နှစ်သိန်းချီ ရှင်နိုင်သည့် ဘက်တီးရီးယား များနှင့် ရှေးဟောင်း ဘက်တီးရီယား များ အန္တရာယ်

Knowledge Science

လေ့လာမှုများအရ ဘက်တီးရီးယား များဟာ ငတ်မွတ်နေရင်တောင် သက်တမ်း နှစ်ပေါင်း တစ် သိန်းလောက် အသက်ရှင် နေထိုင်နိုင်တယ်လို့ သိရှိရပါတယ်။

ဒီလို ရေခဲပြင် မှသည် နှစ်သန်းပေါင်း ၁၀၀ လောက်ရှိတဲ့ ပင်လယ်ကြမ်းပြင် အနယ်ထိုင်တဲ့ နေရာများအထိ ဘက်တီးရီးယားတွေ ဟာ ပြန် လည် ရှင်သန်နိုင်တယ်ဆိုတာ တော်တော်များများ သိပြီး ဖြစ်မှာပါ။

၎င်း ဘက်တီးရီးယားများဟာ အင်္ဂါဂြိုဟ်ပေါ်မှာတောင် အသက်ရှင် နေထိုင်နိုင်တာ သတင်းတွေ၊ မဂ္ဂဇင်းတွေထဲမှာ မကြာခဏ တွေ့ရမှာပါ။

အခု လေ့လာမှု အသစ်တခုအရတော့ အစာ မစားဘဲနဲ့တောင် ရှင်သန်နိုင်တယ်ဆိုတာပါပဲ။

အင်ဒီယားနား တက္ကသိုလ်မှ ပါမောက္ခ Jay T.Lennon မှ ပြုလုပ်တဲ့ လေ့လာမှု တခုတွင် အမျိုးအစား ၁၀၀ လောက်ရှိတဲ့ ဘက်တီးရီးယားများကို ရက် ၁ ထောင်ကျော်လောက် အစားမစားနိုင်တဲ့ ပိတ်ထားတဲ့ စနစ်ထဲမှာ ထည့်ထားခဲ့ပါတယ်။

အဖွဲ့ဟာ အဆိုပါ ဘက်တီးရီးယား များ မည်မျှ ကြာအောင် ရှင်သန်နိုင်တယ်ဆိုတာကို လေ့လာခဲ့ရာ အများစုမှာ ရှင်သန်နေဆဲ ဖြစ်တယ်ဆိုတာ တွေ့ရှိ ခဲ့ရပါတယ်။

ဘက်တီးရီးယား ကူးစက်မှုများဟာ ကုသရန် အလွန်ခက်ခဲပါတယ်။ အကြောင်းကတော့ ၎င်းတို့ဟာ ငြိမ်သက်နေတာ သို့မဟုတ် မြုံနေတာမျိုး ရှိတတ်ပြီး ဆေးယဉ်ပါးတတ်ကြပါသေးတယ်။

လေ့လာမှုအရတော့ Lennon နှင့် ယခင် ပါရဂူကျောင်းသား William Shoemaker အပါအဝင် သူ၏ အဖွဲ့ဟာ စွမ်းအင် ကန့်သတ်ထားတဲ့ ဘက်တီးရီးယား များဟာ နှစ် ၁ သိန်းလောက်အထိ ရှင်သန်နိုင်တာကို တွေ့ရပါတယ်။

“သိသာထင်ရှားတာကတော့ ဒီခန့်မှန်းချက်တွေက တိုင်းတာနိုင်တဲ့ အတိုင်းအတာထက် အများကြီး ပိုပါတယ်” လို့ Lennon က ပြောကြားခဲ့ပါတယ်.

သုတေသီများဟာ ဒီလို ရှင်သန်နိုင်တဲ့ အနေအထားဟာ ပယင်းများ၊ ဆားကျောက်ခဲများ၊ ဝင်ရိုးစွန်းရှိ နက်ရှိုင်းသော ရေခဲပြင်များ နှင့် အ နက်ရှိုင်း ဆုံး သမုဒ္ဒရာအောက်မှ နုံးများ အတွင်းမှ ပြန်လည် တွေ့ရှိပြီး ရှင်သန်လာခဲ့တဲ့ ဘက်တီးရီးယား များနှင့် လိုက်လျောညီထွေရှိတယ်လို့ ဆိုပါတယ်။

Lennon နှင့် Shoemaker တို့ဟာ ဘက်တီးရီးယား များတွင် အိပ်စက်ခြင်းကဲ့သို့ စွမ်းအင်ကို ထိန်းသိမ်းနိုင်သည့် ယန္တရားများစွာ ရှိသည်ဟု ယူဆ ထားကြပါတယ်။

အချို့ ဘက်တီးရီးယားများဟာ ၎င်းတို့၏ မရှင်သန်နိုင်တော့တဲ့ ဆွေမျိုးများ၏ စွမ်းအင်များကို ဆက်လက် အသက်ရှင်သန်နိုင်ရန် အသုံးပြုနိုင်ကြပါတယ်။

လူတွေအတွက်ကတော့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ဘက်တီးရီးယား ကူးစက်မှုဟာ ပိုမို အန္တရာယ် ကြီးထွားလာနေပြီ ဖြစ်ပါတယ်။

တကယ်လို့မှ ရှေးဟောင်း ဘက်တီးရီးယား များကို အသက်သွင်းလာနိုင်ခဲ့ရင် ကျွန်တော်တို့အတွက်ကတော့ အဲဒီ့အပေါ်မှာ အတော်လေး စိုးရိမ်ဖို့ကောင်းပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.