ဒီနေ့တော့ သားသတ်လွတ် ဘယာကြော်ချက်လေး စားကြမယ်နော်။ တခါတလေ အိမ်မှာ အပျင်းပြေလုပ်စားလို့ရပါတယ်။ အပြင်မှာ ဆီကြော်စာတွေ ဝယ်စားတာဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါကြောင့် ကျန်းမာရေးထိခိုက်မှုလဲ သက်သာအောင် အိမ်မှာတင် ဘယာကြော်ချက်နည်းလေးကို မျှဝေ လိုက်ရပါတယ်ရှင့်။
ပါဝင်ပစ္စည်းများ
၁-ဘယာကြော် -(၅)ခု
၂-ကြက်သွန်နီ- (၁)ဥ
၃-ကြက်သွန်ဖြူ-(၁)ဥ
၄-ခရမ်းချဉ်သီး-(၂)လုံး
၅-ငြုပ်သီးစိမ်း-(၃)တောင့်
၆-ဆီ -(၃)ထမင်းစားဇွန်း
၇-ဆား.နနွင်း.ဟင်းခတ်မှုန့် တို့လိုအပ်ပါတယ်.

စချက်ကြမယ်
၁-ဒယ်အိုးပူလာလျှင် ဆီထည့်ပါ
၂-ဆီပူလာလျှင် ကြက်သွန်ဖြူ နီကို နနွင်းအနည်းငယ်ထည့် ဆီသပ်ပါ
၃-ဆီသပ်တာမွှေးလာလျှင် ခရမ်းချဉ်သီးထည့်ပါ.ဆား ဟင်းခတ်မှုန့်ထည့်ပါ.ခရမ်းချဉ်သီးအိလာစေရန် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ
၄-ခရမ်းချဉ်သီးဆီပြန်လာလျှင် ဘယာကြော်များကို အရွယ်တော်ခြမ်းထည့်ပါ.
၅-ငြုပ်သီးစိမ်းလေးအုပ်ပြီးရင်တော့ သားသတ်လွတ်စားတဲ့သူတွေအတွက် တစ်မျိုးထဲနဲ့ ထမင်း
မြိန်စေတဲ့ ဘယာကြော်ချက် ဟင်းလေးရပါပြီ။
အားလုံးပဲ ဘေးဘယာ ဝေးကွာကြပါစေရှင်။

ZawGyi
ဒီေန႔ေတာ့ သားသတ္လြတ္ ဘယာေၾကာ္ခ်က္ေလး စားၾကမယ္ေနာ္။ အျပင္မွာ ဆီေၾကာ္စာေတြ ဝယ္စားတာဟာ က်န္းမာေရးအတြက္ မေကာင္းပါဘူး။ ဒါေၾကာင့္ က်န္းမာေရးထိခိုက္မႈလဲ သက္သာေအာင္ အိမ္မွာတင္ ဘယာေၾကာ္ခ်က္နည္းေလးကို မွ်ေဝ လိုက္ရပါတယ္ရွင့္။
ပါဝင္ပစၥည္းမ်ား
၁-ဘယာေၾကာ္ -(၅)ခု
၂-ၾကက္သြန္နီ- (၁)ဥ
၃-ၾကက္သြန္ျဖဴ-(၁)ဥ
၄-ခရမ္းခ်ဥ္သီး-(၂)လုံး
၅-ျငဳပ္သီးစိမ္း-(၃)ေတာင့္
၆-ဆီ -(၃)ထမင္းစားဇြန္း
၇-ဆား.နႏြင္း.ဟင္းခတ္မႈန႔္ တို႔လိုအပ္ပါတယ္.
စခ်က္ၾကမယ္
၁-ဒယ္အိုးပူလာလွ်င္ ဆီထည့္ပါ
၂-ဆီပူလာလွ်င္ ၾကက္သြန္ျဖဴ နီကို နႏြင္းအနည္းငယ္ထည့္ ဆီသပ္ပါ
၃-ဆီသပ္တာေမႊးလာလွ်င္ ခရမ္းခ်ဥ္သီးထည့္ပါ.ဆား ဟင္းခတ္မႈန႔္ထည့္ပါ.ခရမ္းခ်ဥ္သီးအိလာေစရန္ ေရအနည္းငယ္ထည့္ၿပီး အဖုံးအုပ္ထားပါ
၄-ခရမ္းခ်ဥ္သီးဆီျပန္လာလွ်င္ ဘယာေၾကာ္မ်ားကို အ႐ြယ္ေတာ္ျခမ္းထည့္ပါ.
၅-ျငဳပ္သီးစိမ္းေလးအုပ္ၿပီးရင္ေတာ့ သားသတ္လြတ္စားတဲ့သူေတြအတြက္ တစ္မ်ိဳးထဲနဲ႔ ထမင္းၿမိန္ေစတဲ့ ဘယာေၾကာ္ခ်က္ ဟင္းေလးရပါၿပီရွင္.