ဘက်တီးရီးယားများဖြင့် ရေဆိုးမှ သောက်သုံးရေ ပြောင်းလဲပေးမည့် တွေ့ရှိမှု

Science Tech

၎င်းသည် ကုန်ကျစရိတ်သက်သာပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေပါတယ်။

ဘက်တီးရီးယားတွေဟာ ယေဘူယျအားဖြင့် နာမည်ဆိုးရနိုင်သော်လည်း သူတို့က တကယ်တော့ ကျန်းမာရေးနှင့်ညီညွတ်ပြီး လူ့ခန္ဓာကိုယ်အပါအဝင် နေရာအများအပြားတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။

ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို ထောက်ပံ့ခြင်းမှသည် စက်မှုနှင့် ဆေးဖက်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် အသုံးပြုခြင်းအထိ ဘက်တီးရီးယားတွေက လုပ်ငန်းဆောင်တာ အများအပြားတွင် ပါဝင်ကြပါတယ်။

အချို့သော ဘက်တီးရီးယားမျိုးကွဲတွေဟာ မသန့်ရှင်းသော ရေကိုပင် စစ်ထုတ်နိုင်ပြီး လူ့အစားအစာစနစ်အတွက် ဘေးကင်းစေပါတယ်။

Indian Institute of Technology, Banaras Hindu University (IIT-BHU) ရှိ သုတေသီအဖွဲ့တစ်ဖွဲ့မှ သိပ္ပံပညာရှင်တွေက “microbacterium paraoxydans strain VSVM IIT (BHU)” လို့ အမည်ပေးထားတဲ့ ဘက်တီးရီးယားတစ်မျိုးကို တွေ့ရှိခဲ့​ပါတယ်။

၎င်းသည် ထိထိရောက်ရောက်နှင့် ပတ်ဝန်းကျင်ကို အန္တရာယ် မဖြစ်စေသော နည်းဖြင့် ရေမှ အဆိပ်ရှိသော hexavalent chromium ကို ခွဲခြားနိုင်တယ်လို့ Journal of Environmental Chemical Engineering တွင် ထုတ်ဝေထားသော သုတေသနတစ်ခုအရ သိရပါတယ်။

Hexavalent chromium ဟာ သတ္တုရည်စိမ်ခြင်း၊ ဂဟေဆော်ခြင်းနှင့် chromate painting တွေမှာ အသုံးပြုတဲ့ လေးလံသောသတ္တုအိုင်းယွန်း ဖြစ်ပါတယ်။

၎င်းကို ကင်ဆာ၊ ကျောက်ကပ်နှင့် အသည်း ချို့ယွင်းမှုနှင့် မျိုးမအောင်နိုင်ခြင်းကဲ့သို့သော လူသားတွေမှာရှိတဲ့ ကျန်းမာရေးပြဿနာတွေအတွက် အဓိကအကြောင်းအရင်းဖြစ်တယ်လို့ ပြောကြပါတယ်။

လက်ရှိ ဖြေရှင်းနည်းများနှင့် နှိုင်းယှဉ်ပါက hexavalent chromium ပမာဏအများအပြားကို ခံနိုင်ရည်ရှိသော ဒီဘက်တီးရီးယားမျိုးကွဲဟာ ရေဆိုးမှ အန္တရာယ်ရှိသော အရာတွေကို ဖယ်ရှားရာတွင် အထူး အောင်မြင်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

Hexavalent chromium ပါရှိသော ကြီးထွားမှုနည်းတွင် ဘက်တီးရီးယားဆဲလ်တွေကို မွေးမြူသောအခါ လေးလံသော သတ္တုဒဏ်ခံနိုင်မှုလမ်းကြောင်းအမျိုးမျိုးကို အစပျိုးခဲ့ကြောင်း လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

လေ့လာမှုကို ဦးဆောင်ခဲ့သူဖြစ်တဲ့ ဒေါက်တာ Vishal Mishra ၏ အဆိုအရ ဒီဘက်တီးရီးယားဟာ hexavalent chromium ကို ထိရောက်စွာ အလွယ်တကူ ဖယ်ရှားနိုင်တယ်လို့ သိရပါတယ်။

ထို့အတွက် ကျွမ်းကျင်လုပ်သား မလိုအပ်ပါဘူး။

၎င်းသည် ကုန်ကျစရိတ် သက်သာပြီး အဆိပ်အတောက် ကင်းစင်သည့် အပြင် အသုံးပြုရ လွယ်ကူပါတယ်။

ထို့အပြင် အသုံးပြုပြီးနောက်ပိုင်း ခွဲခြားခြင်းဟာ စွမ်းအင်ကြီးကြီးမားမားထည့်သွင်းစရာမလိုဘဲ Central Pollution Control Board ၏ ထုတ်လွှတ်မှုကန့်သတ်ချက်အထိ hexavalent chromium ကို ဖယ်ရှားပေးတယ်” လို Hindustan Times မှ ဖော်ပြခဲ့ပါတယ်။

နောက်ဆက်တွဲ သုတေသနပြုလုပ်ပြီး နည်းပညာကို လက်ခံကျင့်သုံးနိုင်ပါက ဒီနည်းပညာဟာ ရေကောင်းရေသန့် ရရှိရေးဟာ အထူးအခွင့်အရေးဖြစ်လာမယ့် ဒေသတွေရှိတဲ့ အိန္ဒိယကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် သက်ရောက်မှု ကြီးကြီးမားမား ရှိလာနိုင်ပါတယ်။

၂၀၅၀ ခုနှစ်တွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိမှု နည်းပါးလာပြီး ကမ္ဘာကြီးဟာ ရေအကျပ်အတည်းသို့ ဦးတည်နေသော ခန့်မှန်းချက်အချို့နှင့်အတူ ဒါဟာ ရေကို ထိရောက်စွာ သန့်ရှင်းစေရန်နှင့် မြို့များအနှံ့ လည်ပတ်စေရန် အင်ဂျင်နီယာတွေ အသုံးပြုသည့် နည်းပညာများစွာထဲမှ တစ်ခု ဖြစ်လာနိုင်ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *