ဘတ်ထရီမလိုဘဲ ကိုယ်ပိုင် လျှပ်စစ်နဲ့ အသုံးပြုနိုင်မည့် နားကြား ကိရိယာ အကြောင်း

Innovation Tech

နားကြားကိရိယာ တွေက အ​ကြားအာရုံချို့တဲ့သူ​တွေအသုံးပြုရ လွယ်ကူသော်လည်းပဲ အကန့်အသတ်ရှိတဲ့ ဘတ်ထရီသက်တမ်းကတော့ ပြသနာဖြစ်နိုင်ပါတယ်။

သိပ္ပံပညာရှင်တွေက ဘက်ထရီမလိုအပ်တဲ့ နားကြားကိရိယာ ကို ဒီဇိုင်းထုတ်ပြီး အဆိုပါ ချို့ယွင်းချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စီစဉ်ခဲ့ကြပါတယ်။

လက်ရှိတွင် တရုတ်နိုင်ငံရဲ့ Huazhong University of Science and Technology တွင် ဖွံ့ဖြိုးတိုးတက်လာတဲ့ နားကြားကိရိယာ ဘတ်ထရီအတွက် ရှေ့ပြေးကိရိယာပုံစံဟာ piezoelectric နှင့် triboelectric အရည်အသွေးနှစ်မျိုးလုံးဖြင့် spongey ပစ္စည်းကို ပေါင်းစပ်ထားပြီး ပြုလုပ်ထားပါတယ်။

Piezoelectric ပစ္စည်းတွေဟာ စက်ပိုင်းဆိုင်ရာ ဖိအားကိုခံရတဲ့အခါ လျှပ်စစ်စီးကြောင်းကို ထုတ်လွှတ်ပေးပါတယ်။

Triboelectric ကတော့ တချို့ပစ္စည်း​တွေကို ထိတွေ့မိတဲ့ တခြားပစ္စည်းတစ်ခုမှ ခွဲထုတ်ပြီး လျှပ်စစ်ဓာတ်အားသွင်းတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက ၎င်းတို့ရဲ့ piezo-triboelectric ပစ္စည်းကို ဆီလီကွန်ဒိုင်အောက်ဆိုဒ်ဖြင့် barium titanate nanoparticles တွေနဲ့ ဖုံးအုပ်ကာ ဖန်တီးထားပါတယ်။

အဆိုပါ အမှုန့်တွေကို လျှပ်ကူးပိုလီမာ အရည်တွေနဲ့ ရောနှောကာ ပါးလွှာပြီး ပျော့ပြောင်းတဲ့ အမြှေးပါးလေးတွေဖြစ်အောင် အခြောက်ခံထားပါတယ်။

ထို့နောက် အယ်ကာလိုင်းပျော်ရည်ကို နာနိုအမှုန့်တွေရဲ့ ဆီလီကွန်ဒိုင်အောက်ဆိုဒ်အခွံများအတွင်း ပျော်ဝင်စေရန် အသုံးပြုထားပြီး အဆိုပါ အမှုန့်တွေက ပိုလီမာ ဝန်းကျင်ရှိ အပေါက်တွေထဲ လွတ်လွတ်လပ်လပ် တည်ရှိနေပါတယ်။

Photo: Courtesy of ACS Nano 2021

အဆိုပါ အမြှေးပါးလေးတွေကို ပါးလွှာတဲ့ သတ္တု နှစ်ခုကြားတွင် ညှပ်ထားပြီးနောက် ၎င်းကို အသံလှိုင်းများ သက်ရောက်စေပါတယ်။

ထို အသံလှိုင်းလုံးတွေဟာ အမြှေးပါးတစ်ခုလုံးကို အပြန်ပြန် အလှန်လှန် တုန်ခါစေပြီး piezoelectric effect မှ လျှပ်စစ်စီးကြောင်း ကို ထုတ် ပေးစေပါတယ်။

ထို့​နောက် နာနိုအမှုန့်လေးတွေဟာ ၎င်းတို့ရဲ့ အခေါင်းပေါက် ပိုလီမာခန်းတွေရဲ့ နံရံကို ထိတွေ့လာပြီး triboelectric ​နည်းနဲ့ လျှပ်စစ်အားသွင်းပေး ပါတယ်။

နောက်ဆုံးမှာတော့ အမြှေးပါးရဲ့စုစုပေါင်းလျှပ်စစ်ထုတ်လွှတ်မှုကို ၅၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာစေတာကို တွေ့ရပါတယ်။

တီထွင်သူတွေဟာ အဆိုပါ ပစ္စည်းကို လူ့နားရွက် ပုံစံငယ် အတွင်း တပ်ဆင်ကာ သီချင်းဖွင့်ပြီး စမ်းသပ်ခဲ့ကြပါတယ်။

ရှေ့ပြေးပုံစံမှ ထွက်လာတဲ့ လျှပ်စစ်အချက်ပြမှု​တွေကို ဒစ်ဂျစ်တယ် အသံဖိုင်အဖြစ်သို့ ပြောင်းလိုက်တဲ့အခါ ရလဒ် အနေနဲ့ မူရင်းဂီတ နှင့် အလွန်တူကြောင်း တွေ့ရှိခဲ့ရပါတယ်။

နောက်ထပ်စမ်းသပ်ချက်တွေအရတော့ အဆိုပါ ကိရိယာဟာ ဝေးတဲ့အကွာအဝေးက အသံတွေကို အာရုံခံနိုင်စွမ်းနည်းပြီး လူ​တွေ​ရဲ့အကြားအာရုံအတွင်း အသံအများစု နှင့် အခြားအသံများကို ဖမ်းယူနိုင်စွမ်းရှိသင့်တယ် ဟု အများစုကဆိုပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *