ပူပြင်းလှတဲ့ ရာသီတွင် ရေနွေးပူပူ သောက်ခြင်း၏ အကျိုး

Health Knowledge

နွေရာသီမှာ လက်ဖက်ခြောက် ရေနွေး ပူပူသောက်သုံးခြင်းဟာ သင့်ရဲ့ စိတ်ကို အမှန်တကယ် အေးချမ်းစေမှာ ဖြစ်ပါတယ်။

ပူပြင်းလှတဲ့ နွေရာသီဟာ သင့်ကို အအေးတခွက် သောက်ဖို့ စွဲဆောင်ကောင်း စွဲဆောင်ပါလိမ့်မယ်။

ဒါပေမဲ့ ဒီနေရာမှာ ရေနွေး တစ်ခွက်ဟာ ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။

သင့်ရဲ့စိတ်ကိုအေးချမ်းမှုရအောင် ကူညီဖို့အတွက် အအေးသောက်ရန် ဆွဲဆောင် ခံရသော်လည်း အံ့သြဖွယ်ကောင်းလောက်အောင် လ္ဘက်ရည်ပူပူ နှင့် ကော်ဖီပူပူ များက အမှန်တကယ်ထိရောက်ရှိတာ တွေ့ရပါတယ်။

၂၀၁၂ ခုနှစ် Ottawa တက္ကသိုလ်မှ သုတေသီများရဲ့ လေ့လာမှုတစ်ခုအရ ပူနွေးတဲ့အရည်များသောက်ခြင်းသည် ခန္ဓာကိုယ်အပူချိန်ကိုအကျိုးသက်ရောက်မှုရှိတာ တွေ့ရပါတယ်။

Illustration
ရလဒ်များအရ ရေနွေးပူပူသောက်ခြင်းဟာ ခြောက်သွေ့တဲ့ အခြေအနေတွေမှာတောင်မှ သင့်ရဲ့စိတ်ကို အေးချမ်းစေမှာ ဖြစ်ပါတယ်။

Smithsonian Magazine မှ လေ့လာသူ စာရေးဆရာအများကြီးထဲမှ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Ollie Jay ရဲ့ ရှင်းပြချက်အရ

” သင်ရေနွေးတစ်ခွက်သောက်လျှင် ရလဒ်အနေနဲ့ သင့်ခန္ဓာကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အပူပမဏကိုလျော့ချပေးပါတယ်။”

၎င်း ပူနွေးနွေးရေကိုသောက်သုံးခြင်းဟာ ထွက်လာတဲ့ချွေးအပိုတွေကိုလည်း အငွေ့ပျံ စေတာကို တွေ့ရပါတယ်။ “

Illustration
အခြေခံအားဖြင့် သင်ဟာ ရေနွေးတစ်ခွက် သောက်မိတဲ့အခါမှာ ချွေးပိုထွက်စေပါတယ်။

ချွေးများ အငွေ့ပျံသွားပါက ရေနွေးတွေဟာ ခန္ဓာကိုယ်ရဲ့ ထပ်တိုးအပူချိန်​​နေရာ ​အစားထိုးဝင်ရောက်လာတာကြောင့် သင့်ကို အမှန်တကယ်အေးမြစေမှာဘဲ ဖြစ်ပါတယ်။

ချွေးဟာ သင့် ၏ အရေပြားမျက်နှာပြင်ကနေ အငွေ့ပျံသွားတဲ့အခါ ၎င်း ဟာ ပိုနေတဲ့အပူတွေကို ​ရေကနေ အရည်၊ အရည်ကနေ အငွေ့အဖြစ်သို့ပြောင်းလဲပေးပါတယ်။

သို့သော် စိုစွတ်သောအခြေအနေတွေမှာ ဒီ အအေးဓာတ်တွေ့ဟာ အကျိုးသက်ရောက်မှုနည်းတာတွေ့ရပါတယ်။

ဒါကြောင့် ပူနွေးတဲ့ရေ သောက်သုံးခြင်းဟာ သင့်ကိုအေးမြအောင် ကူညီပေးနိုင်မှာမဟုတ်ပါဘူး။

ဒေါက်တာ Jay ရဲ့ ရှင်းပြချက်အရ အလွန်ပူအိုက်စိုစွတ်တဲ့နေ့တွေမှာ သင်ဟာ အဝတ်အများအပြားဝတ်ထားရင်ဘဲ ဖြစ်ဖြစ် ၊ ချွေးအလွန်ထွက်နေရင်ဘဲဖြစ်ဖြစ် သင့်ခန္ဓာကိုယ် အရေပြားကနေ ချွေးအငွေ့ပျံဖို့ မလွယ်ပါဘူး။

ဒီလိုအ​ခြေအနေမှာတော့ ရေနွေးသောက်သုံးခြင်းဟာ မကောင်းတဲ့ အရာဘဲ ဖြစ်ပါတယ်။

ဒီလိုအ​ခြေအနေမှာ ရေနွေးဟာ ခန္ဓာကိုယ်ကိုအနည်းငယ်ပူစေပြီး အငွေ့မပျံတာ မကူညီဘူးဆိုလျှင်တော့ အအေးကိုသောက်သင့်ပါတယ်။

ခြုံငုံသုံးသပ်ရလျှင် သင်ခန်းစာဟာ ပူပြင်းခြောက်သွေ့သောအခြေအနေတွင် ပူသောအရည်များ သောက်ခြင်းသည် သင့်ကိုအေးမြစေပြီး၊ စိုစွတ်သောနေရာတွင် နေပါက အချိုရည်​​​အေးအေးလေးများကို မှီဝဲခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *