ခွေးလေးများအတွက် သီးသန့်ဘီယာ သို့မဟုတ် အာဝု ဘီယာ အကြောင်း

Innovation Lifestyle

ခွေးပိုင်ရှင်တွေကတော့ အတော့်ကို သဘောကျနေမယ့် သတင်းတပုဒ်ပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ခွေးတွေအတွက် သီးသန့် ဘီယာ ထုတ်လုပ်လိုက်ခြင်းပါ။

ခွေးမွေးထားသူ အများစုဟာ ၎င်းတို့၏ ခွေးနှင့်အတူ အကြာကြီး လမ်းလျှောက်တာကနေ TV ရှေ့တွင် ပွတ်သပ်တာအထိ အတူတကွ အ ဖော်ပြုလေ့ ရှိပါတယ်။

အခုတော့ သင်ဟာ သင့်ရဲ့ ခွေးနှင့်အတူ ယခင်က လူတွေ အတွက်သာ ထုတ်လုပ်ခဲ့တဲ့ ဘီယာအေးအေး လေးကို အတူတကွ သောက်သုံးနိုင်တော့ မှာ ဖြစ်ပါတယ်။

Nerdist ၏ သတင်းများအရ Busch ကုမ္ပဏီဟာ ခွေးများအတွက် ဘီယာတမျိုးကို ချက်လုပ်နေပြီ ဖြစ်တယ်လို့ သိရခဲ့ရတာ ဖြစ်ပါတယ်။

ခွေးများကို အန္တရာယ်ဖြစ်စေသည့် ဘီယာချက်သည့် ဗျစ်ရည်နှင့် အခြား အရာများအစား ခွေးများအတွက် သင့်တော်သည့် ပါဝင်ပစ္စည်းများ ကိုသာ အယ်ကိုဟော မပါသည့် ဒီဘီယာတွင် အသုံးပြုထားပါတယ်။

၎င်းတွင် တရုတ်နံနံ၊ ပြောင်းဖူး၊ ဝက်ရိုးဟင်းရည်၊ ဂျင်း၊ ပင်စိမ်းနှင့် အခြားနံ့သာမျိုးများကို အရသာရှိစွာ အာဝုတို့ သောက်သုံးနိုင်ရန်အတွက် ပေါင်းစပ် ချက်လုပ်ထားပါတယ်။

ဒါဟာ ခွေးတွေအတွက် အရသာ ကောင်းရုံတင်မကဘဲ အာဟာရပြည့်ဝတဲ့ အဖျော်ယမကာ ဖြစ်တဲ့အတွက် အာဝုတွေကို စိတ်ကျေနပ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။

အဲဒီလို ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေ ပါလို့ အာဝု ပိုင်ရှင်တွေ တငုံလောက်တောင် လုသောက်နိုင်ပေမယ့် ကုမ္ပဏီကတော့ လူတွေ သောက်နေကျ ဘီယာထက် ပေါ့ရွှတ်ရွှတ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

သင့်ရဲ့ ခွေးဟာ သင်ကိုင်ထားသမျှ တောင်းဖို့ နှစ်သက်တတ်တဲ့ ခွေးဆိုရင်တော့ Busch က ထုတ်တဲ့ အာဝုဘီယာဟာ အာဝုတွေ အကြိုက်ဖြစ်လာမှာပါ။

သင်၏ခွေး ကြိုက်နှစ်သက်သည့်အပေါ်မူတည်ပြီး အပူ သို့မဟုတ် အအေးအနေဖြင့် တိုက်ကျွေးနိုင်မှာ ဖြစ်ပါတယ်။

အစာ အမာကို စားသုံးဖို့ အခက်အခဲဖြစ်နေတဲ့ အာဝုများအတွက်လည်း ၎င်းတို့၏ ပုံမှန် အစာအာဟာရ ဖြည့်စွက်စာ အဖြစ် အရည်အာဟာရကို စားသုံးခြင်းဖြင့် အကျိုးကျေးဇူး ရစေမှာပါ။

အဲဒီ့လို အာဝုဘီယာကို တိုက်ကျွေးနေစဉ်မှာ သင်သောက်နေတဲ့ ဘီယာနဲ့တော့ သွားမရောမိပါစေနဲ့။ လူသောက်တဲ့ ဘီယာဟာ ခွေးတွေကို အဆိပ်အတောက် ဖြစ်စေပါတယ်။

လက်ရှိမှာ Busch က ထုတ်တဲ့ အာဝုဘီယာကို စတိုးဆိုင်တွေမှာ မရသေးတဲ့အပြင် အမေရိကန် ပြည်နယ် ၅၀ မှာပဲ ရရှိနိုင်ပါသေးတယ်။

လက်ရှိ အွန်လိုင်းမှနေပြီး ၁၄ ဒေါ်လာလောက်ဖြင့် လေးဗူးပါတဲ့ တပါကင် ဝယ်လို့ ရနိုင်ပြီး ကမ္ဘာ့ အနှံ့တော့ ဘယ်အချိန် ရနိုင်မလဲ မသိရှိရသေးပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *