ယခုအချိန်အထိ ဉာဏ်ရည်ဉာဏ်သွေးကို မိခင်တွေထက် ဖခင်တစ်ဦးရဲ့ ဗီဇအပေါ် အခြေခံတယ်ဟု ကျွန်ုပ်တို့ ယူဆနေကြတာပါ။
သို့ပေမယ့် လေ့လာမှုအသစ်အရ ဉာဏ်ရည်ဉာဏ်သွေးဟာ မိခင်ရဲ့ X ခရိုမိုဆုန်းပေါ်တွင် မူတည်တာကို တွေ့ရှိခဲ့ရပါတယ်။
ဥာဏ်ရည်ဥာဏ်သွေး ဗီဇများဟာ မိခင်ရဲ့ X ခရိုမိုဆုန်းတွင် တည်ရှိပါတယ်။
ဒါ့ကြောင့် ဉာဏ်ရည်ထက်မြက်သောမိခင်များတွင် ဖခင်များက ဉာဏ်မမီသော်လည်း ဉာဏ်ရည်ထက်မြက်တဲ့ ကလေးများရှိကြပါတယ်။
ဒီလေ့လာမှုကို University of Cambridge က သိပ္ပံပညာရှင်တွေက ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

‘အခြေအနေအလိုက် မျိုးရိုးဗီဇ’ များဟာ ၎င်းတို့ရဲ့ မူလ အစပေါ် မူတည်ပြီး ကွဲပြားစွာ ပြုမူကြပါတယ်။
မျိုးရိုးဗီဇတွေမှာဆိုရင် မူလအစကို ခြေရာခံနိုင်စေတဲ့ ဇီဝဓာတု မှတ်စု တစ်မျိုးပါရှိတယ်။ ဒါ့ကြောင့် ၎င်းတို့ဟာ မျိုးပွားဆဲလ်များ အတွင်းမှာ ထုတ်ဖော်ပြသကြပါတယ်။
ထိုမျိုးရိုးဗီဇတွေက ဖခင်ထံမှ မျိုးရိုးလိုက်ပါက၊ ၎င်းကို ပိတ်ထားပါတယ်။ သိသာထင်ရှားတဲ့ အခြား ဗီဇများကတော့ ဆန့် ကျင်ဘက်ဖြစ်ပါတယ်။ ဖခင်ထံမှ ရောက်ရှိလာမှသာ ၎င်းတို့က အသက်ဝင်စေပါတယ်။
ယခုလေ့လာမှုအသစ်အရ မိခင်ရဲ့မျိုးဗီဇတွေဟာ သန္ဓေသားလောင်းအတွင်းရှိ ဦးနှောက်အတွင်းပိုင်းသို့ တိုက်ရိုက်ရောက်ရှိသွားကြောင်း သိရပါတယ်။
၎င်းတို့ဟာ အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်၊ သတိ၊ ခံယူချက်၊ တွေးခေါ်မှု၊ ဘာသာစကားနှင့် အသိဉာဏ်တို့တွင် အရေးကြီးတဲ့ အ ခန်း ကဏ္ဍမှ ပါဝင်ပါတယ်။

အလားတူ ဖခင်ရဲ့ မျိုးရိုးဗီဇတွေက limbic စနစ် လို့ခေါ်တဲ့ ဗီဇနှင့် စိတ်ခံစားမှုဆိုင်ရာ အာရုံကြောများ အပိုင်းသို့ သွားကြပါတယ်။
၎င်းတို့က အချင်းကို ပုံသွင်းပေးမည့် တစ်သျှူး ကြီးထွားမှုအတွက် အရေးကြီးပြီး တာဝန်ရှိပါတယ်။
သိပ္ပံပညာရှင်တွေဟာ သားအိမ် အတွင်းရှိ သန္ဓေသားမှာ အဓိက မိခင်၏ မျိုးရိုးဗီဇပါဝင် ဖန်တီးထားတာကို တွေ့ရှိ ခဲ့ကြပါတယ်။
ထို့ကြောင့်၊ မိခင်ထံမှ အမွေဆက်ခံလိုက်တဲ့အခါမှာ ဗီဇများ အသက်ဝင်လာကြောင်း သက်သေပြခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ကိစ္စဖြစ်ပြီး ဦးနှောက်ရဲ့ ပေါင်းစပ် ဆင့်ကဲဖြစ်စဉ်၏ သော့ချက်တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါမျိုးရိုးဗီဇတွေက သန္ဓေသားလောင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါက တိရစ္ဆာန်များနှင့် လူတို့ရဲ့ဘဝမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်သင့်ပါတယ်။

သုတေသီတွေက ဉာဏ်ရည်ဉာဏ်သွေးဟာ မိဘနှင့် သားသမီးကြား ဆက်ဆံရေး အရည်အသွေးနှင့် ကိုက်ညီကြောင်း အကြံ ပြုထားပါတယ်။
ဉာဏ်ရည်ဉာဏ်သွေးက မိဘနှင့် သားသမီးကြား အရည်အသွေးမြင့်တဲ့ ဆက်ဆံရေးနှင့်လည်း ဆက်စပ်နေပါတယ်။
အာရုံစူးစိုက်မှု အားကောင်းတဲ့ ကလေးတွေက ပြဿနာတွေကို ပိုမိုပြီး ဖြေရှင်းနိုင်ကြပါတယ်။ ဒါ့အပြင်၊ သူတို့က စိတ်အားထက်သန်မှုလည်း ရှိကြပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့ရဲ့မိခင်များက အမှန်တကယ်ပင် ထူးချွန်ကြတာကို သိရခြင်းမှာ ဝမ်းသာစရာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။