မတည်ငြိမ်သည့် လေထုကို ရှောင်ရှားနိုင်ဖို့ လေယာဉ်တွေဟာ ပိုပြီးမြင့်တဲ့ အမြင့်သို့ ပျံသန်းရတော့မှာပဲ ဖြစ်ပါတယ်။
ရာသီဥတု ပြောင်းလဲ မှုကြောင့် ကမ္ဘာ့လေထုဟာ မြင့်တက်လာနေကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ကမ္ဘာ့ မြောက်ခြမ်းတွင် ပြုလုပ်ခဲ့တဲ့ မိုးလေဝသတိုင်းတာချက်များအရ troposphere ဟုခေါ်တဲ့ ကမ္ဘာ့လေထုရဲ့ အနိမ့်ဆုံး အလွှာဟာ ဆယ်စုနှစ် တစ်ခုလျှင် အကြမ်းဖျင်း 164 ပေ (50 မီတာ) နှုန်းဖြင့် အထက်သို့ တိုးလာနေပြီ ဖြစ်ကြောင်း Science Advances ဂျာနယ်တွင် ထုတ်ဝေခဲ့တဲ့အချက်အလက်တွေအရ သိရပါတယ်။
“ဒါဟာ လေထုဖွဲ့စည်းပုံ ပြောင်းလဲခြင်းရဲ့ မရေရာတဲ့ လက္ခဏာတစ်ခုဖြစ်တယ် ” ဟု Colorado ၊ Boulder ရှိ လေထု ဆိုင် ရာ သုတေသနဌာနမှ သိပ္ပံပညာရှင် Bill Randel က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
ဒီရလဒ်တွေက ရာသီဥတုပြောင်းလဲမှုရဲ့ တခြား အထောက်အထားတွေ အပြင် ဖန်လုံအိမ် ဓာတ်ငွေ့တွေဟာ ကျွန်ုပ်တို့ရဲ့ လေထုကို ပြောင်းလဲစေတယ်ဆိုတဲ့ သီးခြား အတည်ပြုချက်ကို ပေးဆောင်နေတာပဲ ဖြစ်ပါတယ်။

Troposphere က ကျွန်ုပ်တို့နေထိုင် ရှူရှိုက်တဲ့လေထုရဲ့ အလွှာဖြစ်ပါတယ်။
၎င်းက ပင်လယ်ရေမျက်နှာပြင်မှ ၀င်ရိုးစွန်းများအထက် 4.3 မိုင် (7 ကီလိုမီတာ) မှ အမြင့်သို့ ပျံ့နှံ့ပြီး အပူပိုင်းဒေသအပေါ် 12.4 မိုင် (20 ကီလိုမီတာ) အထိ ကျယ်ပြန့်ပါတယ်။
အပူနှင့် အစိုဓာတ် အများဆုံးပါ၀င်တဲ့ လေထု အလွှာဖြစ်တဲ့ အတွက်ကြောင့် လေထု ရာသီဥတု အပြောင်းအလဲ အများအပြား ဖြစ်ပေါ်တဲ့ နေရာလည်း ဖြစ်ပါတယ်။
ပူလာတဲ့အခါမှာ လေထုထဲတွင် ကျယ်လာပြီး အေးတဲ့အခါမှာတော့ ကျုံ့သွားတဲ့အတွက်ကြောင့် tropopause ဟုခေါ်တဲ့ Troposphere အပေါ်ပိုင်းနယ်နိမိတ်ဟာ ရာသီများ ပြောင်းလဲလာတာနှင့် အမျှ သဘာဝအတိုင်း ကျုံ့ကာ ကျယ်လာပါတယ်။
သို့သော် မြောက်လတ္တီကျု 20 မှ 80 ဒီဂရီကြားရှိ ဖိအား၊ အပူချိန်နှင့် စိုထိုင်းဆကဲ့သို့ လေထု အချက်အလက်တွေကို ခွဲခြမ်း စိတ်ဖြာပြီး GPS ဒေတာနှင့် တွဲချိတ်ကြည့်ရှုခဲ့ရာ
ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ တိုးမြင့်လာတာနှင့်အမျှ လေထုအတွင်း အပူကို ပိုစုပ်ယူနိုင်ကာ tropopause က အရင်ကထက် ပိုမိုမြင့်မားလာကြောင်း သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။

ဒါ့အပြင် တိုးနှုန်းကလည်း တိုးလာပုံရပြီး လေ့လာမှုအရ tropopause ဟာ 1980 နှင့် 2000 အကြားဆယ်စုနှစ်တွေတုန်းက အကြမ်းဖျင်း 164 ပေ (50 m) မြင့်တက်ခဲ့သော်လည်း 2001 နှင့် 2020 အကြား ဆယ်စုနှစ်တွေမှာတော့ 174 ပေ (53.3 m) အထိ တိုးလာတာကို တွေ့ရပါတယ်။
၁၉၈၀ ခုနှစ်များအတွင်း မီးတောင်ပေါက်ကွဲမှု နှစ်ကြိမ်နှင့် ၁၉၉၀ ခုနှစ်များနှောင်းပိုင်းတုန်းက ပစိဖိတ်ပူနွေးလာမှု နှင့် လူသားလုပ်ဆောင်မှုတွေကြောင့် ကမ္ဘာ့လေထုအမြင့်စုစုပေါင်း 80% တိုးလာခဲ့တယ်ဟု သုတေသီများက ခန့်မှန်းခဲ့ပါတယ်။
ကမ္ဘာ့လေထု ကျယ်ပြန့်လာတာဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် မြင့်တက်လာတဲ့ tropopause ရဲ့ တစ်ခုတည်းသော အ ကြောင်းပြချက်တော့ မဟုတ်ပါဘူး။
Stratosphere လို့ ခေါ်တဲ့ Toposphere အထက် အလွှာဟာ လူသားတွေရဲ့ အိုဇုန်းလွှာ ပျက်စီးစေသော ဓာတ်ငွေ့များကိုထုတ်လွှတ်မှုကြောင့် ကျုံ့သွားပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ၎င်းတို့ရဲ့ ထုတ်လွှတ်မှုအပေါ် ကန့်သတ်ချက်များကြောင့် အဆိုပါဓာတ်ငွေ့များရဲ့ လေထုပါဝင်မှု ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။
အပူချိန်မြင့်တက်လာခြင်းဟာ ရာသီဥတုပြောင်းလဲမှုအပေါ် ဘယ်လိုလွှမ်းမိုးသလဲဆိုတာကို သိပ္ပံပညာရှင်များက အတိအ ကျ မထုတ်ပြန်သေးသော်လည်း လေယာဉ်များကို လေထုအတွင်း အမြင့်သို့ ပျံသန်းခိုင်းစေလိုနေပါတယ်။
“လေ့လာမှုတွေအရ လူတွေက လေထုကို ပြောင်းလဲစေတဲ့ အရေးကြီးတဲ့ နည်းလမ်းနှစ်ခုကို အသုံးပြုထားတယ်” ဟု Randel က ဆိုပါတယ်။
လူ့အဖွဲ့အစည်းက အိုဇုန်းပျက်စီးစေတဲ့ ဓာတုပစ္စည်းများကို ကန့်သတ်ခြင်းဖြင့် stratosphere အခြေအနေများကို အောင် မြင်စွာ တည်ငြိမ်အောင် လုပ်ဆောင် နိုင်ခဲ့မယ်ဆိုရင် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကလည်း ကျဆင်း လာမှာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။