အစင်းရေ ၂၀ သာရှိသည့် B-2 Spirit ရေဒါပျောက် ဗုံးကြဲလေယာဉ်တစင်းဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ မှာ မတော်တဆမှု တခုဖြစ်ခဲ့လို့ ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ B-2 လေယာဉ်အား ပျံသန်း လေ့ကျင့်နေစဉ်အတွင်း စက်ချို့ယွင်းမှု ဖြစ်ခဲ့သည့်အတွက် အရေးပေါ် ဆင်းသက်သည့်အချိန် တွင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မစ်ဇူရီ ပြည်နယ်ရှိ Whiteman လေတပ် အခြေစိုက်စခန်း လေယာဉ်ကွင်းမှ ပျံတက်ခဲ့သည့် အဆိုပါ B-2 လေယာဉ်ဟာ အဲဒီ့နေ့ ၁၂ နာရီ မိနစ် ၄၀ လောက်မှာ စက်ချို့ယွင်းကာ ဆင်းသက်ဖို့ ကြိုစားရာ လေယာဉ်မှာ လည်ထွက်သွားခဲ့ပြီး မြက်ခင်းထဲသို့ ရောက်ရှိသွားကာ ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
အဆိုပါ လေတပ် အခြေစိုက် စခန်းရှိ အမှတ် ၅၀၉ ဗုံးကြဲလေယာဉ်အုပ်တွင် B-2 ဗုံးကြဲလေယာဉ် ၂ စင်းသာ တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

အမေရိကန်လေတပ်မှ လေယာဉ် ပျက်စီးမှု ကိုဖော်ပြဖို့ ငြင်းဆိုခဲ့ပြီး စုံစမ်း စစ်ဆေးမှုအား ပုံမှန် ရက် ၃၀ စစ်ဆေးမှုမတိုင်ခင် အပြီးသတ်နိုင်လိမ့်မယ်လို့ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေး ဌာနချုပ်မှ ပြည်သူ့ရေးရာဌာန အကြီးအကဲမှ ပြောပါတယ်။
လေယာဉ်မှူးနှင့် လက်ထောက် လေယာဉ်မှူးတို့ကတော့ ဘာမှ မထိခိုက်ခဲ့ဘူးလို့ ကနဦး သတင်းများအရ သိရပါတယ်။
B-2 Spirit ဗုံးကြဲလေယာဉ်ဟာ ကမ္ဘာပေါ်တွင် အရှားပါးဆုံး မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များထဲက အမျိုးအစား တခု ဖြစ်ပါတယ်.
၁၉၈၈ ခုနှစ်တွင် ပထမဆုံး ထုတ်ဖော်ပြသခဲ့ပြီး အဲဒီ့အချိန်က မဟာဗျူဟာမြောက် လေကြောင်းကွပ်ကဲမှု ၏ B-52 အကြီးစား ဗုံးကြဲ လေ ယာဉ် ကြီးများနေရာမှာ အစားထိုးနိုင်ဖို့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
သို့ပေမယ့် ကုန်ကျစရိတ်များ လွန်ကဲလာပြီး စစ်အေးကာလအပြီးတွင် B-2 ဗုံးကြဲလေယာဉ် ၁၃၂ စင်းအထိ ဝယ်ယူမည့် အစီအစဉ်မှ ၂၁ စင်းအထိ လျှော့ချခဲ့ပါတယ်။
၂၀၀၈ ခုနှစ်က B-2 တစင်း ဂူအမ်ကျွန်းတွင် ပျက်ကျခဲ့ရာ ပျက်စီးခဲ့သဖြင့် လက်ရှိတွင် အစင်း ၂၀ သာ ပျံသန်းတာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

လေယာဉ်ဟာ ယခုအချိန်တွင် ဘယ်လောက်အထိ ထိခိုက်ခဲ့တယ်ဆိုတာကို မသိရှိရသေးပေမယ့် လက်တလော အနေဖြင့် B-2 လေယာဉ် ၁၉ စင်းသာ တာဝန်ထမ်းဆောင်နိုင်ဦးမှာ ဖြစ်ပါတယ်။
B-2 ဗုံးကြဲလေယာဉ်များကို ၂၀၂၀ ခုနှစ်များ နှောင်းပိုင်းမှ ၂၀၃၀ ခုနှစ်များ အစောပိုင်း အတွင်းတွင် (၂၀၂၀-၂၀၃၀ ကြား) B-21 Raider ဗုံး ကြဲ လေယာဉ်သစ်များနှင့် အစားထိုးသွားမှာ ဖြစ်ပါတယ်။
B-21 ဟာ လက်ရှိ B-2 များကဲ့သို့ တောင်ပံ V ပုံစံ ရှိမှာ ဖြစ်ပြီး အရွယ်အစားဟာ B-2 ဗုံးကြဲလေယာဉ်များ၏ သုံးပုံ နှစ်ပုံ ခန့်သာ ရှိမည်ဟု အတည်ပြုပြီး ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။