အမေရိကန် Central Command မှ အမေရိကန်လေတပ်၏ နျူကလီးယား လက်နက် တင် ဆောင်နိုင်တဲ့ B-52H “Stratofortresses” ဗုံးကြဲလေယာဉ်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဒေသတွင်းလုံခြုံမှုအတွက် အမေရိကန်ကပေးထားတဲ့ ကတိကဝတ်အတိုင်း နိုင်ငံတကာတပ်များနှင့် ပူးပေါင်း ကင်းလှည့်ခဲ့တယ်လို့ အတည်ပြုပြောကြားပါတယ်။
မိတ်ဖက်နိုင်ငံများ ဖြစ်တဲ့ အစ္စရေး၊ ဆော်ဒီအာရေဗျ နှင့် ကာတာ နိုင်ငံများဟာ အမေရိကန် လေ တပ်၏ တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်များနှင့်အတူ ပျံသန်းစဉ်အတွင်း လိုက်ပါ ခဲ့ကြပါတယ်။
အစ္စရေးလေတပ်ကတော့ ဒီလိုပျံသန်းမှုဟာ အစ္စရေး လေပိုင်နက်နှင့် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးရဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ရာအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုထဲက နောက်ထက် အဆင့်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါပျံသန်းမှုမှာ အမေရိကန် B-52 ဗုံးကြဲလေယာဉ် ၂ စီးနှင့် အတူ အစ္စရေးတို့၏ F-15 တိုက် လေယာဉ် များ သွားရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်လေတပ်ဟာ အမေရိကန်နိုင်ငံ Central Command မှ တာဝန်ရှိသည့် ဒေသ အ တွင်း စစ်ဆင်ရေး လိုအပ်ချက်များ နှင့် ကိုက်ညီစေရန် နှင့် ဒေသတွင်း မိတ်ဖက် နိုင်ငံများ နှင့် လေ့ကျင့် ရန် အပြင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၏ အရေးပါမှုကို ထင်ရှားစေရန် ၎င်း၏ လေယာဉ်များနှင့် တပ်ဖွဲ့များကို လုပ်ရိုးလုပ်စဉ်အတိုင်း စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်တို့ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ၂၀၀၆ ခုနှစ်တွင် ဗုံးကြဲလေယာဉ်များကို နောက် ဆုံး တပ်ဖြန့်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ ပြန်လည် တပ်ဖြန့်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
အဓိကအားဖြင့် အရှေ့အလယ်ပိုင်း ဒေသတွင်းအရှိ အီရန်၏ နျူကလီးယား အန္တရာယ်ကြောင့် ဒီလို တပ်ဖြန့်မှု ဖြစ်စဉ်တွေ ပြန်လည် ရှိလာရတာ ဖြစ်ပါတယ်။
ယခုတစ်ခေါက် B-52 များကို တပ်ဖြန့်မှုဟာ ဒီနှစ်ထဲမှာ ၄ ကြိမ်မြောက် တပ်ဖြန့်ခြင်း ဖြစ်ပြီး သ မ္မတ ဂျိုးဘိုင်ဒင် လက်ထက်အတွင်း ဒုတိယ အကြိမ်မြောက် ပြုလုပ်လာတာ ဖြစ်ပါတယ်။
ယခုတခါ ပျံသန်းမှုမှာတော့ အီရန်ကို သတိပေးမှုအနေဖြင့် ပျံသန်းတာမျိုး ဖြစ်တယ်လို့ အမေရိကန် စစ်ဘက်က တိုက်ရိုက် ပြောသွားခြင်း မရှိပါဘူး။
သမ္မတဂျိုးဘိုင်ဒင်ဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို လက်လျှော့ပါက ယခင် ၂၀၁၅ နျူ ကလီးယား သဘောတူညီမှု ကို ပြန်လည် အသက်သွင်းဖို့ ဆန္ဒရှိကြောင်း ပြသခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်တို့ကို ပစ်မှတ်ထားနေတဲ့ အီရန် ကျောထောက်နောက်ခံ အီရတ် ရှိ လက် နက်ကိုင်များကြောင့် လက်တလောမှာ ဆက်ဆံရေးတွေ တင်းမာနေပါတယ်။
လွန်ခဲ့တဲ့လက သမ္မတ ဂျိုးဘိုင်ဒင်က ဆီရီးယားနယ်စပ် တလျှောက်မှာ လေကြောင်းတိုက်ခိုက် မှုတွေ ပြုလုပ်ဖို့ အမိန့်ပေးခဲ့ပါသေးတယ်။
Knowledgeworms Copyright © 2021