ဆော်ဒီအာရေဗျ နိုင်ငံဟာ ရေနံတူးစင်ကို အခြေခံပြီး အပန်းဖြေစခန်း တည်ဆောက်နေတဲ့အကြောင်း

News Tech

ကမ္ဘာ့ အကြီးဆုံး ရေနံ ထုတ်လုပ်သည့် နိုင်ငံ​တွေဟာ ရာသီဥတု ဖောက်ပြန်မှုကို ပိုမို ဆိုးရွားစေတဲ့ အချက်များ ရှိနေသော် လည်း ရေနံ တူးဖော်ခြင်း လုပ်ငန်းတွေကိုတော့ ရပ်တန့်မှာ မဟုတ်ကြပါဘူး။

ရေနံကို အကြီးအကျယ်ထုတ်လုပ်တဲ့ ​​ဆော်ဒီအာရေဗျ နိုင်ငံဟာ မကြာသေးမီက ရေနံတူးစင်တွေကို ကြည့်ကောင်းမယ့် ပုံစံ ဖြစ်စေမယ့် နည်းဗျူဟာသစ် တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

နိုင်ငံရဲ့ အများပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ဟာ ကမ်းလွန် ရေနံစင်ပုံစံ အတုယူထားတဲ့ စတုရန်းပေ ၁.၆ သန်း (စတုရန်းမီတာ ၁၅၀၀၀၀) ကျယ်ဝန်းတဲ့ THE RIG လို့အမည်ပေးထားတဲ့ ခရီးသွားလုပ်ငန်း စီမံကိန်းသစ်ကို ကြေငြာခဲ့ပါတယ်။

Image: Courtesy of THE RIG

ပါရှန်းပင်လယ်ကွေ့မှာ တည်ဆောက်ထားတဲ့ ရေနံတူးစင်ကြီး တခုဖြစ်တဲ့ THE RIG မှာ ဆိုရင် ဟိုတယ် ၃ လုံး ၊ အခန်းပေါင်း ၈၀၀ ၊ စား သောက်ဆိုင် ၁၁ ခု ၊ roller coaster ၊ ရေလွှာလျောစီး စသည့်တို့ အပြင် တခြား ဖျော်ဖြေတင်ဆက်များစွာ ပါဝင်ပါတယ်။

အဆိုပါ အရာအားလုံးဟာ ကျွန်ုပ်တို့ ကမ္ဘာဂြိုလ်ကို ရာသီဥတု အကြပ်အတည်းတွင် မပါဝင်စေဘဲ မလိုအပ်တဲ့ ညစ်ညမ်းမှု တွေကို လှုံ့ဆော်ပေး​တဲ့နေရာတွေမှာတောင် အေးဆေး ရှိကောင်း ရှိနေပါလိမ့်မယ် ဟုဆိုပါတယ်။

ရုပ်ကြွင်းလောင်စာ ကုမ္ပဏီတွေဟာ ရာသီဥတုကို ပျက်စီးစေပြီး ကမ္ဘာကြီးဟာ လူသားတွေအတွက် “Red Code” လို့ UN ကထုတ်ပြန်ထားတဲ့ အန္တရာယ် ရှိတဲ့ အနေအထားမှာ ရှိနေပါတယ်။

တကယ့်ဖြစ်ရပ်မှန်က ဆော်ဒီအာရေဗျ နိုင်ငံရဲ့ ကြိုပမ်းမှုဟာ ၎င်းတို့ရဲ့ရေနံတူးစင်များအတွက် လူထု မျက်နှာသာပေးမှုကို ခံရလိုသည့် အတွက် ဖြစ်ပါတယ်။

Image: Courtesy of THE RIG

၎င်းဟာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို ​ဘေးချိတ်ဖို့ ကြိုးစားနေတဲ့ အတွက် ကြောင့် အန္တရာယ်ရှိပါတယ်။

နိုင်ငံရဲ့ THE RIG ကို ကြေငြာတဲ့ ပုံစံက​နေ သူ့အကြောင်းကို ကျွန်ုပ်တို့ ပြောပြနိုင်မှာ မဟုတ်ပါဘူး။

THE RIG ရဲ့၀က်ဘ်ဆိုက်တွင် ၎င်းရဲ့ရည်ရွယ်ချက်တွေက ဆိုးရွားသော်လည်း ၊ ထိပ်တန်း စာရင်းဝင်နေပါတယ်။

သဘာဝ သယံဇာတတွေကို ရှာဖွေတူးဖော်ဖို့ ကမ်းလွန်စင်တွေ တည်ဆောက်ခဲ့ကြပြီး THE RIG ကတော့ အဆိုပါ စင်တွေကို နောက်တစ်ဆင့် အဆင့် တိုးမြှင့်တာဖြစ်တယ် ဟု အပန်းဖြေစခန်းရဲ့ ဝက်ဘ်ဆိုက်တွင် ကြေငြာချက်တစ်ခုအရ သိရပါတယ်။

Image: Courtesy of THE RIG

ဒါဟာ စိတ်လှုပ်ရှားစရာအသစ်တွေ ၊ အစွန်းရောက် အားကစားတွေ နဲ့ စွန့်စားမှုတွေအတွက် ရှေ့ဆောင်လမ်းပြ နေရာသစ်တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် အဲ့ဒီနေရာကို သွားရောက်လည်ပတ်ပြီး အနာဂါတ် စွန့်စားမှုတွေကို ခံစားနိုင်မည် ဟု ဆိုပါတယ်။

RIG ပတ်၀န်းကျင်ကို ရေရှည် တည်တံ့စေဖို့အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ“ ဦးဆောင် ကမ္ဘာလုံးဆိုင်ရာစံများ နှင့် အကောင်းဆုံး လုပ်ဆောင်ချက်များ” ကို လိုက်နာလိမ့်မည်ဟု ဆိုပါတယ်။

Image: Courtesy of THE RIG

THE RIG နဲ့ပတ်သတ်ပြီး အများပြည်သူကို ဖွင့်လှစ် ပြသမည့်အချိန် ဒါမှမဟုတ် ၎င်းကို တည်ဆောက်နေခဲ့ သလား ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

ဆော်ဒီအာရေဗျ နိုင်ငံ ရဲ့ အပန်းဖြေစခန်း အသစ်ဟာ ရာသီဥတု အကျပ်အတည်းကို ပိုမို ဆိုးရွားစေပြီး လုံးဝမလိုအပ်ဘဲ နှင့် ဖြုန်းတီးပစ်လိုက်သော အရာဖြစ်တယ် ဆိုတာ သံသယ ဖြစ်စရာတောင် မလိုပါဘူး။

မည်သို့ပင် ဖြစ်စေ သဘာဝ ပတ်ဝန်းကျင် ပြဿနာများဆိုင်ရာအတွက် ဆော်ဒီ၏ ထွက်ပေါက် တခု အဖြစ် ခေါင်းစဉ်တပ် ထားတဲ့ ဒီအပန်းဖြေ စခန်းကြီးကို မြင်တွေ့ရနိုင်ဖွယ်တော့ ရှိနေပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *