လူသားတွေလို အသံအနေအထားကို ပြောင်းလဲနိုင်ကြောင်း ပြသလိုက်တဲ့ ဖျံပေါက်လေးတွေ အကြောင်း

Knowledge Nature

ကျွန်တော်တို့ ကလေးတွေတုန်းက “ဂူး၊ ဂါး” ဆိုတဲ့ အသံထွက်စကားလုံးတွေကို ကန့်သတ်ထားသော်လည်း ကျွန်တော်တို့ဟာ ကျွန်တော်တို့အသံရဲ့ အသံအိုးကို ချိန်ညှိခြင်းဖြင့် အတွေးတွေဆီသို့ ပေးပို့ကာ ပတ်ဝန်းကျင်အသံတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ကြပါတယ်။

ကျွန်တော်တို့အပြင် နို့တိုက်သတ္တဝါတွေအတွက် ရှားရှားပါးပါး အင်္ဂါရပ်တစ်ခုက အသံထိန်းညှိခြင်းဖြစ်ပြီး ပင်လယ်ဖျံပေါက်ကလေးတွေက သူတို့ရဲ့ ချစ်စဖွယ်ကောင်းတဲ့ “အားဖ်” ဆိုတဲ့ အသံကို ကောင်းစွာချိန်ညှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

Wadden ပင်လယ်ရဲ့ အသံအကျယ်ဒီဂရီအမျိုးမျိုးဖြင့် အသံဖိုင်တွေကို ပင်လယ်ဖျံလေးရှစ်ကောင်ကို ပြသပြီးနောက် သုတေသီတွေဟာ ဖျံကလေးတွေက ဆူညံသံတွေနဲ့အပြိုင် မြှင့်တင်မယ့်အစား ပိုမိုပြင်းထန်တဲ့ soundscapes တွေအတွင်း သူတို့ရဲ့လေသံကို အလိုအလျောက် လျှော့သွားတာကို တွေ့ရှိခဲ့ပါတယ်။

ယခင်သုတေသနတွေက ဖျံတွေရဲ့ အသံတွေကို တုပနိုင်တဲ့ စွမ်းရည်ကို ဖော်ပြခဲ့သော်လည်း ယခုလေ့လာမှုဟာ ပေါက်စအရွယ်မှာတည်းက ချောမွတ်သော မီးခိုးရောင်တိရစ္ဆာန်တွေရဲ့ အသံပြောင်းလဲခြင်းတွေကို ပထမဆုံး လေ့လာတွေ့ရှိခြင်းဖြစ်တယ်လို့ စာတမ်းတွင် ဖော်ပြထားပါတယ်။

ဖျံပေါက်လေးတွေဟာ တိရစ္ဆာန်အများစုလို ပြုမူတယ်ဆိုရင် ဆူညံသံတွေ တိုးလာတာနဲ့အမျှ သူတို့ရဲ့ အသံတွေရဲ့ ပြင်းထန်မှုကို တိုးလာနိုင်တယ်လို့ Max Planck တက္ကသိုလ် Psycholinguistics ဘာသာမှ သုတေသီ Andrea Ravignani က ပြောကြားခဲ့ပါတယ်။

သို့သော် ဖျံတွေ ပြုလုပ်ခဲ့ရာမှာ နို့တိုက်သတ္တဝါအများစုမလုပ်နိုင်ဘဲ လူသားတွေအပါအဝင် သူတို့ရဲ့ လည်ချောင်းအသံကို ထိန်းချုပ်နိုင်တဲ့ တိရစ္ဆာန်တွေသာ လုပ်နိုင်တဲ့ ဆူညံသံကြိမ်နှုန်းအတွင်းမှ လွတ်မြောက်ရန် သူတို့ရဲ့ အသံတွေကို နှိမ့်ချလိုက်ခြင်း ဖြစ်ပါတယ်။

ကျယ်လောင်တဲ့ ပတ်ဝန်းကျင်အသံတွေကို တုံ့ပြန်ရန်အတွက် ဖျံပေါက်လေးတွေဟာ သူတို့ရဲ့ အသံကို နှိမ့်လိုက်တယ်လို့ ထင်ရသော်လည်း တကယ်တော့ အသံအတိုးအကျယ် ချိန်ညှိမှုကို ညွှန်ပြတာ ဖြစ်ပါတယ်။

ဆိုလိုသည်မှာ ဖျံကလေးတွေမှာ အသံပျော့ပျောင်းမှုရှိခြင်း သို့မဟုတ် လူသားတွေလို အသံလေသံကို ပြောင်းလဲနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။

အသံနေအသံထားကို မပြောင်းလဲနိုင်တဲ့ တိရစ္ဆာန်တွေက Lombard effect လို့ခေါ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်တဲ့ ကျယ်လောင်သောဆူညံသံတွေကို တိုက်ဖျက်ရန် ကြိုးပမ်းမှုမှာ သူတို့ရဲ့ အသံကို တုံ့ပြန်မှုအဖြစ် မြှင့်တင်လိုက်ကြပါတယ်။

တစ်စုံတစ်ဦးနဲ့ ငြင်းခုံခြင်း သို့မဟုတ် ဖရိုဖရဲဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ စကားပြောဆိုသောအခါတွင် လူသားတွေဟာ Lombard effect ကို ပြသကြပါတယ်။
သို့သော် အသံမပြောင်းနိုင်တဲ့ တိရစ္ဆာန်တွေနဲ့ မတူဘဲ လူသားတွေဟာ Lombard effect ကို ငြင်းပယ်နိုင်ပြီး ဖြစ်ပျက်နေတာကို သူတို့သိလိုက်တာနဲ့ အခြေအနေအတွက် အကောင်းဆုံး အသံနေ အသံထားကို ရွေးချယ်လိုက်ပါတယ်။

Ravignani နဲ့ သူ့အဖွဲ့ဟာ ထိုကဲ့သို့ လုပ်ဆောင်နေတဲ့ ဖျံပေါက်လေးတွေကို တွေ့ရှိခဲ့ပါတယ်။

သင်သိချင်နေလောက်မယ့် ပင်လယ်ထဲက ဖျံပေါက်လေးတွေက ဆူညံသံတွေ အများကြီးကြားမှာ သူတို့ရဲ့ လေသံကို နှိမ့်လိုက်စေဖို့ ဘာကြောင့် ရွေးချယ်ကြတာလဲဆိုတဲ့ အကြောင်းအရင်းကို စာတမ်းက အသုံးဝင်တဲ့ ရှင်းပြချက်တချို့ကို ပေးထားပါတယ်။

ပထမဦးစွာ စာတမ်းမှာ ဖျံပေါက်လေးတွေကို ဖွင့်ပြထားတဲ့ soundscapes အတုတွေက သူတို့ကို လေရိုင်းသံကို သတိရစေတယ်လို့ ဖော်ပြထားပါတယ်။

အနိမ့်သံစဉ်တွေဟာ လေထဲတွင် ပိုမိုကောင်းမွန်စွာ ပျံ့လွင့်နိုင်ပြီး ပိုကျယ်တဲ့အကွာအဝေးတွေဆီသို့ အသံတွေကို သယ်ဆောင်ရာတွင် ကူညီပေးတယ်လို့ စာတမ်းတွင် ဖော်ပြထားပါတယ်။

ဒါပေမယ့် နောက်ထပ်အကြောင်းရင်းကတော့ ဖျံပေါက်လေးတွေဟာ သူတို့ကိုယ်သူတို့ ဖော်ပြဖို့နဲ့ သူတို့ရဲ့ ပင်ကိုယ်စရိုက်ကို ပြသဖို့ နည်းလမ်းတစ်ခုအနေနဲ့ အနိမ့်သံတွေ ထုတ်လွှတ်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

သို့သော် ဖျံပေါက်တစ်ကောင်ဟာ မူမမှန်ကြောင်း သုတေသီတွေက မှတ်ချက်ပြုထားပါတယ်။

ပိုမိုကျယ်လောင်သောအသံကို ထိတွေ့တဲ့အခါ Lombard effect နှင့်အညီ သူ့ရဲ့အသံကို မြှင့်တင်ခဲ့ပြီး အခြားသူတွေက သူတို့ရဲ့အသံကို နှိမ့်ချပေးခဲ့ပါတယ်။

စာတမ်းတွင် ဤရလဒ်တွေအပေါ် အခြေခံ၍ ဖျံပေါက်လေးတွေဟာ ဆူညံသံကိုတုံ့ပြန်ရာတွင် သူတို့ရဲ့ အသံလှိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ပေးနိုင်တာကို ကျွန်တော်တို့ ချန်လှပ်ထားလို့မရနိုင်ပါဘူးလို့ ဖော်ပြထားပါတယ်။

ဖျံပေါက်လေးတွေရဲ့ အသံတွေဟာ ဘာသာစကားလေ့လာမှုတွေကို အထောက်အကူဖြစ်စေနိုင်ပါတယ်။

တိရိစ္ဆာန်တွေမှာ အသံပျော့ပျောင်းမှုရှိဖို့ရာ သူတို့ရဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ အသံထုတ်လုပ်ရေးစင်တာ သို့မဟုတ် အသံအိုးနဲ့ တစ်နည်းနည်းဖြင့် ဆက်သွယ်မှု ရှိရမယ်လို့ Ravignani နဲ့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။

လူသားတွေရဲ့ စကားပြောဆိုနိုင်စွမ်းဟာ အသံအင်္ဂါတွေကို ကောင်းစွာထိန်းချုပ်နိုင်မှုအပေါ် မူတည်ပါတယ်လို့ Ravignani က ဆိုပါတယ်။
အထူး သဖြင့် ကျွန်တော်တို့ရဲ့ အသံအိုးနဲ့ အသံကြိုးတွေပဲ ဖြစ်ပါတယ်။

“အာ” ပြောနေစဉ် သင့်လက်ကို လည်ချောင်းပေါ်တွင် တင်ထားလိုက်တဲ့အခါ ခံစားရတဲ့ တုန်ခါမှုက တစ်စက္ကန့်လျှင် အကြိမ် ၁၀၀ ခန့် တုန်ခါနေတဲ့ အသံကြိုးတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အသံထွက်လုပ်မှုအတွက် ဖန်တီးထိန်းချုပ်ခြင်းမရှိဘဲ နို့စို့အရွယ်တွင် အသံအသစ်တွေ သင်ယူခြင်းအပါအဝင် စကား ပြော ဘာသာစကားတွေ ပြောဆိုဖို့ မဖြစ်နိုင်ပါဘူး။

ဖျံလေးတွေဟာ သီဆိုနေတဲ့အခါ သို့မဟုတ် အသံထွက်ဘာသာစကားကို ပြောဆိုတဲ့အခါမှာ လူသားတွေကဲ့သို့ သူတို့ရဲ့ အသံအနေအထားကို လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိနိုင်တဲ့ အလွန်နည်းပါးသော နို့တိုက်သတ္တဝါတွေထဲမှ တစ်ခု ဖြစ်နိုင်ပါတယ်။

ဖျံတွေဟာ သူတို့ရဲ့ အသံတွေကို ဘယ်လို ချိန်ညှိကြလဲဆိုတာကို လေ့လာခြင်းဟာ လူ့စကားပြောပုံစံတွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းရန် ကူညီပေးနိုင်ပါတယ်။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရင်သွေးငယ်ရဲ့ ဗလုံးဗထွေးစကားသံတွေဟာ အဆီအငေါ်တည့်တဲ့စကားစုတွေနဲ့ အသံအားဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ အတွေးအ​ခေါ် တွေဆီသို့ ကူးပြောင်းသွားတဲ့ မှန်ကန်တဲ့ စကားတွေအဖြစ် ပြောင်းလဲသွားကြတာကို သိကြပါတယ်။

ဒါပေမယ့် ဆင့်ကဲဖြစ်စဉ်တစ်ခုလုံး ဘယ်လိုဖြစ်လာလဲဆိုတာကတော့ ဆွေးနွေးနေဆဲပါ။

သူတို့ရဲ့အသံကို ချိန်ညှိနိုင်တဲ့ အခြား နို့တိုက်သတ္တဝါတွေကို ရှာဖွေခြင်းဖြင့် ကျွန်တော်တို့ဟာ စကားလုံး တည်ဆောက်ပုံ တွေရဲ့ ဆင့်ကဲပြောင်းလဲ ဖြစ်စဥ်ကို စတင်တည်ဆောက်နိုင်ပြီး အချို့မှာ အမှန်တကယ်တွင် အတုမရှိတဲ့ လူသားတွေ မဟုတ်ကြောင်း ပြသနိုင်ပါတယ်လို့ Ravignani က ပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံး သက်ရှိဆွေမျိုးတွေဖြစ်တဲ့ ချင်ပန်ဇီတွေ နှစ်နဲ့ချီပြီးလေ့ကျင့်တာတောင် မလုပ်နိုင်တဲ့အရာကို ဖျံပေါက်လေးတွေက သူ့အလိုလိုနဲ့ လေ့ကျင့်မှုမပါဘဲ လုပ်ပြလိုက်တာက တော်တော်ကို အံသြစရာကောင်းပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.