NASA ဟာ ၎င်းရဲ့ သိပ္ပံဆိုင်ရာ မိုးပျံပူဖောင်း လွှတ်တင်ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်း အနေဖြင့် နှစ်စဉ် မိုးပျံ ပူဖောင်း မစ်ရှင် ၁၀ ခုမှ ၁၅ ခုအထိ လွှတ်တင်လေ့ ရှိပါတယ်။
လာမည့်မစ်ရှင်တစ်ခုမှာလည်း NASA ဟာ အန္တာတိကတိုက်အထက် ပေ 130,000 (မီတာ 40,000 ခန့်) အကွာတွင် အဝေးကြည့်မှန်ပြောင်းကို လွှတ်တင်ဖို့အတွက် ဘောလုံးကွင်းထက်ကြီးသော မီးပျံပူဖောင်းကြီးကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။
ထိုအမြင့်မှနေ၍ တယ်လီစကုပ်ဟာ အချို့သော ဂလက်ဆီများတွင် ကြယ်ဖွဲ့စည်းမှုကို လေ့လာမည်ဖြစ်ကာ ၎င်းတို့ကို ထိထိရောက်ရောက် ပျက်စီးစေမည့် ဖြစ်စဉ်ကို လေ့လာမှာ ဖြစ်ပါတယ်။
Astrophysics Stratospheric Telescope for High Spectral Resolution Observations (ASTHROS) ဟု ခေါ်တဲ့ အဆို ပါ မစ်ရှင်ဟာ ကြေးမုံ ချပ်ကြီးကို အသုံးပြုမှာဖြစ်ပြီး၊ အဆိုပါ တယ်လီစကုပ်ရဲ့ ပင်မအလင်းကို စုဆောင်းသည့် ကိရိယာနှင့်အတူ မိုးပျံပူဖောင်းကို ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။

8.2 ပေ (2.5 မီတာ) ကြေးမုံပြင်နှင့် ၎င်းရဲ့ ထောက်ကူဖွဲ့စည်းပုံဟာ Stratospheric မိုးပျံပူဖောင်း ဖြင့် သွားလာဖို့ ထူးထူးခြားခြား ပေါ့ပါးနေရမှာဖြစ်ပြီး ကမ္ဘာ့ဆွဲငင်အားကြောင့် ဖြစ်တဲ့ သက်ရောက်မှုများကို ထိန်းထားနိုင်စေပါတယ်။
ASTHROS ဟာ တောင်ဝင်ရိုးစွန်းကို လေးပတ်ကြာ လှည့်ပတ်မှာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ထက်စောပြီး လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။
၎င်းဟာ အနီအောက် ရောင်ခြည်နှင့် ကမ္ဘာလေထုမှ ပိတ်ဆို့ထားသော အလင်းလှိုင်းများကိုလည်း စောင့်ကြည့်မှာ ဖြစ် ပါတယ်။
မိုးပျံပူဖောင်းတွင် တပ်ဆင်ထားသည့် ကြီးမားသော ကြေးမုံပြင်က တယ်လီစကုပ်ရဲ့ အလင်းအားနည်းသော ရင်းမြစ်များနှင့် ထိုအရင်းအမြစ်များရဲ့ အသေးစိတ် အချက်အလက်များကို ဖြေရှင်းဖို့ တယ်လီစကုပ်ရဲ့ စွမ်းရည်ကို မြှင့်တင် ပေးမှာ ဖြစ်ပါတယ်။

ထိုစွမ်းရည်များက ကြယ်များရဲ့တုံ့ပြန်ချက်များကိုလေ့လာဖို့ မစ်ရှင်ရဲ့ချဉ်းကပ်မှုတွင် မရှိမဖြစ်လိုအပ်ပါတယ်။
အာကာသထဲမှာ ဓာတ်ငွေ့နှင့်ဖုန်မှုန့်များ၊ ကြယ်များကို ဖန်တီးဖို့ ပါဝင်ပစ္စည်းများဟာ နဂါးငွေ့တန်းများတွင် ပြန့်ကျဲနေတာကို တွေ့ရပြီး တခါတရံတွင် ကြယ်ဖွဲ့စည်းမှုတွေ လုံးဝရပ်တန့်သွားတာကိုလည်း တွေ့ရပါတယ်။
ASTHROS ဟာ ကျွန်ုပ်တို့ရဲ့ ဂလက်ဆီရှိ ကြယ်များဖွဲ့စည်းသည့် ဒေသအများအပြားကို ကြည့်ရှုနိုင်မှာဖြစ်ပြီး အဆိုပါဖြစ်စဉ်များ ဖြစ်ပေါ်လာသည့် ဓာတ်ငွေ့ဖြန့်ဖြူးမှုနှင့် ရွေ့လျားမှုဆိုင်ရာ ပုံရိပ်ပြတ်သားမှုမြင့်မားသော 3D ပုံများကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။
အဆိုပါ မစ်ရှင်ဟာ ကြီးမားသော အတိုင်းအတာများနှင့် မတူညီသော ပတ်ဝန်းကျင်များတွင် တုံ့ပြန်ချက် မည်သို့ ထွက်လာသလဲဆိုတာကို ကြည့်ရှုဖို့ ကြယ်သန်းပေါင်းများစွာ ပါဝင်သော အဝေးရှိ ဂလက်ဆီများကို ကြည့်ရှုမှာ ဖြစ်ပါတယ်။

ASTHROS ရဲ့ တယ်လီစကုပ်အပြည့်အစုံ ပါဝင်သော မှန်ပြောင်းယူနစ်ကို အီတလီနိုင်ငံရှိ အလင်းကြည့်ကုမ္ပဏီ Media Lario မှ တီထွင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
၎င်းရဲ့ပင်မကြေးမုံဟာ ကိုးကွက် ပါရှိပြီး ပြုလုပ်တပ်ဆင်ဖို့ ပိုမိုလွယ်ကူအောင် ပြုလုပ်ထားပါတယ်။ မှန်ပြားများ အစု အ ဝေးတွင် ပေါ့ပါးသော အလူမီနီယမ် ပါဝင်ပြီး ၎င်းရဲ့ စုစုပေါင်း ထုထည်ကို လျော့နည်းစေသည့် ပျားလပို့ပုံစံအဖြစ် ဖွဲ့စည်းထားပါတယ်။
အကန့်မျက်နှာပြင်များကို နီကယ်ဖြင့် ပြုလုပ်ထားပြီး ရွှေဖြင့် ဖုံးအုပ်ထားတဲ့ အတွက်ကြောင့် မှန်ရဲ့ အလင်းပြန်မှုကို အနီ အောက်ရောင်ခြည်လှိုင်းအလျားတွင် ပိုမိုကောင်းမွန်စေပါတယ်။
JPL မှ ASTHROS ပရောဂျက်မန်နေဂျာ Jose Siles က ဒါဟာ အမြင့်ပေ မိုးပျံပူဖောင်းမစ်ရှင်အတွက် တည်ဆောက်ထားသမျှ အရှုပ်ထွေးဆုံး တယ်လီစကုပ် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၎င်းက အာကာသတယ်လီစကုပ်နဲ့ ဆင်တူတဲ့ သတ်မှတ်ချက်တွေရှိပေမယ့် ဘတ်ဂျက်၊ အချိန်ဇယားနဲ့ ပိုမိုတင်းကျပ်မှုတွေ ရှိတယ်ဟုဆိုပါတယ်။
ဒါ့အပြင် ခေတ်မီသော ထုတ်လုပ်မှုနည်းပညာများနှင့် အလားတူ လှိုင်းအလျားများကို စောင့်ကြည့်သည့် မြေပြင်ကြည့် မှန်ပြောင်းများမှ နည်းပညာများကို ပေါင်းစပ် လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် တော်တော်လေး ထူးခြားတယ်ဟုလည်း ဆိုပါတယ်။
Media Lario က ဇူလိုင်လနှောင်းပိုင်းလောက်မှာ NASA သို့ တယ်လီစကုပ်ယူနစ် အပြည့်အစုံကို ပေးပို့မှာ ဖြစ်ပါတယ်။
ASTHROS အဖွဲ့ဟာ ၎င်းအား အခြားသော အဓိက အစိတ်အပိုင်းများနှင့် ပေါင်းစပ်သွားမှာ ဖြစ်ပြီး အဲဒီ့နောက် အားလုံးအဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း သေချာစေဖို့ စမ်းသပ်မှုများ ဆက်တိုက် ပြုလုပ်သွားမည်ဟုလည်း သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။