ရေကူးခြင်း၏ အံ့ဩဖွယ်ရာ ကျန်မာရေး အကျိုးကျေးဇူး ၇ချက်

Health Knowledge

ရေကူးခြင်းကို ပုံမှန်လေ့ကျင့်ခန်းတစ်ခုအဖြစ်ပြုလုပ်ခြင်းဟာ သင့်ခန္ဓာကိုယ်၌ နှလုံးနဲ့ သွေးလည်ပတ်မှု ကောင်းစေသော နည်းလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ဆက်နွယ်သော အခြားအရာများ အတွက် ရေကူးခြင်းရဲ့ အံ့ဩဖွယ်ရာ ကောင်းကျိုးများစွာ ရှိပါတယ်။

၎င်းသည် သင့်ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများဖြစ်‌စေပြီး ဒဏ်ရာရပြီးလျှင် ကြံ့ခိုင်မှုပြန်ရနိုင်ပြီး ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း ကူးနိုင်ပါတယ်။
ပုံမှန်ရေကူးခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူး ၇ချက်ကို သိရှိရန် ဆက်လက် ဖတ်ရှူနိုင်ပါတယ်။

၁။ ရေကူးခြင်းဟာ အရိုးအဆစ်များအတွက် ကောင်းစေပါတယ်

သင်ဒဏ်ရာရပြီး ပြန်သက်သာလာတဲ့အခါ ဒါမှမဟုတ် အရိုးအဆစ်များက သက်ရောက်မှု မြင့်မားတဲ့အားစိုက်မှုမလုပ်နိုင်တဲ့အခါ ရေကူးခြင်းဟာ လှုပ်ရှားမှုများအတွက် သက်တောင့်သက်သာဖြစ်စေသော နည်းလမ်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

ရေသည် နာကျင်မှုကိုလျော့ကျစေပြီး အရိုးများကို ပိုမို လွတ်လွတ်လပ်လပ် လှုပ်ရှားစေသောကြောင့် ခန္ဓာကိုယ်အားလေ့ကျင့်ခန်း ပြန်လုပ်ရန် သက်သာစေသော နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။

ကိုယ်ခန္ဓာကြံ့ခိုင်မှုအားနည်းနေတဲ့အခါ ရေကူးခြင်းသည် အရိုးအဆစ်များနဲ့ ကြွက်သားများ လှုပ်ရှားရ အဆင်မပြေခြင်းများကို သက်သာသောနည်းလမ်းကောင်းတစ်ခုဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ အဆစ်များကြောင့် ဖြစ်တဲ့ နာကျင်မှုကို သက်သာစေပါတယ်။

၂။ ရေကူးခြင်းဟာ ကိုယ်ဝန်ဆောင်နေစဉ် လေ့ကျင့်ခန်းလုပ်ရန် ‌နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်

ရေကူးခြင်းသည် ကိုယ်ဝန်ဆောင်နေစဉ် ညင်သာစွာ လေ့ကျင့်ခန်းလုပ်ရန် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

အဲ့တာက ကလေးငယ်ကို ဖိအားမဖြစ်စေပဲ ရေမှာရှိတဲ့ ကျွန်တော်တို့ အလေးချိန်ကြောင့် ရေအောက်တွင် လှုပ်ရှားရန် ပိုမိုလွယ်ကူပါတယ်။

ရေကူးခြင်းဟာ ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆက်နွှယ်သော ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှု ဝေဒနာများကို ပြန်လည် သက်သာစေရန်နှင့် ၀မ်းဗိုက်ကြွက်သားများကို တင်းကျပ်ရန်ကူညီနိုင်ပါတယ်။

၃။ ဒါဟာ ခန္ဓာကိုယ်အပြည့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

ရေကူးခြင်းဟာ ခန္ဓာကိုယ်အောက်ပိုင်းမှ အထက်ပိုင်းအထိ မတူညီတဲ့ ကြွက်သားများစွာကို အသုံးပြုပါတယ်။

မိနစ် ၃၀ကြာ ရေကူးခြင်းသည် ကယ်လိုရီ ၂၀၀ကျော်ကို လောင်ကျွမ်းစေနိုင်သဖြင့် သင့်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ် လေ့ကျင့်ခန်းလုပ်ရန် နည်းလမ်းကောင်းပဲဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

အဲ့ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ်ကြွက်သားများကြံ့ခိုင်မှုနဲ့ နှလုံးသွေးကြောစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ရေကူးခြင်းဟာ ကျန်းမာကြံ့ခိုင်နေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး ကိုယ်အလေးချိန်ကျစေရန်လည်းကူညီပေးပါတယ်။

ဒါဟာ သက်လုံကောင်းစေပြီး သင့်ခန္ဓာကိုယ်ခံနိုင်ရည်အားကို တိုးတက်စေရန် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

၄။ ရေကူးခြင်းသည် သင့်နှလုံးကို ကျန်းမာရွှင်လန်းစေပါတယ်။

ပုံမှန်လှုပ်ရှားနေခြင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြင်းကို လျော့ကျစေပြီး ရေကူးခြင်းဟာ တက်ကြွစွာနေနိုင်ဖို့ အလွန်လွယ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။

ရေကူးခြင်းသည် သင့်ခန္ဓာကိုယ် အနှံ့ သွေးလည်ပတ်မှု ကောင်းစေပြီး နှလုံး‌ အားကောင်းစေရန် ကူညီပေးပါတယ်။

၎င်းဟာ ခန္ဓာကိုယ်အတွင်းရှိ သွေးတွင်သကြားဓာတ်ကို လျော့ကျစေ‌ကြောင်း ပြသခဲ့ပြီး ဆီးချို သွေးချို ရောဂါဖြစ်နိုင်ချေကို လျော့ကျစေကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

ရေကူးခြင်းကို ပုံမှန် လေ့ကျင့်ခန်းတစ်ခုအဖြစ် အသုံးပြုခြင်းဟာ ခန္ဓာကိုယ်၌ သွေးလည်ပတ်မှု ကောင်းစေတဲ့ နည်းလမ်း ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

၅။ ရေကူးခြင်းဟာ မိသားစုနဲ့ အချိန်ဖြုန်းရန် ကောင်းတဲ့ နည်းလမ်း တစ်ခုပဲ ဖြစ်ပါတယ်။

မိသားစုနဲ့အတူ ရေကူးခြင်းဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေပြီး အပြုသဘောဆောင်စေရန် ကူညီပေးပါတယ်။ ဒါဟာ လူအများကို စိတ်အပန်းပြေတည်ငြိမ်စေပြီး စိတ်စွမ်းအင်ကို ပြည့်ဝစေပါတယ်။

ထို့ကြောင့် စိတ်ဖိစီးမှုများကို အများကြီး သက်သာစေပါတယ်။ ၎င်းသည် လူကြီးများအတွက်ရော၊ ကလေးများအတွက်ပါ အံ့ဩဖွယ်ကောင်းသောလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကလေးများ၏ ဘ၀သို့ အပြုသဘောဆောင်တဲ့ လေ့ကျင့်ခန်းကို မိတ်ဆက်ပေးသော ပျော်စရာနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ရေကူးခြင်းဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေပြီး စိတ်ခံစားမှုကောင်းစေတဲ့ ခန္ဓာကိုယ်၌ endorphinsလို့ခေါ်တဲ့ ဓာတုဓာတ်တစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။

၆။ ရေကူးခြင်းဟာ ပန်းနာရင်ကျပ်သမားများအတွက် ကောင်းပါတယ်။

မိုးလုံလေလုံရေကူးကန်အတွင်း၌ စိုထိုင်းနွေးထွေးသောလေသည် ပြင်းထန်တဲ့အပြင်ဘက်‌လေ ဒါမှမဟုတ် Gym ခန်းမထဲမှာရှိတဲ့‌ ခြောက် သွေ့သောလေထက် လေ့ကျင့်ခန်းကြောင့်ဖြစ်လာတဲ့ လက္ခဏာများကို ပြန်လည်ခံစားစေရန် မကြာခဏကူညီပေးပါလိမ့်မယ်။

ရေကူးခြင်းသည် ရေရှည်ဝေဒနာခံစားနေကသော ပန်းနာရင်ကျပ်သမားများကို ကောင်းမွန်တိုးတက်စေကြောင်းပြသခဲ့ပြီး ပုံမှန်ရေကူးခြင်းဟာ အဲ့တာအတွက် ပိုပြီးတော့တောင်ကောင်းစေပါတယ်။

၂၀၀၇ ခုနှစ် Scientific World ဂျာနယ်မှလေ့လာမှုတစ်ခုတွင် ပန်းနာရင်ကျပ် ရောဂါခံစားနေရသော အရွယ်ရောက်သူ ၆၅ ဦး ပါဝင်ခဲ့ပါတယ်။

သူတို့သည်ခြောက်လအကြာတွင်ပိုမိုကောင်းမွန်တဲ့ အဆုတ်လုပ်ဆောင်မှုများ ရှိလာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ တုံ့ပြန်မှုများ လျော့ နည်းသွားကြောင်း အစီရင်ခံခဲ့ပါတယ်။

၇။ ရေကူးခြင်းဟာ ခန္ဓာကိုယ်ကိုအေးမြစေရန်ကူညီပေးပါတယ်။

ချွေးထွက်ခြင်းနဲ့ ပူအိုက်သောရာသီဥတုက လူတွေကို လေ့ကျင့်ခန်းခဏခဏလုပ်စေနိုင်ပါတယ်။

အထူးသဖြင့် လေ့ကျင့်ခန်းလုပ်နေစဉ် သင့်ခန္ဓာကိုယ်က အပူလွန်ကဲလာလျှင် ရေကူးခြင်းဟာ တက်ကြွလန်းဆန်းစေတဲ့ နည်းလမ်‌ကောင်း တစ်ခုပဲဖြစ်ပါတယ်။

ရေအပူချိန်ဟာ ခန္ဓာကိုယ်အတွက် အေးမြစေပြီး ကြွက်သားများကိုပြေလျော့စေပါတယ်။ ၎င်းဟာ သင့်ခန္ဓာကိုယ်အပူချိန်ကို အေးစေပြီးသင့် အသားအရေကိုလည်း အေးမြစေပါတယ်။

သင်က ချွေးထွက်တာကို စိုးရိမ်ပါက ရေကူးကန်သည် သင့်ခန္ဓာကိုယ်အပူချိန်ကို အေးမြစေပြီး မလိုလားအပ်သောချွေးများကို ဖယ်ရှားပေးပါ လိမ့်မယ်။

ရေကူးခြင်းဟာ လူငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ ကျန်းမာကြံ့ခိုင်စွာ အတူတကွနေထိုင်လိုသူအားလုံးအတွက် စွယ်စုံရနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

သင့်နှလုံးကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ သင်ကိုယ်တိုင်အ‌တွက် ရေကူးပြီး အ ကျိုး ကျေးဇူးများကို ခံစားကြည့်လိုက်ပါ။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *