သြစတြေးလျ နိုင်ငံရဲ့ လူ့သက်တမ်းက ကမ္ဘာပေါ်မှာ တတိယအမြင့်ဆုံးသို့ ရောက်လာ

Health Knowledge

ယနေ့ သြစတြေးလျတွင် မွေးဖွားသည့် ကလေးတစ်ဦးဟာ အသက် ၈၄.၃ နှစ်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး မိုနာကိုနှင့် ဂျပန်နိုင်ငံတို့ပြီးလျှင် ကမ္ဘာ့တတိယမြောက် သက်တမ်း အမြင့်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။

တိုးလာရခြင်းမှာ ကပ်ရောဂါ ထိန်းချုပ်မှုနှင့် စွမ်းဆောင်ရည် မြင့်မားသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြောင့် ဖြစ်ပါတယ်။

ယခုဆိုရင် ဩစတြေးလျနိုင်ငံရှိ လူ့သက်တမ်းဟာ ကပ်ရောဂါကို စောစီးစွာ ထိန်းချုပ်နိုင်မှုကြောင့် ယမန်နှစ်က အဆင့်ခြောက်နေရာမှ ကမ္ဘာ့တတိယအမြင့်ဆုံးသို့ ခုန်တက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ယနေ့ သြစတြေးလျနိုင်ငံတွင် မွေးဖွားသည့် မိန်းကလေးတွေဟာ အသက် ၈၅.၄ နှစ်နှင့် ယောက်ျားလေးတွေက ၈၁.၃ နှစ်အထိ သက်တမ်းရှိနိုင်ကြောင်း Australian Bureau of Statistics (ABS) မှ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် အချက် အ လက်များအပေါ် အခြေခံ၍ ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ သိရပါတယ်။

အမျိုးသားနှင့် အမျိုးသမီး ပေါင်းဆိုရင် ၈၄.၃ နှစ် ပျမ်းမျှသက်တမ်း ရှိပါတယ်။

ဒါ့ကြောင့် ဩစတေးလျက ပျမ်းမျှသက်တမ်း ၈၅.၉ နှင့် ၈၄.၈ အသီးသီးရှိတဲ့ မိုနာကိုနှင့် ဂျပန်တို့ရဲ့နောက် တတိယ နေရာတွင် ရပ်တည် နေတာ ဖြစ်ပါတယ်။

ဩစတေးလျ မြင်ကွင်း

သြစတြေးလျဟာ ကပ်ရောဂါကာလအတွင်း သက်တမ်းတိုးသည့် နိုင်ငံ အနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် လျင်မြန်စွာ ခုန်တက်ခဲ့ကြောင်း ABS မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

UK နှင့် US အပါအဝင် အခြား နိုင်ငံအများစုက သိသာ ထင်ရှားစွာ ကျဆင်းသွားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံသားများက ၂၀၁၉ မှစတင်၍ ၀.၄ နှစ်သက်တမ်းတိုးလာသော်လည်း ကပ်ရောဂါရဲ့ သက်ရောက်မှုကြောင့် အလားတူ ကာလအတွင်း ကမ္ဘာ့ လူ့သက်တမ်းဟာ ၇၂.၈ မှ ၇၁.၀ သို့ ကျဆင်း သွားခဲ့ပါသေးတယ်။

အစိုးရက ၂၀၂၀ ခုနှစ် မတ်လတုန်းက နယ်စပ်ကို ပိတ်ကာ ကပ်ရောဂါကို ထိန်းချုပ်ဖို့ တင်းကျပ်တဲ့ lockdowns များကို ချမှတ်ထားတဲ့ အတွက်ကြောင့် သြစတြေးလျရဲ့ ကပ်ရောဂါ ပျက်ဆီး ဆုံးရှုံးမှုမှာ ဗြိတိန်နှင့် US ထက် ငါးပုံတစ်ပုံခန့် နည်း ပါးခဲ့ကြောင်း Timothy Adair မှ ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် နိုင်ငံရပ်ခြားမှ ပုံမှန်ခရီးသည်များ သယ်ဆောင်လာသော တုပ်ကွေးနှင့် အခြား ဗိုင်းရပ်စ်ပိုးများကြောင့် ကူးစက်မှုများကိုလည်း လျော့ကျစေခဲ့တယ်ဟု ၎င်းက ဆိုပါတယ်။

ဩစတြေးလျရဲ့ လူ့သက်တမ်း မြင့်မားခြင်းအတွက် နောက်ထပ် အကြောင်းရင်း တစ်ခုမှာ နိုင်ငံရဲ့ ကျန်းမာရေး စနစ်က “အ ခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နယ်ပယ် အများအပြားတွင် အလွန်အဆင့်မြင့်နေတယ်” ဟု Adair ကဆိုပါတယ်။

ဩစတေးလျ မြင်ကွင်း

ဒါဟာ ဩစတေးလျနိုင်ငံက ဝင်ငွေမြင့်မားတဲ့ နိုင်ငံ ၁၁ နိုင်ငံရှိ ပုဂ္ဂလိက ဖောင်ဒေးရှင်းဖြစ်သော Commonwealth Fund မှ ၂၀၂၁ ခုနှစ် အစီရင်ခံစာတွင် နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ယူကေက နံပါတ် ၉ နေရာနဲ့ အမေရိကန်က နောက်ဆုံးပါ။

သို့သော် ဩစတြေးလျရဲ့ သက်တမ်းက ၂၀၂၂ ကိုအခြေခံ၍ လာမည့် ကိန်းဂဏန်းများကို ထုတ်ပြန်သည့် အခါတွင် ကျဆင်းသွားကြောင်း Adair မှပြောကြားခဲ့ပါတယ်။

အကြောင်းကတော့ ဖေဖော်ဝါရီတုန်းက နယ်စပ်ကို ပြန်လည် ဖွင့်လှစ်ပြီး ကတည်းက နိုင်ငံ အတွင်း ကပ်ရောဂါ နှင့် တုပ်ကွေး ရောဂါကြောင့် ပျက်ဆီးမှုများ တိုးလာရခြင်းဖြစ်တယ်ဟု ၎င်းက ဆိုပါတယ်။

Adair က တချို့လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်ခဲ့ဖူးတဲ့ ပဏာမ ခွဲခြမ်းစိတ်ဖြာမှု အရ ပျမ်းမျှ သက်တမ်းဟာ ၀.၅ နှစ်လောက် ကျသွားလိမ့်မယ်ဟု ဆိုပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com