ထိုင်ဝမ်၏ ပြည်တွင်းဖြစ် အဆင့်မြင့် တိုက်လေယာဉ်သစ် AT-5 Brave Eagle

Article Military

ထိုင်ဝမ်ဟာ ပြည်တွင်းဖြစ် တိုက်လေယာဉ်များကို ထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားမှ ဝယ်ယူမှုကို တတ်နိုင်သမျှ လျှော့ချကာ နိုင်ငံ့ကာကွယ်ရေး ကဏ္ဍကို မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။

မကြာသေးမီကဘဲ လေကြောင်း သရုပ်ပြမှု တခုမှာ ထိုင်ဝမ်၏ နောက်ဆုံးထုတ် တိုက်လေယာဉ်ဖြစ်တဲ့ AT-5 Brave Eagle တိုက်လေယာဉ်များကို အသုံးပြု ပြသခဲ့ပါတယ်။

ဒီတိုက်လေယာဉ်သစ်ဟာ များပြားလှတဲ့ အိုမင်းနေသည့် အမေရိကန်လုပ် တိုက်လေယာဉ်များကို အစားထိုးဖို့ ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ထိုလေကြောင်း သရုပ်ပြပွဲကို ထိုင်ဝမ်နိုင်ငံ အရှေ့ပိုင်း Taitung မြို့ အနီးရှိ Chihhang လေတပ် အခြေစိုက်စခန်းတွင် ကျင်း ပခဲ့တာ ဖြစ်ပြီး ပြပွဲအတွင်း Brave Eagle ၃ စင်းကို အသုံးပြုပြီး ပျံသန်း ပြသခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်အနေဖြင့် ၎င်း၏ စစ်လက်နက် အများစုကို အမေရိကန်မှ ဆက်လက် တင်သွင်းနေပေမယ့် မကြာသေးမီ နှစ်များ အ တွင်း လက်ရှိ သမ္မတ Tsai Ing-wen လက်ထက်မှာ ပြည်တွင်းကာကွယ်ရေး ထုတ်လုပ်မှုကို ပိုမို လုပ်ဆောင်လာပါတယ်။

၁၉၄၉ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ နိုင်ငံဟာ ၎င်း၏ အနီးကပ်ဆုံး ခြိမ်းခြောက်နေသည့် တရုတ်ပြည်မကြီး၏ ရန်ကို ကာကွယ်နိုင်ဖို့အတွက် Brave Eagle တိုက်လေယာဉ် စီမံကိန်းအပြင် ကာကွယ်ရေး အသုံးစရိတ် အများအပြားကို တိုးမြှင့်လာရပါတယ်။

F-CK-1 သို့မဟုတ် Ching-Kuo

ထိုင်ဝမ်ဟာ ၎င်း၏ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ F-CK-1 သို့မဟုတ် Ching-Kuo များကို ၁၉၈၀ နှစ်များ နှောင်းပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ စတင် အသုံးပြုလာနိုင်ပါတယ်။

ထိုစဉ်က F-16 နှင့် F-20 တို့ကို အမေရိကန်မှ ထိုင်ဝမ် နိုင်ငံကို ရောင်းချဖို့ရာ ငြင်းဆန် ခဲ့တဲ့အတွက် F-CK-1 ဆိုသည့် ပြည် တွင်းဖြစ်တိုက်လေယာဉ်ကို ထိုင်ဝမ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လေယာဉ်များ မရောင်းချခဲ့ပေမယ့် General Dynamic နှင့် Northrop Grumman, Honeywell စသည့် အမေရိကန်နှင့် ဗြိတိန် လေကြောင်းထုတ်လုပ်ရေး ကုမ္ပဏီ များစွာဟာ ဒီလေယာဉ် ဖြစ်မြောက်လာဖို့ များစွာ ကူညီခဲ့ပါတယ်။

လက်ရှိမှာ F-CK-1 ရှေ့ပြေးပုံစံ ၆ စီးအပါအဝင် ၁၃၇ စီးလောက် အထိ တာဝန် ထမ်းဆောင်နေပါတယ်။

ထိုတိုက်လေယာဉ်များဟာ ထိုင်ဝမ်၏ ပြည်တွင်းလုပ် ခရုဇ်ဒုံးကျည်များ ဖြစ်တဲ့ Wan Chien များနှင့် တွဲဖက် အသုံးပြုနိုင်ပြီး ကြီးမားတဲ့ ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။

Wan Chien ခရုဇ် ဒုံးကျည်

အဆိုပါ ဒုံးကျည်များကို စစ်ဘက်ထိပ်တန်း သုတေသနဌာနဖြစ်တဲ့ National Chung-Shun သိပ္ပံနှင့်နည်းပညာ အင်စတီကျုမှ တီထွင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဒုံးကျည်များဟာ တရုတ်နိုင်ငံ ကမ်းရိုးတန်း ဒေသများ ဖြစ်သည့် ဖူကျန်းနှင့် ကွမ်တုံ ပြည်နယ်များရှိ လေဆိပ်များနှင့် စစ်ဘက်ဆိုင်ရာ နေရာများကို ထိုင်ဝမ် တိုက်လေယာဉ်များဖြင့် ရေလက်ကြားမှ တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ မစ်ဇိုင်းဒုံးကျည်ဟာ အကွာအဝေး ၂၄၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး ယခုအခါ အကြီးအကျယ် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ အဓိက ပစ်ခတ်နိုင်တဲ့ နေရာများမှာ လေယာဉ် ကွင်းများ၊ အခြေစိုက်စခန်းများနှင့် တရုတ်နိုင်ငံအရှေ့တောင် ကမ်းရိုးတန်းရှိ တပ်များစုဝေးရာ နေရာများဖြစ်ပါတယ်။

CSIS ဒုံးကျည် ကာကွယ်ရေးစီမံကိန်း အဆိုအရ Wan Chien ဟာ အရှည် ၃.၅ မီတာရှိပြီး အချင်း ၀.၆၃ မီတာနှင့် ပစ်လွှတ်အလေးချိန်မှာ ၆၅၀ ကီလိုဂရမ် ရှိတယ်လို့ သိရပါတယ်။ ပစ်လွှတ်တဲ့အခါမှာ ဘေးတဖက်စီမှ တောင်ပံထွက်လာမှာဖြစ်ပြီး ၁.၅ မီတာရှိပါတယ်။

လမ်းညွှန်စနစ်ကို INS/GPS စနစ်များကို အသုံးပြုနိုင်ပြီး ၃၅၀ ကီလိုဂရမ်ရှိတဲ့ ထိပ်ဖူးမှာ HE ပေါက်ကွဲပြင်းထန်ပြီး သံချပ်ကာဖောက်ထွင်းနိုင်သော submunition လို့ခေါ်တဲ့ ထပ်မံခွဲထွက်နိုင်တဲ့ ပေါက်ကွဲစနစ် ပါရှိပါတယ်။ ဒီစနစ်မှာ ဗုံးအလုံးပေါင်း ၁၀၀ လောက်အထိ တပ်ဆင်ထားနိုင်တယ်လို့ သိရပါတယ်။

AT-5 Brave Eagle

လေယာဉ်သစ် ဖြစ်တဲ့ AT-5 ကိုတော့ ၂၀၂၀ ခုနှစ်မှာ ပထမဆုံး ပျံသန်းခဲ့တာကို မြင်ခဲ့ရပြီး အသံထက်မြန် အဆင့်မြင့် လေ့ ကျင့်ရေး ဂျက်တိုက်လေယာဉ် အဖြစ် သတ်မှတ်ထားပါတယ်။

AT-5 နှင့် F-CK-1 တို့ဟာ စွမ်းဆောင်ရည် ဆင်တူပြီး ပြေးလမ်းတိုမှာ ပျံသန်းခြင်း ဆင်းသက်ခြင်းများ လုပ်ဆောင်နိုင်ပါတယ်။

ဒါဟာ တရုတ်ပြည်မကြီးနှင့် စစ်မက်ဖြစ်ပွားခဲ့ပါက တိုက်လေယာဉ်များကို အဝေးပြေး လမ်းမများအား အသုံးပြုကာ အ တက်အဆင်း လုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

Image: Courtesy of 總統府/Wiki Media/CC.20

လက်ရှိ ပြသခဲ့သည့် လေယာဉ် ၃ စင်းတွင် လက်နက်များ တပ်ဆင်ထားခြင်း မရှိသေးပေမယ့် အနာဂါတ်မှာ တပ်ဆင်သွားဖို့ လုပ်ဆောင်နေပါတယ်။

Brave Eagle စီမံကိန်းဟာ ထိုင်ဝမ်၏ သက်တမ်း ကြာမြင့်နေပြီဖြစ်တဲ့ ၁၉၇၀ ခုနှစ် အစောပိုင်းကာလကတည်းက အသုံးပြုနေသည့် Northrop F-5 တိုက်လေယာဉ်များနှင့် ၁၉၈၄ ခုနှစ်က ထုတ်လုပ်ခဲ့သည့် ပြည်တွင်းဖြစ် AIDC AT-3 များကို အစားထိုးဖို့ ဖြစ်ပါတယ်။

F-5 နှင့် AT-3 များကို ယနေ့အချိန်မှာ လေ့ကျင့်ရေး အတွက် အသုံးပြုနေတာ ဖြစ်ပေမယ့် ထိုလေယာဉ်များဟာ မကြာခဏ ဆိုသလို စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေ ဖြစ်နေပါတယ်။

၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း F-5 ၃ စင်း နှင့် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း AT-3 အနည်းဆုံး ၄ စင်း ချွတ်ယွင်းမှုတွေ ကြောင့် ဆုံးရှုံးခဲံ့ရပြီး ဖြစ်ပါတယ်။

Brave Eagle စီမံကိန်းကို နိုင်ငံတွင် လေကြောင်းစက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်ပိုရေးရှင်းက ကြီးကြပ်တာ ဖြစ်ပြီး အ ကြမ်း ဖျင်းအားဖြင့် အမေရိကန် ဒေါ်လာ ၂.၃ ဘီလီယံလောက် ကုန်ကျကာ ၂၀၂၆ ခုနှစ်တွင် AT-5 Brave Eagle တိုက် လေယာဉ် ၆၂ စင်းအထိ ထုတ်လုပ်ပြီးစီးဖို့ စီစဉ်ထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *