ကမ္ဘာ့ အကြီးဆုံး ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများထဲမှ တခုဖြစ်သည့် BAE Systems ဟာ အမေရိကန်ကြည်းတပ်အတွက် ဘက်စုံသုံး သံချပ်ကာယာဉ်သစ်များ၏ ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်တို့ဟာ ဗီယက်နမ် ခေတ်ကတည်း အသုံးပြုနေခဲ့သည့် M113 စစ်သည်တင် သံချပ်ကာယာဉ်များကို ယနေ့ခေတ် အခြေအနေများနှင့် လျော်ညီအောင် ယခုလို ဘက်စုံသုံး သံချပ်ကာယာဉ် Armored Multi-Purpose Vehicle (AMPV) များနှင့် အစားထိုးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ဗီယက်နမ် စစ်မြေပြင်တွင် M113 များကို စတင်အသုံးပြုကတည်းက အမေရိကန်တို့၏ စစ်ဘက်ဆိုင်ရာ ထိတွေ့မှုတိုင်းလောက်မှာ M113 များကို နေရာအနှံ့ ဆယ်စုနှစ် များစွာ တွေ့မြင် ခဲ့ရတာ ဖြစ်ပါတယ်။
M2 Bradley သံချပ်ကာယာဉ်များဟာ M113 များထက် အသုံးပြုမှုနှင့် စစ်ဆင်ရေးကိစ္စများတွင် များစွာ သာလွန်သော်လည်း M113 ၏ မျိုးကွဲ များကို ယနေ့အထိ ဆက်လက်အသုံးပြုနေဆဲ ဖြစ်ပါတယ်။
မည်သို့ပင် ဆိုစေကာမူ M113 သံချပ်ကာယာဉ်ကို တိုက်ခိုက်ရေးအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး မကြာသေးမီက ထုတ်လုပ်ခဲ့တဲ့ AMPV သံချပ်ကာယာဉ်တွေကတော့ စစ်သည် သယ်ယူပို့ဆောင်ရေးစွမ်းရည်မှာ သိသိသာသာ တိုးတက်အောင် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
AMPV သံချပ်ကာ ယာဉ်သစ်မှာ မျိုးကွဲ ၅ ခုဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး ၎င်းတို့မှာ အထွေထွေသုံး ယာဉ်၊ စစ်ဆင်ရေး ကွပ်ကဲယာဉ်၊ မော်တာတင်ယာဉ်၊ ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးယာဉ် နှင့် ကုသရေးယာဉ်တို့ပဲ ဖြစ်ပါတယ်။

ဒီ သံချပ်ကာယာဉ်သစ်ဟာ ယခင် မျိုးဆက်များထက် အတွင်းမှာ ၈၀% လောက် ပိုမို ကျယ်ဝန်းကာ၊ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ကာ လွတ်မြောက်နိုင်စွမ်း မြင့်မားပါတယ်။
အအေးပေးစနစ်နှင့် လျှပ်စစ်စနစ်များကို လက်ရှိနှင့် အနာဂါတ် အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ရန် ယခင်ထက် ပိုမိုကောင်းမွန်အောင် တပ်ဆင်ထားပါတယ်။
BAE Systems ဟာ လက်ရှိမှာ အဆိုပါ သံချပ်ကာယာဉ် မျိုးကွဲ ၅ ခုအတွက် အနည်းဆုံး တမျိုးလျှင် တစီးစီဖြင့် ဖြည်းဖြည်းချင်း တည်ဆောက်နေပါတယ်။
BAE Systems မှ AMPV စီမံကိန်း၏ ညွှန့်ကြားရေးမှုး ဘီလ်ရှီဟီက “AMPV မျိုးကွဲယာဉ်များအားလုံးဟာ စစ်မြေပြင်မှာ ပြိုင်ဘက်ကင်းတဲ့ စွမ်းဆောင်ရည်ကို ယူဆောင်လာမှာဖြစ်ပြီး တပ်ဖွဲ့များအား ကာကွယ်မှုနှင့် လွတ်မြောက်နိုင်မှုကို ပြသပြီး ဖြစ်သလို အနာဂါတ်အတွက်လဲ ပြင်လွယ် ပြောင်းလွယ်ကာ အဆင့်မြှင်တင်နိုင်ပါတယ်” လို့ပြောပါတယ်။

ဒီလို သံချပ်ကာယာဉ်သစ်များကို တည်ဆောက်မှုဟာ ဆယ်စုနှစ် ၂ စုကျော်အတွင်း အမေရိကန် ကြည်းတပ်အတွက် ပထမဆုံးပဲ ဖြစ်ပါတယ်.
လွတ်မြောက်နိုင်စွမ်း မြင့်မားပြီး ရွေ့လျားနိုင်တဲ့ ဒီ သံချပ်ကာ မျိုးကွဲယာဉ်များဟာ M113 များကို အစားထိုးနိုင်ဖို့ အလွန်အရေးကြီးသည့် လိုအပ်ချက်တွေဖြစ်တဲ့ သိသိသာသာ တိုးတက်လာတဲ့ စွမ်းဆောင်ရည်၊ ရွေ့လျားနိုင်မှု၊ အချက်အလက်မျှဝေလုပ်ဆောင်နိုင်မှုနှင့်
လွတ်မြောက်နိုင်စွမ်းတို့ကို သံချပ်ကာ တိုက်ခိုက်ရေးအဖွဲ့အတွက် ယခင်သံချပ်ကာယာဉ်မျိုးကွဲများထက် ကို ဖြည်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021