မော်တော်ဆိုင်ကယ်များကို အနောက်နိုင်ငံများတွင် ပိုမို လူကြိုက် များလာသည်ဟု ဆိုရသည်မှာ စိတ်ချရမှု ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း သွားလာရေးအတွက် အသုံးပြုနေသည့် အဓိက ယာဉ်မှာ မော်တော်ဆိုင်ကယ်များပဲ ဖြစ်ပါတယ်။
မနှစ်က တနှစ်ထဲမှာ ဗြိတိန်တွင် မော်တော်ဆိုင်ကယ် မှတ်ပုံတင်မှု ၁.၃ သန်းကျော်ရှိခဲ့ပြီး ဒီ ပမာဏဟာ ယခင်နှစ်များထက် သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။
မော်တော်ဆိုင်ကယ်များကို ချစ်မြတ်နိုးကြသူများအတွက် ဆိုင်ကယ်များဟာ သင့်စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုနည်းနဲ မြှင့်တင်ပေးနေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

မော်တော်ဆိုင်ကယ်စီးခြင်းဟာ သိမြင်နိုင်စွမ်းကို တိုးတက်စေပါတယ်
နာမည်ကြီး Nintendo Brain Training ဂိမ်းများ၏ နောက်ကွယ်မှ ဒေါက်တာ Ryuta Kawashima ၏ ၂၀၀၉ ခုနှစ်က လေ့လာမှု တခုမှာ သတ်လတ်ပိုင်း မော်တော်ဆိုင်ကယ် စီးသူများဟာ ၂ လကြာ နေ့စဉ် မောင်းနှင်ပြီးနောက် ၎င်းတို့၏ ဥာဏ်ရည်ဥာဏ်သွေးတွေ တိုးတက်လာတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီသက်ရောက်မှုတွင် အာရုံစူးစိုက်မှု တိုးတက်လာခြင်း နှင့် စိတ်ဖိစီးမှု လျော့ကျစေခြင်းတို့ ပါဝင်နေတာကို တွေ့ရပါတယ်။
အထူး သဖြင့် စိတ်ဖိစီးမှု များသည့် ပတ်ဝန်းကျင်တွင် အလုပ်လုပ်ပါက အာရုံစိုက်မှု တိုးတက်လာမှုဟာ စိတ်ကျန်းမာရေး တခုလုံးအတွက် သက်ရောက်မှုရှိနေပါတယ်။
ဒါ့ကြောင့် မော်တော်ဆိုင်ကယ် ပုံမှန်မောင်းနှင်ခြင်းဟာ ဒီလို ကောင်းကျိုးရှိနေတယ်ဆိုတာကို သိပ္ပံနည်းကျ အထောက်အထား အခိုင်အလုံ ရှိနေတာ တွေ့ရမှာပါ။
ကုထုံးအဖြစ် မောင်းနှင်ခြင်း
နေ့စဉ် အလုပ် သွားခြင်း သို့မဟုတ် နေထိုင်သည့် နေရာ တဝိုက် အပျော်အဖြစ် ဆိုင်ကယ်ဖြင့် လှည့်ပတ် သွားလာခြင်း ဟာ ဦးနှောက်ကို အသက် ရှုချောင်စေတဲ့အတွက် အလွန်အရေးကြီးပါတယ်။
ဆိုင်ကယ်မောင်းနှင်နေစဉ်မှာ သတိထားသည့် အလုပ်ကို အမှတ်မထင် လေ့ကျင့်မိသည်သာ မက လမ်းကြောင်းနှင့် ဖြစ်နိုင်ချေရှိသည့် အတားအဆီးများကိုလည်း သတိပြုမိစေပါတယ်။
ဒါ့ကြောင့် ရင်းနှီးပြီးသော ပတ်ဝန်းကျင်မှ ကိုယ့်ကိုကိုယ် ဖယ်ရှားပြီး ပျော်စရာကောင်းသည့် အလုပ်တခုကို ထိတွေ့နေရသလို ခံစားစေရပါတယ်။

တယောက်ထဲ ဆိုင်ကယ်မောင်းနှင်ခြင်းဟာ ခေါင်းကို ကြည်လင်စေပြီး ပိုမိုပြတ်သားသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ကာ ခက်ခဲ ကြမ်းတမ်းသည့် စိတ်ခံစားမှုများကိုလည်း ဖြတ်သန်းနိုင်စေပါတယ်။
ဆွဲဆောင်မှုရှိသော ဝါသနာတခု
ဆိုင်ကယ်ဟာ ပြိုင်ဆိုင်မောင်းနှင်ခြင်းမှသည့် စက်ပိုင်းဆိုင်ရာအထိ စိတ်ဝင်စားစရာများ ပြည့်နှက်နေသည့်အတွက် ယာဉ်တစီးထက်ကို ပိုမို အဓိပ္ပါယ်ရှိတဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။
ဆိုင်ကယ်မောင်းနှင်ခြင်းဟာ အသုံးဝင်ခြင်းထက် ဝါသနာဘက်ကို ပိုမို အကဲသာစေပြီး အခုမှ စပြီး ဆိုင်ကယ်မောင်းသင်ရင်တောင် ကြိုစားအားထုတ်မှုဟာ ပျော်ရွှင်မှုအတွက် ဆုလဒ်တခုလို ခံစားရပါတယ်။
ဒါဟာ ဦးနှောက် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် ကျွမ်းကျင်မှု အသစ်တခုကို သင်ယူတာလည်း ဖြစ်ပါတယ်။
မိတ်ဆွေသစ်များ ရရှိနိုင်ခြင်း
မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်းဟာ မိတ်ဆွေသစ်များနှင့် အဆက်အသွယ်များ ရရှိနိုင်ဖို့ သေချာတဲ့ နည်းလမ်းတခုဖြစ်ပြီး စိတ်အာဟာရ ဖြစ်စေပါတယ်။

မော်တော်ဆိုင်ကယ်ကလပ်များ ဖွဲပြီး ကြိုတင်စီစဉ်ထားသော လမ်းကြောင်းများတလျှောက် အတူ မောင်းနှင်ကြခြင်း၊ စုစည်း တွေ့ဆုံကြခြင်း နှင့် ကော်ဖီသောက်ရန် နေရာတခုတွင် ပြီးဆုံးကြခြင်းဟာ biker များအတွက် ထုံးစံလိုလိုပါ။
ဝါသနာတူများ ဆုံစည်းပြီး ဆိုင်ကယ်နှင့် ပတ်သက်သည်များ ပြောဆိုဆွေးနွေးနိုင်ဖို့ ကြီးမားတဲ့ အွန်လိုင်း အသိုင်းအဝိုင်းများတောင် ရှိကြပါတယ်။
ဒီ အသိုင်းအဝိုင်းတွေ အားလုံးဟာ တယောက်ထဲ ရုံးကန်နေရတဲ့ သူများအတွက် အရေးပါပြီး ၎င်းတို့ နှစ်သက်သည့် အရာများကို သတိပေးဖို့ စိတ်တူ ကိုယ်တူ လူတစု ရှိရုံသာမက အခြေအနေ ပိုဆိုးလာပါက သူငယ်ချင်း အသစ်များ၏ ပံ့ပိုးကူညီမှု ကွန်ယက်လဲ ရှိနေမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။