အင်းဆက်များကို စားသုံးခြင်းဟာ ကမ္ဘာကြီးကို အထောက် အကူ ဖြစ်စေနိုင်တဲ့ အကြောင်း

Article Science

နယ်သာလန်ရှိ Wageningen တက္ကသိုလ်မှ သုတေသီ Marcel Dicke က နှစ် 20 ကျော်ကြာ ယုံကြည်စိတ်ချရတဲ့ အစား အစာ အရင်းအမြစ် တစ်ခု အဖြစ် အင်းဆက်ပိုးမွှားတွေကို လေ့လာဆန်းသစ်မှုတွေကို ပြုလုပ်ခဲ့ပြီး

“ကိုလံဘီယာက ပုရွက်ဆိတ်တွေ၊ တရုတ်က ပုဇဥ်းတွေ၊ ကျိုင်းကောင်တွေ နဲ့ ခြကောင်တွေကို စားဖူးတယ်” ဟု The Insect Cookbook ရဲ့ တွဲဖက်ရေးသားသူဖြစ်တဲ့ ဇီဝဗေဒပညာရှင်က IE ကို ပြောပြခဲ့ပါတယ်။

အင်းဆက် တော်တော်များများမှာ ပါဝင်တဲ့ အာဟာရ ပမာဏက အမဲသား သို့မဟုတ် ဝက်သားတွေမှာပါတဲ့ အာဟာရပမာဏနဲ့ ဆင်တူတယ်ဟု ဆိုပါတယ်။

ကမ္ဘာ့လူဦးရေဟာ 2050 မှာ ကိုးဘီလီယံကျော်အထိ တိုးလာဖို့ ယူဆရပြီး ဒီအတွက်ကြောင့် လူတိုင်းကို ကျွေးမွေးဖို့ အ တွက် စိုက်ပျိုးရေး ထုတ်လုပ်မှု 70 ရာခိုင်နှုန်းခန့် တိုးလာမှာ ဖြစ်ပါတယ်။

အသားစားသုံးမှုကလည်း နှစ်​တွေတစ်လျှောက် မြင့်တက်လာမှာဖြစ်ပြီး လာမယ့် မကြာမီ နှစ်တွေအတွင်း လူတွေအတွက် မလုံ လောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

ဒါ့ကြောင့် အင်းဆက်ပိုးမွှားတွေဟာ ပြီးပြည့်စုံတဲ့ ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။

အစားအစာအတွက် အင်းဆက်ပိုးမွှားများကို စားသုံးမှု ကြီးထွားလာခြင်းဟာ အလွန်ထိရောက်တယ်ဟု အင်းဆက်စားသုံးမှုကို ထောက်ခံအားပေးသည့် TEDGlobal 2010 မှာ ပြောကြားခဲ့ပါတယ်။

မကြာသေးမီက လေ့လာမှုအရ အင်းဆက်များကို စားသုံးခြင်းဟာ အပင်တွေပေါ်မှာ ပြင်းထန်စွာ သက်ရောက်မှု ရှိကြောင်း Dicke ဆိုပါတယ်။

မတ်လ 2 ရက်နေ့ထုတ် Trends in Plant Science ဂျာနယ်တွင် ထုတ်ဝေခဲ့တဲ့ သဘောထားစာတမ်းမှာဆိုရင် Dicke နှင့် လုပ်ဖော်ကိုင်ဖက်တွေဟာ သီးနှံများဆုံးရှုံးမှုကို မြှင့်တင်နိုင်ဖို့အတွက်အင်းဆက် အစာမှ စွန့်ပစ်ပစ္စည်းများကို အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများကို စူးစမ်းလေ့လာခဲ့ကြပါတယ်။

ဒီနည်းလမ်းဟာ အပင်ကြီးထွားမှု၊ ကျန်းမာရေး၊ ဝတ်မှုန်ကူးမှုနှင့် ခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးနိုင်တယ်ဟု ဆိုပါတယ်။

သုတေသနပြုချက်တွေဟာ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းတဲ့ နည်းလမ်းများကို ရှာဖွေဖို့ နှင့် အင်းဆက် ပိုးမွှားတွေက ဘယ်လို အကျိုးပြုနိုင်တာကို သိရှိစေဖို့ ဖြစ်ပါတယ်။

နည်းလမ်းများစွာထဲမှတစ်ခုက အင်းဆက်တွေကို လူသားတွေ စားသုံးတဲ့အခါ ရေရှည်တည်တံ့တဲ့ ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်နိုင်ကြောင်း၊ လက်ရှိအသားတွေဖြစ်တဲ့ အမဲသား သို့မဟုတ် ဝက်သားမဟုတ်တဲ့ အခြားရွေးချယ်စရာတစ်ခုဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ဒါ့အ​ပြင် လူသားစားသုံးဖို့ မသင့်လျော်တဲ့ အစာတွေကိုလည်း အင်းဆက်များအတွက် ကျွေးနိုင်ပါတယ်။

ဥပမာ စားသောက်ကုန် ထုတ်လုပ်ရာမှာ ကျန်ရှိတဲ့ အစေ့အဆန် ၊စားကြွင်းစားကျန်တွေကို အင်းဆက်များက စားသုံးနိုင်ပါတယ်။

ဒါ့ကြောင့် လူသားများအတွက် အင်းဆက်တွေက များစွာအကျိုးပြုနိုင်တယ် ဟု Dicke ကဆိုပါတယ်။

အထူးသဖြင့် မိရိုးဖလာ မွေးမြူရေးနှင့် နှိုင်းယှဉ်မယ်ဆိုရင် အင်းဆက်များက စိုက်ပျိုးရေးအတွက်လည်း ထိရောက်မှုရှိပါတယ်။

အမဲသား တစ်ကီလိုဂရမ် ရဖို့ မြက် ၂၅ ကီလိုဂရမ်ခန့် လိုအပ်ပါတယ်။ ၎င်းတူညီတဲ့ပမာဏကိုပဲ စားသုံးနိုင်တဲ့ အင်းဆက်တွေက ပရိုတင်း ၁၀ ဆ ထုတ်ပေးနိုင်ပါတယ်။

အင်းဆက်ပိုးမွှားတွေရဲ့ အကြွင်းအကျန်ဖြစ်တဲ့ exuviae နှင့် frass တို့ကို မြေဆီလွှာထဲ ပေါင်းထည့်တဲ့အခါ အပင်ကြီးထွားမှုနှင့် အပင်ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

အင်းဆက်ပိုးမွှားတွေဟာ အပင်ကြီးထွားမှုအတွက် အဓိကကျသော အာဟာရဓာတ်ဖြစ်တဲ့ နိုက်ထရိုဂျင်ကြွယ်ဝသော်လည်း မြေအများစုမှာတော့ ရှားပါးပါတယ်။ ဒါ့ကြောင့် ဓာတုဓာတ်မြေဩဇာ​တွေကို သီးနှံပင်တွေမှာ မကြာခဏဆိုသလိုပဲ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။

ဒါ့အပြင် ဇီဝထိန်းချုပ်မှုရှိတဲ့ အင်းဆက်ပိုးမွှားများဟာ ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများအသုံးပြုမှုကို လျှော့ချနိုင်ပြီး ရေရှည်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဓာတုမြေသြဇာတွေကို ကောင်းကောင်းအစားထိုးနိုင်သလားဆိုတာဟာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ ” ဘယ်အတိုင်းအတာအထိ အစားထိုးနိုင်သလဲဆိုတာ ပြောဖို့စောလွန်းပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့ ပံ့ပိုးကူညီမှုတစ်ခုတော့ သေချာပေါက်ရမှာပါ” ဟု Dicke ကဆိုပါတယ်။

ပုရစ်တွေမှာဆိုရင် သံဓာတ်၊ ပရိုတင်းနှင့် ဗီတာမင် B12 တို့ပါဝင်တာကြောင့် လူသိများပါတယ်။

မက္ကဆီကို၊ လက်တင်အမေရိက၊ အာဖရိကနှင့် အာရှဒေသတွေမှာဆိုရင် အလွန်ရေပန်းစားတဲ့ နှံကောင်တွေဟာလည်း ပရိုတင်းဓာတ် မြင့်မားပါတယ်။ ပရိုတင်းဓာတ်သာမက ဖက်တီအက်ဆစ်၊ သံဓာတ်နှင့် ကယ်လ်စီယမ်တို့ ကြွယ်ဝတဲ့ ပိုးကောင်တွေ ဖြစ်ကြပါတယ်။

ပုရွက်ဆိတ်တွေဟာဆိုရင် သံပုရာသီးအရသာရှိတယ်ဟု ဆိုကြပြီး တောင်အမေရိကနှင့် အိန္ဒိယမှာ အဆင့်မြင့်ဟင်းလျာတွေအတွက် အသုံးပြုကြပါတယ်။

ဥရောပမှာတော့ အင်းဆက်ပိုးမွှားများကို မွေးမြူခြင်းအတွက် တင်းကျပ်တဲ့ စည်းမျဉ်းများ ရှိပါတယ်။

နောက်ဆုံးအနေနဲ့ အင်းဆက်ပိုးမွှားတွေဟာ အာဟာရဓာတ်ကြွယ်ဝရုံသာမက စိုက်ပျိုးရေးကိုပါ အထောက်အကူဖြစ်စေတဲ့အတွက်ကြောင့် လူသားတွေကို များစွာအကျိုးပြုနိုင်မှာ ဖြစ်ကြောင်း Dicke ကဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.