ဗြိတိန် လေယာဉ်တင် သင်္ဘောပေါ်တွင် တွေ့ရသည့် ဒရုန်းအကြောင်း

Knowledge Military

ဗြိတိန်တို့၏ ဒုတိယမြောက် Queen Elizabeth အတန်းအစား လေယာဉ်တင် သင်္ဘောတစီးဖြစ်တဲ့ HMS Prince of Wales (Ro9) တွင် ဒရုန်းတစင်း အသုံးပြုနေတဲ့ ပုံများကို မကြာသေးမီက တွေ့ရှိရပါတယ်။

ဟုတ်ပါတယ် အဲဒါဟာ Banshee လို့ခေါ်တဲ့ ပစ်မှတ်အဖြစ် အသုံးပြုတဲ့ ဒရုန်းတွေဖြစ်ပြီး F-35B ရေဒါပျောက် ဂျက်တိုက်လေယာဉ်များနှင့် အတူ HMS Prince of Wales လေယာဉ်တင် သင်္ဘောပေါ်မှာ အသုံးပြုနေတာပါ။

Banshee ဒရုန်းများဟာ Qunetiq မှ ထုတ်လုပ်တဲ့ ပစ်မှတ်အဖြစ် အသုံးပြုတဲ့ ဒရုန်းမျိုးကွဲများထဲမှ တခု ဖြစ်ပါတယ်။

Quanetiq ၏ ဒရုန်းများဟာ အဆင့်မြင့်နည်းပညာများကို အသုံးပြုထားပြီး မြေပြင်နှင့် ရေပြင် ပေါ်တွင် အသံထက် ၂ ဆ မှ ၄ ဆ အမြန်နှုန်းလောက်နှင့် ပျံသန်းနိုင်ပါတယ်။

ရှုပ်ထွေး ဆန်းပြားတဲ့ လမ်းညွှန်စနစ်များကို အသုံးပြုထားပြီး စစ်ကစားလှုပ်ရှားနိုင်စွမ်း မြင့်မားတာကြောင့် ခေတ်သစ် ဒုံးကျည်များတောင် ခြေရာကောက်နိုင်ဖို့ ခက်ခဲတဲ့အတွက် အဆင့်မြင့် ပစ်မှတ်ဒရုန်းလို့ ဆိုနိုင်ပါတယ်။

လေယာဉ်တင်သင်္ဘော HMS Prince of Wales ဟာ လက်ရှိမှာ ပဥ္မမမျိုးဆက် တိုက်လေယာဉ် F-35B များနှင့် လေ့ကျင့်ဖို့ရာအတွက် ပင် လယ်ပြင်မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာတော့ F-35B များကို သင်္ဘောပေါ်သို့ စမ်းသပ် ဆင်းသက်ပြီး ဖြစ်ပေမယ့် ဒီထက် ကျယ်ပြန့်တဲ့ လေ့ကျင့်မှုတွေ အတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စတော့တလန် ကမ်းလွန်တွင် ပြုလုပ်မည့် ဗြိတိန်၏ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုမှာ အဆိုပါ လေယာဉ်တင်သင်္ဘောဟာ ပူးတွဲ ပါဝင်လာမှာ ဖြစ်ပါတယ်။

Banshe Jet-80 ဒရုန်းကို ထုတ်လုပ်ခဲ့တဲ့ Qinetiq မှ ၎င်းတို့၏ ဝက်ဘ်ဆိုက်ဒ်တွင်

“အောင်မြင်ခဲ့တဲ့ Banshee ပစ်မှတ်ကနေ တီထွင်ခဲ့တဲ့ ဒီ ဂျက်အင်ဂျင် ၂ လုံးတပ် ဗားရှင်းဟာ ၂၀၁၀ ခုနှစ်က အသုံးပြုခဲ့တဲ့ အင်ဂျင်တလုံးတပ် မျိုးကွဲမှနေပြီး ရရှိခဲ့တဲ့ အတွေ့အကြုံနှင့် ဗဟုသုတများကို အသုံးပြုပြီး ထုတ်လုပ်ခဲ့တာဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။

လက်ရှိ မျိုးကွဲတွင် ၄၀ ကီလိုဂရမ် ရှိတဲ့ တွန်းအားပေးနိုင်တဲ့ ဓာတ်ငွေ့တာဘိုင် အင်ဂျင် ၂ လုံးကိုတပ်ဆင်ထားပြီး တည်ငြိမ်တွန်းအား စုစုပေါင်း ၈၀ ကီလိုဂရမ်အထိ ရှိပါတယ်။

ဒါ့ကြောင့် အဆိုပါ ဒရုန်း၏ အမြင့်ဆုံး ပျံသန်းနိုင်သည့် အရှိန်ကို တ စက္ကန့်လျှင် ၁၈၀ မီတာ အထိ လျှင်မြန်စွာ ပျံသန်းနိုင်စေမှာ ဖြစ်ပါတယ်။

အရံ လောင်စာဆီတိုင်ကီကို အသုံးပြုထားတဲ့အတွက် ယခင် အင်ဂျင်တလုံးတပ် မျိုးကွဲ နှင့် ပျံသန်းနိုင်သည့် အချိန် အတူတူလောက်ဖြစ်ပြီး ၄၅ မိနစ်အထက် အထိ လေထဲတွင် ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

Hot Nose တပ်ဆင်ထားသည့်အတွက် ဒရုန်းဟာ ဘေး နှင့် ရှေ့မှ ကြည့်လျှင်တောင် Band I, II နှင့် II များတွင် တကယ့် ပစ်မှတ်၏ အနီအောက် ရောင်ခြည် အပူလှိုင်း မြင်ကွင်းအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Banshee တွင် ပုံမှန်အားဖြင့် ရရှိနိုင်မည့် အခြား သက်သေပြပြီး ထပ်တိုး ကိရိယာများ အားလုံးကိုလည်း ဒီ နောက်ဆုံးပေါ် ဂျက်အင်ဂျင် ၂ လုံးတပ် ဒရုန်းတွင် တပ်ဆင်နိုင်မယ်လို့ သိရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *