Unicode ဖြင့်ဖတ်ရန်
“ဂုတ်ထိပ်” တံတားကြီး ဟာပေအားဖြင့် (၂၂၆၀)ပေ ရှည်ပါတယ်။ ( ၆.၄.၁၈၉၉ )ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၈.၁.၁၉၀၀ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဂုတ်ထိပ် တံတားကြီးကို အမေရိကန် Bridge company မေရီလန်း Companyနဲ့ ပင်ဆီဗေးနီးယားCompany က (၈)လ အတွင်းပြီးစီးအောင် တာဝန်ယူတည်ဆောက်ခဲ့ပါတယ်။

နေမဝင်ဗြိတိသျှအင်ပါယာတွေအတွက် မရှိမဖြစ်တံတားကြီးတစ်ခုဖြစ်ပါခဲ့တယ်။ စစ်လက်နက်ပစ္စည်း လက်နက်ခဲယမ်းနှင့် သုံပန်း သယ်ဆောင်ခြင်းနဲ့ ရှေ့တန်းစစ်မျက်နှာဖွင့်ဖို့ အဓိကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ရန်ကုန်- မန္တလေး- လားရှိုး ကို ရထားလမ်းနဲ့ ချိတ်ဆက်နိုင်ဖို့ ပစ်မှတ်ထားတည်ဆောက်ခဲ့တာပါ။

နောက်တစ်ခုက စီးပွားရေးအတွက် နမ္မတူဘော်တွင်းက သတ္တုကို ရန်ကုန်(ဆိပ်ကမ်း)အထိပို့ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်တာဖြစ်ပါတယ်။ဗြိတိသျှအင်ပါယာ အုပ်စုတွေဟာ ဒုတိယကမ္ဘာစစ်ကလအတွင်း ရန်ကုန်ဆိပ်ကမ်းကနေ တရုတ်ပြည် ချန်ကေရှိ(ခ်)ထံ သို့ စစ်လက်နက်ပစ္စည်း တန်ပေါင်းများစွာ ပေးပို့ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မတိုင်မီ အချိန်မှာတော့ နမ္မတူဘော်တွင်းက သတ္တုတွေတန်ပေါင်းများစွာကို သူ့တိုင်းပြည်အတွက် သယ်ယူသွားခဲ့ပါတယ်။ဗြိတိသျှ အစိုးရအတွက် တော့ ဂုတ်ထိတ်တံတားဟာ များစွာသော စစ်ရေး စီးပွားရေးကို ကျားကန် ဖြေရှင်းပေးခဲ့ပါတယ်။နှစ်ပေါင်း ( ၁၂၀ )သက်တမ်းရှိတဲ့ မြန်မာ့အမြင့်ဆုံး ဂုတ်ထိပ်တံတားဟာ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းတံတားတွေထဲမှတေ့ာ ဂုတ်ထိပ်တံတားက နာမည်ကြီးပါတယ်။ လျှိုကို ဖြတ်ဖောက်ထားပြီး ရထားနဲ့ငြိမ့်ငြိမ့်လေး သွားရတဲ့ ဂုတ်ထိပ်ခရီးကလည်း ပျော်ဖို့ကောင်းပါတယ်။ ဂုတ်ထိပ်တံတားဟာ ရှမ်းပြည်နယ်အနောက်ပိုင်း နောင်ချိုမြို့အနီးမှာတည်ရှိပါတယ်။ တံတားဆိုရင် မြန်မာနိုင်ငံမှာ မြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ တံတားများပေမယ့် လျှိုကြီးကိုဖြတ်ပြီး ဆောက်ထားတဲ့တံတားကတော့ ဂုတ်ထိပ်တံတားပဲရှိပါတယ်။ မြင်းခုံးသဏ္ဌာန် ဂုတ်ထိပ်တံတားကြီးဟာ ရှမ်းပြည်အနောက်မြောက်ပိုင်းမှာရှိပြီး ပြင်ဦးလွင်နဲ့ လားရှိုးမြို့အကြားမှာ တည်ရှိပါတယ်။ မြန်မာပြည်မှာ အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာ့မြင်းခုံးမီးရထား တံတားတွေအနက် အဲဒီအချိန်က အကြီးဆုံးဖြစ်ခဲ့တဲ့ ဂုတ်ထိပ်တံတားကို ဗြိတိသျှအင်ပါယာရဲ့ ထုတ်ကုန်တွေ ဖြန့်ဖြူးဖို့ရည်ရွယ်ချက်နဲ့ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ လားရှိုးဖက်ကနေ မီးရထားစီးလာရင် တံတားကိုရောက်ခါနီး မီတာ (၁၀၀) လောက် ကျောက်သားကိုဖောက်လုပ်ထားတဲ့ ဥမင်ကို ဖြတ်သန်းရပါမယ်။ ပြီးရင်တော့ တံတားကြီးပေါ်ကနေ အသည်းတယားယားနဲ့ မီးရထားဟာ ခုတ်မောင်းပါလိမ့်မယ်။
ဂုတ်ထိပ် (Gok Teik) တံတားရှိတဲ့ ဂုတ်ထိပ်ရွာလေးဟာ မန္တလေးကနေ (၇၆) မိုင် လောက်ဝေးတဲ့ ပြင်ဦးလွင်အကျော် နောင်ချိုမြို့ကနေ ကား၊ဆိုင်ကယ် စသဖြင့် သွားနိုင်ပါတယ်။ နောင်ချိုမြို့အဝင် လမ်း (၃) ခွစုံမှာ ပြင်ဦးလွင်ဖက်ကလာရင် ညာဖက်ကို သွားရမှာဖြစ်ပြီး မြို့မဈေးကြီးရဲ့ ဘေးကပ်လျက်လမ်း(နောင်ချို-တောင်ကြီးကားလမ်း) အတိုင်း သွားရပါတယ်။ ရှမ်းအခေါ် ငုပ်ထိပ်ကနေ ဂုတ်ထိပ်ဖြစ်လာတာလို့ ရှေးလူကြီး တွေက ပြောပါတယ်။ ဂုတ်ထိပ်တံတားကြီးကို အမေရိကန် Pennsyl-vania and Maryland Bridge Construction က (၁၈၉၉)- ခုနှစ်မှာ ဦးစီး တည်ဆောက်ခဲ့ပါတယ်။ တံတားကြီးရဲ့ အစိတ်အပိုင်းတွေကို Pennsyl-vania စတီး ကုမ္ပဏီက တပ်ဆင်ပြီး ကျန်အစိတ်အပိုင်းတွေကို အမေရိကန်ကနေ သင်္ဘောနဲ့တင်ပြီး တည်ဆောက်ခဲ့တာပါ။ (၁၈၉၉ )-ခုနှစ်မှာစဆောက်ပြီး တစ်နှစ်အတွင်း ပြီးစီးခဲ့ပါတယ်။ ဒီစီမံကိန်းကို ကြီးကြပ်သူကတော့ Burma Railroad ကုမ္ပဏီ အင်ဂျင်နီယာ Sir Arthur Rendel ဖြစ်ပါတယ်။ ခုဆိုရင် ဂုတ်ထိပ်တံတားကြီးရဲ့ သက်တမ်း နှစ် (၁၂၀) ရှိပါပြီ။
ဒုတိယကမ္ဘာစစ်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပေမယ့် တိုင်တွေ ကျန်ခဲ့တာကြောင့် ပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ်။ဂုတ်ထိပ်တံတားအရှည် (၂၂၆၀)ပေ ရှိပြီး သံမဏိတိုင်ကြီး(၁၆ )ခု နဲ့ ခက်ခက်ခဲခဲတည်ဆောက် ထားတာဖြစ်ပါတယ်။ သံတိုင်တွေဟာ (၁၂ ၃၉) ပေ ရှိပြီး နှစ်ဆင့်တိုင်ကြီးကတော့ (၇၉)ပေ ရှိပါတယ်။ သံမှိုပေါင်း( ၁၀) သန်းနဲ့တပ်ဆင်ထားတာဖြစ်ပါတယ်။ မြေအောက် Foundation ကနေဆို အမြင့်ဟာ ပေ(၈၂၀) ရှိပေမယ့် မြေပြင်က တကယ့်မြင်ရမယ့်အမြင့်ပေကတော့ (၃၃၅)ပေ ရှိပါတယ်။ တံတားကြီးအတွက်ကုန်ကျငွေကတော့ အဲဒီအချိန်တုန်းက စတာလင်ပေါင်( ၁၁၁၂၀၀) ဖြစ်ပါတယ်။မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့အခါ ဂုတ်ထိပ်တံတားကို နိုင်ငံခြားကုမ္ပဏီတွေ ငှားရမ်းပြီး ပြင်ဖို့စီစဉ်ခဲ့ပေမယ့် တင်ဒါဈေးကြီးလို့ မပြင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ မီးရထားဌာနကပဲ ဦးစီး ပြင်ဆင်ခဲ့ပါတယ်။ ပြင်ဆင်တဲ့လုပ်ငန်းကို (၁၉၄၈)ခုနှစ် မေလ မှာ စတင်ခဲ့ပါတယ်။ ပစ္စည်းရှားပါးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် (၁၉၅၁)ခုနှစ်၊ ဩဂုတ်လရောက်မှ ပြီးစီးခဲ့ပါတယ်။ ဂုတ်ထိပ်တံတားကြီးဟာ ကိုလိုနီခေတ်က တံတားဖြစ်ပေမယ့် နိုင်ငံတကာစံ၊ နိုင်ငံတကာ ပစ္စည်းတွေသုံးပြီး စနစ်တကျတည်ဆောက်ခဲ့တဲ့ ရှေးဟောင်းတံတားကြီးဖြစ်ပါတယ်။
ဦးဝေလင်းRef – Britainica, စွယ်စုံကျမ်း
#နော်ဂဲလယ်ထူး (စာပေရဟိတ)#GoodLuck
ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးအစ
Zawgyi ဖြင့်ဖတ်ရန်
“ဂုတ္ထိပ္” တံတားႀကီး ဟာေပအားျဖင့္ ၂၂၆၀ေပ ရွည္ပါတယ္။ တည္ေဆာက္ဆဲမွတ္တမ္းပုံမ်ား ျဖစ္ပါတယ္
၆.၄.၁၈၉၉ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး ၈.၁.၁၉၀၀ ခုႏွစ္မွာ ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ဂုတ္ထိပ္ တံတားႀကီးကို အေမရိကန္ Bridge company ေမရီလန္း Companyနဲ႔ ပင္ဆီေဗးနီးယားCompany က (၈)လ အတြင္းၿပီးစီးေအာင္ တာဝန္ယူတည္ေဆာက္ခဲ့ပါတယ္။

ေနမဝင္ၿဗိတိသွ်ေတြအင္ပါယာအတြက္ မရွိမျဖစ္တံတားႀကီးတစ္ခုျဖစ္ပါခဲ့တယ္။
စစ္လက္နက္ပစၥည္း လက္နက္ခဲယမ္းႏွင့္ သုံပန္း သယ္ေဆာင္ျခင္းနဲ႔ ေရွ႕တန္းစစ္မ်က္ႏွာဖြင့္ဖို႔ အဓိကေထာက္ပံ့ပို႔ေဆာင္ေရးလမ္းေၾကာင္းျဖစ္သည့္ ရန္ကုန္-
မႏၲေလး- လားရႈိး ကို ရထားလမ္းနဲ႔ ခ်ိတ္ဆက္ႏိုင္ဖို႔ ပစ္မွတ္ထားတည္ေဆာက္ခဲ့တာပါ။ေနာက္တစ္ခုက စီးပြားေရးအတြက္ နမၼတူေဘာ္တြင္းက သတၱဳကို
ရန္ကုန္(ဆိပ္ကမ္း)အထိပို႔ေဆာင္ႏိုင္ဖို႔ ရည္႐ြယ္ၿပီး တည္ေဆာက္တာျဖစ္ပါတယ္။
ၿဗိတိသွ်အင္ပါယာ အုပ္စုေတြဟာ ဒုတိယကမာၻစစ္ကလအတြင္း ရန္ကုန္ဆိပ္ကမ္းကေန တ႐ုတ္ျပည္ ခ်န္ေကရွိ(ခ္)ထံ သို႔ စစ္လက္နက္ပစၥည္း တန္ေပါင္းမ်ားစြာ ေပးပို႔ခဲ့ပါတယ္။ဒုတိယကမာၻစစ္မတိုင္မီ အခ်ိန္မွာေတာ့ နမၼတူေဘာ္တြင္းက သတၱဳေတြတန္ေပါင္းမ်ားစြာကို သူ႔တိုင္းျပည္အတြက္ သယ္ယူသြားခဲ့ပါတယ္။ၿဗိတိသွ် အစိုးရအတြက္ ေတာ့ ဂုတ္ထိတ္တံတားဟာ မ်ားစြာေသာ စစ္ေရး စီးပြားေရးကို က်ားကန္ ေျဖရွင္းေပးခဲ့ပါတယ္။
ႏွစ္ ၁၂၀ သက္တမ္းရွိတဲ့ ျမန္မာ့အျမင့္ဆုံး ဂုတ္ထိပ္တံတား
ျမန္မာႏိုင္ငံရဲ႕ ေရွးေဟာင္းတံတားေတြထဲမွာ ဂုတ္ထိပ္တံတားက နာမည္ႀကီးပါတယ္။ လွ်ိဳကို ျဖတ္ေဖာက္ထားၿပီး ရထားနဲ႔ၿငိမ့္ၿငိမ့္ေလး သြားရတဲ့ ဂုတ္ထိပ္ခရီးက ေပ်ာ္ဖို႔ေကာင္းပါတယ္။ ဂုတ္ထိပ္တံတားဟာ ရွမ္းျပည္နယ္အေနာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕အနီးမွာတည္ရွိပါတယ္။ တံတားဆိုရင္ ျမန္မာႏိုင္ငံမွာ ျမစ္ကိုျဖတ္ၿပီး ေဆာက္ထားတဲ့ တံတားမ်ားေပမယ့္ လွ်ိဳႀကီးကိုျဖတ္ၿပီး ေဆာက္ထားတဲ့တံတားကေတာ့ ဂုတ္ထိပ္တံတားပဲရွိပါတယ္။
ျမင္းခုံးသဏၭာန္ ဂုတ္ထိပ္တံတားႀကီးဟာ ရွမ္းျပည္အေနာက္ေျမာက္ပိုင္းမွာရွိၿပီး ျပင္ဦးလြင္နဲ႔ လားရႈိးၿမိဳ႕အၾကားမွာ တည္ရွိပါတယ္။ ျမန္မာျပည္မွာ အျမင့္ဆုံးျဖစ္ၿပီး ကမာၻ႔ျမင္းခုံးမီးရထား တံတားေတြအနက္ အဲဒီအခ်ိန္က အႀကီးဆုံးျဖစ္ခဲ့တဲ့ ဂုတ္ထိပ္တံတားကို ၿဗိတိသွ်အင္ပါယာရဲ႕ ထုတ္ကုန္ေတြ ျဖန႔္ျဖဴးဖို႔ရည္႐ြယ္ခ်က္နဲ႔ ေဖာက္လုပ္ခဲ့တာျဖစ္ပါတယ္။ လားရႈိးဖက္ကေန မီးရထားစီးလာရင္ တံတားကိုေရာက္ခါနီး မီတာ ၁၀၀ ေလာက္ ေက်ာက္သားကိုေဖာက္လုပ္ထားတဲ့ ဥမင္ကို ျဖတ္သန္းရပါမယ္။ ၿပီးရင္ေတာ့ တံတားႀကီးေပၚကေန အသည္းတယားယားနဲ႔ မီးရထားဟာ ခုတ္ေမာင္းပါလိမ့္မယ္။
ဂုတ္ထိပ္ (Gok Teik) တံတားရွိတဲ့ ဂုတ္ထိပ္႐ြာေလးဟာ မႏၲေလးကေန ၇၆ မိုင္ ေလာက္ေဝးတဲ့ ျပင္ဦးလြင္အေက်ာ္ ေနာင္ခ်ိဳၿမိဳ႕ကေန ကား. ဆိုင္ကယ္ စသျဖင့္ သြားႏိုင္ပါတယ္။ ေနာင္ခ်ိဳၿမိဳ႕အဝင္ လမ္း ၃ ခြစုံမွာ ျပင္ဦးလြင္ဖက္ကလာရင္ ညာဖက္ကို သြားရမွာျဖစ္ၿပီး ၿမိဳ႕မေဈးႀကီးရဲ႕ ေဘးကပ္လ်က္လမ္း(ေနာင္ခ်ိဳ-ေတာင္ႀကီးကားလမ္း) အတိုင္း သြားရပါတယ္။ ရွမ္းအေခၚ ငုပ္ထိပ္ကေန ဂုတ္ထိပ္ျဖစ္လာတာလို႔ ေရွးလူႀကီး ေတြက ေျပာပါတယ္။
ဂုတ္ထိပ္တံတားႀကီးကို အေမရိကန္ Pennsyl-vania and Maryland Bridge Construction က ၁၈၉၉ ခုႏွစ္မွာ ဦးစီး တည္ေဆာက္ခဲ့ပါတယ္။ တံတားႀကီးရဲ႕ အစိတ္အပိုင္းေတြကို Pennsyl-vania စတီး ကုမၸဏီက တပ္ဆင္ၿပီး က်န္အစိတ္အပိုင္းေတြကို အေမရိကန္ကေန သေဘၤာနဲ႔တင္ၿပီး တည္ေဆာက္ခဲ့တာပါ။ ၁၈၉၉ ခုႏွစ္မွာစေဆာက္ၿပီး တစ္ႏွစ္အတြင္း ၿပီးစီးခဲ့ပါတယ္။ ဒီစီမံကိန္းကို ႀကီးၾကပ္သူကေတာ့ Burma Railroad ကုမၸဏီ အင္ဂ်င္နီယာ Sir Arthur Rendel ျဖစ္ပါတယ္။ ခုဆိုရင္ ဂုတ္ထိပ္တံတားႀကီးရဲ႕ သက္တမ္း ႏွစ္ ၁၂၀ ရွိပါၿပီ။ ဒုတိယကမာၻစစ္မွာ ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရေပမယ့္ တိုင္ေတြ က်န္ခဲ့တာေၾကာင့္ ျပန္လည္ျပဳျပင္ႏိုင္ခဲ့ပါတယ္။
ဂုတ္ထိပ္တံတားအရွည္ ၂၂၆၀ေပ ရွိၿပီး သံမဏိတိုင္ႀကီး ၁၆ ခုနဲ႔ ခက္ခက္ခဲခဲတည္ေဆာက္ ထားတာျဖစ္ပါတယ္။ သံတိုင္ေတြဟာ ၁၂ ၃၉ေပ ရွိၿပီး ႏွစ္ဆင့္တိုင္ႀကီးကေတာ့ ၇၉ေပ ရွိပါတယ္။ သံမႈိေပါင္း ၁၀ သန္းနဲ႔တပ္ဆင္ထားတာျဖစ္ပါတယ္။ ေျမေအာက္ Foundation ကေနဆို အျမင့္ဟာ ေပ၈၂၀ ရွိေပမယ့္ ေျမျပင္က တကယ့္ျမင္ရမယ့္အျမင့္ေပကေတာ့ ၃၃၅ေပ ရွိပါတယ္။ တံတားႀကီးအတြက္ကုန္က်ေငြကေတာ့ အဲဒီအခ်ိန္တုန္းက စတာလင္ေပါင္ ၁၁၁၂၀၀ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီးတဲ့အခါ ဂုတ္ထိပ္တံတားကို ႏိုင္ငံျခားကုမၸဏီေတြ ငွားရမ္းၿပီး ျပင္ဖို႔စီစဥ္ခဲ့ေပမယ့္ တင္ဒါေဈးႀကီးလို႔ မျပင္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ ျမန္မာႏိုင္ငံ မီးရထားဌာနကပဲ ဦးစီး ျပင္ဆင္ခဲ့ပါတယ္။ ျပင္ဆင္တဲ့လုပ္ငန္းကို ၁၉၄၈ ေမလမွာ စတင္ခဲ့ပါတယ္။ ပစၥည္းရွားပါးၿပီး လမ္းပန္းဆက္သြယ္ေရး ခက္ခဲတာေၾကာင့္ ၁၉၅၁ ဩဂုတ္လေရာက္မွ ၿပီးစီးခဲ့ပါတယ္။ ဂုတ္ထိပ္တံတားႀကီးဟာ ကိုလိုနီေခတ္က တံတားျဖစ္ေပမယ့္ ႏိုင္ငံတကာစံ၊ ႏိုင္ငံတကာ ပစၥည္းေတြသုံးၿပီး စနစ္တက်တည္ေဆာက္ခဲ့တဲ့ ေရွးေဟာင္းတံတားႀကီးျဖစ္ပါတယ္။
ဦးေဝလင္း
Ref – Britainica, စြယ္စုံက်မ္း
ctdPucciLay
ေနာ္ဂဲလယ္ထူး (စာေပရဟိတ)
GoodLuck
