လေ့ကျင့်ခန်းလုပ်ခြင်းဟာ နေ့စဥ်ဘဝရဲ့ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ကျန်းမာအောင် နေထိုင်ရန် နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်တယ်။
တစ်နေ့လျှင် လေ့ကျင့်ခန်းအများမဟုတ်ရင်တောင်မှ အနည်းဆုံးတစ်ကြိမ်လောက်တော့ လုပ်သင့်တယ်လို့ တိုက်တွန် းအပ်ပါတယ်။
လေ့ကျင့်ခန်းလုပ်တာဟာ တခြားဘာအကျိုးကျေးဇူးတွေ ရရှိပါသလဲ။
ဒီနေရာမှာ လေ့ကျင့်ခန်းလုပ်ခြင်းကို အားပေးသော ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ချက်က သင်ကိုယ်တိုင် အားကစား လုပ်ချင်လာအောင် တွန်းပို့ခြင်း နှင့် ပိုမိုတက်ကြွလာစေခြင်း တို့ကို ဖြစ်စေ ပါလိမ့်မယ်။
(၁) လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကို ရောဂါကြီးများ ဖြစ်ပွားနိုင်ခြေမှ လျော့ချပေးနိုင်တယ်
လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူသားများ၏ သဘာဝ လုပ်ဆောင်ချက်ဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း၏ အဓိက အကျိုးကျေးဇူး များစွာထဲက တစ်ချက်ကတော့ သင့်ရဲ့ ဖျားနာမှု အန္တရာယ်ကို လျော့ကျစေတယ်။
ကင်ဆာ ၊ ဆီးချို နှင့် လေဖြတ်ခြင်း ကဲ့သို့သော ရောဂါကြီးများသည် လူသားများကိုအမြဲ ခြိမ်းခြောက်နေသော်လည်း လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကို ရောဂါကြီးများ ဖြစ်ပွားမှု အန္တရာယ်ကို သိသိသာသာ လျော့ချပေးနိုင်တာ တွေ့ရတယ်။

UK မှာရှိတဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) အရ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူတွေဟာ ဆီးချိုရောဂါ အမျိုးအစား ၂ မျိုး ဖြစ်နိုင်ခြေ ကို ၅၀ ရာခိုင်နှုန်းအထိ လျော့ချပေးကြောင်း ဆေးပညာအရ သက်သေပြပြီး ဖြစ်ပါတယ်။
အူမကြီးကင်ဆာ ဖြစ်နိုင်ချေကိုလည်း ၅၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်ပါတယ်။
အမျိုးသမီးများအနေနဲ့ကတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ကို ၂၀ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ရတယ်။
(၂) ပုံမှန် လေ့ကျင့်ခန်း လုပ်တာက သင့် စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်
လေ့ကျင့်ခန်းလုပ်တာဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကောင်းရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတိုးတက်ကောင်းမွန်အောင် ကူညီပေးပါတယ် ။ နောက်ပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။
ဒီဖြစ်စဥ်ရဲ့ တစ်စိတ်တစ်ပိုင်းသည် သင့်ရဲ့ဦးနှောက်တွင် Dopamine နှင့် Endorphins တို့ကို ထုတ်လွှတ်ပေးပါတယ်။
ဒါဟာ သင့်ကိုပျော်ရွှင်စေတဲ့အရာဖြစ်ပါတယ်။ သင်လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်ထဲမှာ ဖြစ်ပျက်နေတာတွေက ဒီအကျိုးကျေးဇူးတွေတင်မကပါဘူး။ ဦး နှောက်ဟာ သင့်အား စိတ်ဖိစီးမှု နှင့် စိုးရိမ်ပူပန်စေသော ဓာတုပစ္စည်းများကို စတင်ဖယ်ရှားတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ခံစားမှုကိုဖော်ပြခြင်း နှင့် ထုတ်လွှတ်ခြင်းတို့အတွက် ထွက်ပေါက်တစ်ခုလည်းဖြစ်တယ်။ ပုံမှန်လေ့ ကျင့်ခန်းလုပ်ခြင်းသည် စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေကို ၃၀ ရာခိုင်နှုန်း လျော့ကျစေတယ်။
(၃) လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦးနှောက်ကို ကောင်းကျိုးပြုတဲ့ ဓာတုပစ္စည်းများထုတ်လွှတ်ပေးပြီး အန္တရယ်ဖြစ်စေသည့် ဓာတုပစ္စည်းများကို ဖယ်ရှားပေးပါတယ်။
ဆိုလိုတာက သင့်ရဲ့ စိတ်ဖိစီးမှု နှင့် ပူပန်ကြောင့်ကြမှု တွေကို လျော့ချပေးလို့ သင့်ကို ညမှာကောင်းကောင်းမွန်မွန် နှစ်နှစ်ခြိုက်ခြိုက်ပျော်ရန် ကူညီပေးပါလိမ့်မယ်။

အချို့လူများက dopamine ထုတ်လွှတ်မှု မြင့်မားသောကြောင့် ၎င်းတို့သည် ချက်ချင်း အိပ်ပျော်နိုင်ပါတယ်။(အချို့လူတွေကတော့ အချိန် လိုပါတယ်)
ကျွန်ုပ်တို့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကျွန်ုပ်တို့၏ ကိုယ်အပူချိန် မြင့်တက်လာပြီး တစ်ခါတစ်ရံ ဒီလှုံ့ဆော်မှုတွေက ခန္ဓာကိုယ်ကို ပိုမို နိုးကြားလာတာကို ခံစားရပါတယ်။
အဓိက ခန္ဓာကိုယ် အပူချိန်ကျဆင်းရန် မိနစ် ၃၀ မှ မိနစ် ၉၀ ကြာတက်ပြီးနောက် သင် အိပ်ငိုက်သလို ခံစားရပါလိမ့်မယ်။ ဒါကြောင့် နေ့ခင်းဘက်တွေ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ အိပ်ပျော်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။
နေ့ခင်းဘက် လေ့ကျင်ခန်းလုပ်ခြင်းကြောင့် အိပ်ငိုက်စေခြင်းဟာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်သူတွေအတွက် ဖြစ်ပါတယ်။ တစ်ချို့လေ့ကျင့်ခန်းအမျိုးအစားတွေက ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။
လေ့ကျင့်ခန်းများအားလုံး ပြင်းပြင်းထန်ထန် လုပ်ရတာ မဟုတ်ပါဘူး၊ ယောဂ ကဲ့သို့ တရားထိုင်ခြင်းနဲ့တူသော လေ့ကျင့်ခန်းများကို အားကစားသမားများအနေနှင့် မြက်ခင်းပြင်ကွင်းထဲ မဝင်ခင် လေ့ကျင့်နိုင်တယ် ဟု အကြံပြုပါတယ်။
ဦးနှောက်ထဲမှာ ဓာတုပြောင်းလဲမှုတွေဖြစ်ပေါ်တာဟာ အိပ်စက်ခြင်းကိုပိုမိုကောင်းမွန်စေပါတယ်။ သင့်ဟာ ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေ နဲ့ မောပန်းမှုတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်ဟာ အနားယူဖို့လိုအပ်နေပြီဟု ဆိုလိုပါတယ်။
(၄) တစ်ချို့လေ့ကျင့်ခန်းများသည် အသက်ရှုခြင်း နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေး ကို တိုးတက်ကောင်းမွန်စေတယ်
ယောဂ ကဲ့သို့သော လေ့ကျင့်ခန်းများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ အသက်ရှုလေ့ကျင့်ခန်းများပြုလုပ်ခြင်းဟာ အဆုတ်စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။

အသက်အောင့်ထားရန်လိုအပ်သော ရေကူးအားကစားများအနေနှင့် အသက်ရှုလေ့ကျင့်ခန်းများသည် သူတို့၏ အဆုတ်စွမ်းရည်ကိုတဖြည်းဖြည်း မြင့်တင်ရန် နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်။
အသက်ရှုလေ့ကျင့်ခန်းတွေက သင့်ကို အောက်စီဂျင်ပိုရှုနိုင်စေပြီး သင့် စွမ်းဆောင်ရည် ပိုကောင်းစေရန် နှင့် သင့်ကျန်းမာရေးကို ထိန်းသိမ်းရန် နည်းလမ်းကောင်းလည်း ဖြစ်တယ်။
(၅) လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ခန္ဓာကိုယ် ဟန်ချက်ကို မြှင့်တင်ပေးပါတယ်
ယောဂ၊ ကျွမ်းဘား ၊ ရေလွှာလှိုင်းစီးခြင်း နှင့် လှော်ခတ်ခြင်း စတဲ့ ဟန်ချက်ညီ အားကစားများစွာရှိပါတယ်။
ဒီအရာအားလုံးဟာ ခန္ဓာကိုယ်အလေးချိန် ပျံ့နှံမှုကို အာရုံစိုက်ရန် နှင့် အားကစားတစ်ခုမှာ ဟန်ချက်ညီညီ ဘယ်လို အသုံးချရမလဲ ဆိုတာကို အားပေးပါတယ်။
အဓိက ကြံ့ခိုင်မှုရှိသော ခန္ဓာကိုယ်တည်ဆောက်ခြင်းသည် သင့်ရဲ့ရေရှည်ကျန်းမာရေးအတွက်အရေးကြီးသော ဟန်ချက်ညီမှု ရရှိအောင် ကူညီပေးပါတယ်။
ထိုအတွက်ကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ သင်အသက်ကြီးလာတာနှင့်အမျှ ခန္ဓာကိုယ်ဟန်ချက်တွေ နှင့် အဓိက ကြံ့ခိုင်မှုတွေ ကျရောက်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျော့ချပေးပါတယ်။
(၆) လေ့ကျင့်ခန်းလုပ်ခြင်းဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျော့ချပေးပါတယ်
လေ့ကျင့်ခန်း လုပ်တဲ့နေရာမှာ ပုံစံအမျိုးမျိုးရှိပါတယ်၊ ဒါပေမဲ့ ကျွနိုပ်တို့ဟာ အလယ်အလတ် သို့မဟုတ် ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင်တော့ နှလုံးဟာ အပြည့်အဝ အလုပ်လုပ်ရပါတယ်။

လေ့ကျင့်ခန်းလုပ်နေတဲ့အချိန် နှလုံးဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်တစ်ခုလုံးကို တက်နိုင်သမျှလျင်မြန်စွာ သွေးတွေကိုစုပ်တင်နေရပြီး ကျွနိုပ်တို့ blood cells တွေဟာ အောက်စီဂျင် ပိုမိုရရှိရန်လိုအပ်သောကြောင့် အသက်ရှုရတာတောင် ပင်ပန်းလာပါတယ်။
နှလုံးအလုပ်လုပ်ခြင်း နှင့် သွေးစီးဆင်းမှုကို အားပေးခြင်းသည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်အား ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်ကူညီပေးပါတယ်။
နှလုံးခုန်နှုန်းတိုးစေသည့် ပုံမှန်လေ့ကျင့်ခန်းသည် သင့်ကို နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေမှ ၃၅ ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်။ လေဖြတ်နိုင်ခြေကိုလည်း ၃၅ ရာခိုင်းနှုန်းအထိ လျော့ကျစေတာကိုလည်း တွေ့ရပါတယ်။
(၇) လေ့ကျင့်ခန်းများများလုပ်ခြင်းက သင့် ကြွက်သားတွေနဲ့ အရိုးတွေ သန်မာလာစေပါတယ်
ကျွနိုပ်တို့ ကြွက်သားတွေနဲ့ အရိုးတွေ သန်မာစွာအလုပ်လုပ်နိုင်ရန်အတွက် အလှုပ်အရှားကလဲ အရေးကြီးပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းက တင်ပါးဆုံရိုးကျိုးနိုင်ခြေကို ၆၈ ရာခိုင်နှုန်းအထိ လျော့ချပေးပါတယ်။
သင်ဟာ လေ့ကျင်ခန်း ပုံမှန်လုပ်ပါက osteoarthritis လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပွားနိုင်ခြေကို ၈၃ ရာခိုင်နှုန်းအထိ လျော့ချပေးပါတယ်။
(၈) လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သင့် ခုခံအားစနစ်ကို မြင့်တင်လိုက်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းသည် သင်၏ခုခံအားစနစ်ကိုအားကောင်းစေပြီး ဆဲလ်များကိုအားကောင်းစေပါတယ်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးစီးဆင်းမှုသည် မြင့်တက်လာပြီး ကျွန်ုပ်တို့၏ဆဲလ်များ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။

စိတ်ဖိစီးမှုလျော့ကျခြင်း နှင့် ရောင်ရမ်းနာကျင်ခြင်း တွေ ဖြစ်တဲ့အခါ ဘတ်တီးရီးယားများ၊ သေဆုံးပြီး မလိုလားအပ်တဲ့ ဆဲလ် များကို ချွေးနဲ့အတူတူသော်လည်းကောင်း၊ အသက်ရှုထုတ်၍ သော်လည်းကောင်း ဖယ်ထုတ်ပေးပါတယ်။
ဒီလို ဖယ်ထုတ်ပေးပြီးနော် ဆဲလ်အသစ်များ ပြန်လည်ဖြစ်ပေါ်လာပါတယ်။ ဒါဟာ သင့် လက်ရှိဆဲလ်များကို ပိုမိုအားကောင်းလာစေပြီး အကောင်းဆုံးလုပ်ဆောင်လာနိုင်တာတွေ့ရပါတယ်။
(၉) လေ့ကျင့်ခန်းလုပ်တာက သင့်ရဲ့ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ အဝလွန်ခြင်းနှင့် အဝလွန်ခြင်းကဲ့သို့ ကျမ်းမာရေး အခြေအနေများဖြစ်နိုင်ရန် အလားအလာအလွန်နည်းပါးစေပါတယ်။
Diet လုပ်ခြင်းဟာလည်း ခန္ဓာကိုယ်အလေးချိန်ထိန်းရာတွင် အဓိက အခန်းကဏ္ဍမှာ ပါဝင်သော်လည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း ကျန်းမာသော ခန္ဓာကိုယ်အရွယ်အစားကို ထိန်းသိမ်းရန် ကူညီပေးပါတယ်။
ဆိုလိုသည်မှာ အ၀လွန်ခြင်းကို ကာကွယ်ခြင်းဖြင့်ဆီးချိုကဲ့သို့ရောဂါများ ဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးသည် ဟုဆိုလိုပါတယ်။
(၁၀) လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက စိတ်အာရုံစူးစိုက်မှုကို ကူညီပေးပါတယ်
လေ့ကျင်းခန်းလုပ်ခြင်းက သင့် ကြွက်သားတွေနဲ့ အရိုးတွေ အတွက်ဘဲ ကောင်းကျိုးရှိတာမဟုတ်ပါဘူး၊ သင့်ဦးနှောက် အတွက်လည်း ကောင်းကျိုးရှိပါတယ်။
လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ သင့်ကို နာကျင်မှုကိုကျော်လွှားရန် စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေ ပေးပါတယ်။ လူတွေက တစ်ချို့ကိစ္စတွေမှာ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို သည်းခံစိတ်မွေးနိုင်အောင် “အနာမခံ ၊ အသာမစံရ “ဟု တွန်းအားပေး ပြောဆိုတာ တွေ့ရပါတယ်။
ဒါဟာ သင့်ကို စိတ်အာရုံစူးစိုက်မှုရှိအောင် လေ့ကျင့်ပေးတဲ့နည်းလမ်းဖြစ်ပြီး နာကျင်မှုကို အာရုံမစိုက်နိုင်အောင် ကူညီပေးပါတယ်။
လေ့ကျင့်ခန်းလုပ်ရာမှာ သင့်ခန္ဓာကိုယ် အလွန်အမင်း နာကျင်အောင် မလုပ်သင့်ပါဘူး၊ သတိနဲ့ ဆင်ခြင်ပြီး လုပ်သင့်တယ်ဆိုတာ သိသာပါတယ်။

ဒါပေမဲ့ ကောင်းမွန်တဲ့လေ့ကျင့်ခန်းကနေ သင့်ကြွက်သားနာကျင်စေလိုတဲ့ သူတွေအတွက် သင့်ဦးနှောက်ကလည်း လေ့ကျင့်ပေးနေတာ တွေ့ရပါတယ်။ဒ
ါအပြင် လေ့ကျင့်ခန်းလုပ်ရာမှာ ဦးနှောက်နဲ့ အာရုံကြောရောဂါ ဖြစ်ပွားနိုင်ခြေကို ၃၀ ရာခိုင်နှုန်း လျော့ချစေပါတယ်။
နိဂုန်းချုပ်အနေနဲ့ကတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကောင်းမွန်စေပါတယ်။
သင့်ရဲ့နေ့စဥ် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးရန် ခက်ခဲသော်လည်း ရရှိလာတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကြောင့် ကြိုးစားရ ကျိုးနပ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ လက်ငင်းအကျိုးကျေးဇူးများ ခံစားရသည်သာမက သင့်ခန္ဓာကိုယ်အတွက် ရေရှည်အကျိုးကျေးဇူးများလည်း ရရှိနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းသည် သင့်အားနာမကျန်းမှုနှင့်ရောဂါများဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ထို့ကြောင့်သင်၏အသက်ကိုလည်း ရှည်စေနိုင်ပါတယ်။
ဒါကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေများပြားတဲ့အတွက် လက်လွတ်မခံပါနဲ့ လို့ တိုက်တွန်းအပ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။