အတွက် Soyuz အဖွဲ့နှင့် နဂါးအဖွဲ့ ဆိုပြီး ချစ်ကြည်ရေး ယှဉ်ပြိုင်မှု တခုပြုလုပ်ခဲ့တယ်” လို့ ပြောပါတယ်။
ခရီးရှည်ပြေးခြင်း၊ ရေကူးခြင်း၊ စကိတ်စီးခြင်း စသည့် အားကစားများကို အတုယူပြီး အာကာသ ယာဉ်မှူးများဟာ ၎င်းတို့၏ ကိုင်ပိုင် အားကစားများကို ဖန်တီးကာ ယှဉ်ပြိုင်ခဲ့ရပါတယ်။

NASA မှ အာကာသယာဉ်မှူး မာ့ခ်ဗန်ဒီဟေး မှ ပွဲစီစဉ်သူ တဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး လွှင့်မျော့ခြင်း သို့မဟုတ် ရှည်လျှားစွာ ခုန်ခြင်း အစရှိသည့် အားကစားများကို ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ့ ပွဲ အထိမ်းအမှတ်အနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏ အလံများကိုလည်း အာကာသစခန်းအတွင်းမှာ အလှဆင်ခဲ့ကြပါသေးတယ်။
သူ့နည်းသူ့ဟန်ဖြင့် အာကာသယာဉ်မှူများ ကမ္ဘာ့အိုလံပစ်ကို ပါဝင်ကြတာဟာလည်း အထူးအဆန်း ဖြစ်နေသလို၊ စိတ်ပျော်ရွှင်စရာလည်း ကောင်းပါတယ်။
ကျွန်တော်တို့လည်း အာကာသအတွင်း ရောက်ရှိခဲ့ပါက ဒီလို နိုင်ငံတကာ အာကာသစခန်းက အိုလံပစ်ပွဲတော်ကို ပါဝင် ပျော်ရွှင်သလိုမျိုး လုပ်ဆောင်နိုင်ကြမလား၊ အိမ်ကိုပဲ လွမ်းနေမိမှာလား တွေးနေမိပါတယ်။
Knowledgeworms Copyright © 2021