ခွေးပိုင်ရှင် ဖြစ်ခြင်း၏ သိပ္ပံနည်းကျ အကျိုးကျေးဇူး ၁၀ ချက်

Facts Pets

ကြောင်ချစ်တဲ့ လူတွေနဲ့ ခွေးချစ်တဲ့ လူတွေကြား အငြင်းပွားလေ့ ရှိပေမယ့် အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကို ချစ်ခြင်းဟာ ကျွန်တော်တို့ အားလုံးအတွက်တော့ ကောင်းမွန်တဲ့ အရာတခုပါ။

ဒါပေမယ့် တစ်စုံတစ်ယောက် သင့်ခွေးကို စွန့်လွှတ်ဖို့ ပြောလာခဲ့ရင် သူတို့က လူသားတွေရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ် ကြောင်း သိပ္ပံနည်းကျ အကြောင်းပြချက် အချို့ရှိတယ် ဆိုတာ အသိပေးလိုက်ပါ။

၁။ သင်မကြာခဏ‌ နေမကောင်းမှု လျော့နည်းလာပါတယ်

လူသားများဟာ ရောဂါပိုးမွှားများကို တိုက်ဖျက်နေရတဲ့ စစ်ပွဲ တစ်ခု အလယ်မှာ အမြဲ ရှိနေပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်သည် အမျိုးစုံ‌ရောနှော နေသည့် ရောဂါပိုး အနည်းငယ်နဲ့ ထိတွေ့နေသောကြောင့် အဏုဇီဝ သက်ရှိများ၏‌ ပေါင်း စပ် ဗီဇပစ္စည်း တစ်ခုလုံးဟာ ကမောက်ကမ ဖြစ်လာပါတယ်။

ကံအားလျော်စွာ ခွေးတွေပေါ်မှာ လူ့ ကိုယ်ခံအားကို ကောင်းစေတဲ့ ပိုးမွှားတွေနဲ့ ဖုံးအုပ်ထားပါတယ်။

Illustration

အိမ်တွင်ခွေးရှိခြင်းဟာ ပိုမိုအမျိုးစုံသော ဘက်တီးရီးယားတွေကို အိမ်ထဲသို့ ဝင်ရောက်စေပြီး နေထိုင်သူများနှင့် ထိတွေ့ စေပါတယ်။

လေ့လာမှုတစ်ခုတွင် ခွေးနှင့်ပတ်သက်သော ဇီဝမျိုးစုံမျိုးကွဲ သည်အထူးသဖြင့် ခေါင်းအုံးများပေါ်တွင် ပိုမြင့်မားတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါ့ကြောင့်လည်း ဘက်တီးရီးယား ပေါင်းစုံ ဒဏ်ကို ခံနိုင်လာတာ ဖြစ်မှာပါ။

တဖန် ခွေးရှိသောသူများသည် မကြာခဏ ဖျားနာ နာမကျန်းဖြစ်ခြင်းတို့ နည်းပါးပြီး အထူးသဖြင့် ကြောင်ရှိတဲ့ ကလေး သို့မဟုတ် အိမ်မွေး တိရစ္ဆာန် မရှိတဲ့ သူများထက် အများကြီး ကျန်းမာရေး ကောင်းပါတယ်။

၂။ သင်ဟာ ဓာတ်မတည့်မှုများကို ပိုမိုခုခံနိုင်ပါတယ်

ခွေးအရေပြားမှ ထွက်သည့် အမှုန်အမွှားများဟာ သည် ဓာတ်မတည့်သူများအတွက် အဆင်မပြေတဲ့ အချက်တစ်ခု ဖြစ်နိုင်သော်လည်း ခွေးနှင့်အတူအိမ်တွင် ကြီးပြင်းခြင်းသည် ကလေးများအား သူတို့၏ဘ၀တစ်လျှောက်လုံး ဓာတ်မတည့်မှုဖြစ်နိုင်ချေကိုလျော့နည်းစေပါတယ်။

အကျိုးကျေးဇူးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် စတင်နိုင်ပါတယ်။

Microbiome ဂျာနယ်တွင် ၂၀၁၇ ခုနှစ်က လေ့လာမှုတစ်ခုအရ အိမ်မွေးတိရစ္ဆာန်များ(ခွေးအများစု) နှင့် ကိုယ်ဝန်ဆောင်ချိန်တွင် အတူနေထိုင်သော အမျိုးသမီးဟာ မီးဖွားသည့်အချိန်တွင် အဆိုပါ အိမ်မွေးတိရစ္ဆာန်ဟာ အိမ်မှာ မရှိခဲ့တာတောင် နို့ တိုက်တာတွေ ကိုယ်ဝန် ဆောင်ပုံတွေနှင့် ဆိုင်ပုံမရဘဲ ၎င်း၏ ကလေးများနှင့် ဘက်တီးရီးယား ဖလှယ်မှု ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။

ထိုစမ်းသပ်ခဲ့သော ကလေးများတွင် အများအားဖြင့် ဓာတ်မတည့်မှု၊ ပန်းနာရင်ကျပ်ရောဂါနှင့် အ၀လွန်ခြင်းဖြစ်နိုင်ချေကို လျော့ကျစေပြီး နှင်းခူဖြစ်နိုင်ချေကို ပိုနည်းစေတဲ့ Ruminococcus နှင့် Oscillospira ဆိုတဲ့ ဘက်တီးရီးယား နှစ်မျိုး ရှိပါတယ်။

၃။ သင့်မှာ ပိုမိုကောင်းမွန်တဲ့ နှလုံးကျန်းမာရေး ရှိလာပါမယ်

ခွေးတစ်ကောင် ပိုင်ဆိုင်ခြင်းနှင့် ပတ်သက်သော အရာအားလုံးသည် နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ ခွေးတစ်ကောင်ကို ပွေ့ဖက်ခြင်းသည် နှလုံးခုန်နှုန်းနှင့် သွေးဖိအားကိုလျော့ကျစေပါတယ်။

၂၀၁၇ တရုတ်လေ့လာမှုတစ်ခုက အခြားလေ့လာမှုများက အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များသည် ကိုလက်စထရော အနည်းငယ်လျော့ကျပြီး နှလုံး‌ရောဂါဖြစ်နိုင်ခြေ ပိုများကြောင်း ပြနေချိန်မှာ ခွေးပိုင်ရှင်တွေက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ခြေ ပိုလျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။

၄။ သင်ဟာလေ့ကျင့်ခန်း ပိုလုပ်ဖြစ်ပါတယ်

အခြား အိမ်မွေးတိရိစ္ဆာန်များသည် သင့်ကျန်းမာရေးအတွက် ကောင်းကျိုး သက်ရောက်မှုများ ရှိသော်လည်း ခွေးများသည် တစ်နေ့လျှင်အကြိမ်များစွာလမ်းလျှောက်ရန်နဲ့ ကစားရန် လိုအပ်သော အပိုအကျိုး ကျေးဇူးရှိပါတယ်။

Illustration

ဆိုလိုသည်မှာ ခွေးပိုင်ရှင်များသည် တစ်နေ့လျှင်မိနစ် ၃၀ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် နှလုံးသွေးကြော ဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။

၅။ သင်ဟာ ပိုပျော်လာပါလိမ့်မယ်

ခွေးပိုင်ရှင်တွေက အခြားမပိုင်တဲ့သူတွေထက် စိတ်ဓာတ်ကျခြင်း ခံစားရဖို့နည်းပါတယ်။ ဆေးပညာရှုထောင့်အရ စိတ်ဓာတ်ကျ နေတဲ့သူတွေ အတွက်တောင်မှ အိမ်မွေး တိရိစ္ဆာန်ရှိခြင်းက ကုစားပေးနိုင်ပါတယ်။

ခွေးတစ်ကောင်ကို ပြုစု စောင့်ရှောက်ခြင်းက ပုံမှန် လုပ်ရိုး လုပ်စဉ် တစ်ခု လိုအပ်ပြီး သင့်ကို အနည်းဆုံး တက်ကြွစွာ နေဖို့ တိုက်တွန်းပေးတာကြောင့် ခွေးပိုင်ရှင်တွေက အခြားသူတွေနဲ့ ဆက်ဆံရေးပိုကောင်းပြီး သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုကြည့်ရင်း ပိုစိတ်ချမ်းသာလာနိုင်ပါတယ်။

ခွေးတစ်ကောင်မှ ရရှိသော မေတ္တာနှင့် အပြန်အလှန် ဆက်ဆံခြင်းသည် လူတွေကို အကောင်းမြင်ရန် ကူညီနိုင်ပါတယ်။

သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်ကို ကြည့်ရုံနဲ့တင် ဦး နှောက်ထဲမှာရှိတဲ့ ခံစားလို့ကောင်းတဲ့ဓာတု (oxytocin) ပမာဏကိုတိုးစေပါတယ်။

၆။ သင့်တွင် ပိုမိုတက်ကြွသောလူမှုဘ၀ရှိလာပါတယ်

ခွေးပိုင်ဆိုင်မှုသည် သင်က ယုံကြည်ထိုက်‌ကြောင်း အခြားသူများအား သွယ်ဝိုက်ပြောရုံ သာမက သင်ယုံကြည်ရသော မိတ်ဆွေသည် သူငယ်ချင်းများနှင့် လူမှုကွန်ယက်များကို အဆင်ပြေ ချောမွေ့စေရန် ကူညီနိုင်ပါတယ်။

၂၀၁၅ ခုနှစ်တွင် PLOS One ၌ ထုတ်ဝေခဲ့သော လေ့လာမှုတစ်ခုတွင် ခွေးများသည် ဆက်ဆံရေး အသစ်များ အတွက် အထောက်အကူဖြစ်စေပြီး လူမှုကွန်ယက်များတွင် စည်ကားရ‌န် နည်းလမ်းများ ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Illustration

လေ့လာမှုတစ်ခုတွင်ပင် ခွေးရှိသူများသည် သူတို့ဘဝတွင် လူတွေနဲ့ ပိုနီးစပ်ပြီး အထောက်အပံ့ဖြစ်စေတဲ့ ဆက်ဆံရေးတွေရှိတာကိုလည်း ပြခဲ့ပါတယ်။

၇။ သင်၏ ခွေးသည် ကင်ဆာရှာဖွေသူလည်းဖြစ်နိုင်ပါတယ်

သင့်ခွေးက သင့်အသက်ကို တစ်နေ့မှာ ကယ်တင်နိုင်ပါတယ်။ကျွန်ုပ်တို့၏ ခွေးမိတ်‌ဆွေ များသည် လူ့ခန္ဓာကိုယ်၌ ကင်ဆာကို အနံ့ခံနိုင်စွမ်း ရှိပုံရပါတယ်။

ခွေးများသည် ခန္ဓာကိုယ်ပေါ်တွင်မှဲ့ (သို့) အစိုင်အခဲများရှိနေသော ခွေးပိုင်ရှင်များအား နမ်းရှုံ့လျက်ကြည့်ပြီး စစ်ဆေးကြည့်ရာ ၎င်းသည် ကင်ဆာဖြစ်ကြောင်း တွေ့ရှိခဲ့သော ဖြစ်ရပ်ပေါင်း များစွာရှိပါတယ်။

အဆိုပါ အထောက်အထားများကို သိပ္ပံနည်းကျ လေ့လာမှုများဖြင့် ကျောထောက် နောက်ခံပြုထားပြီး ယခုအခါ ခွေးအချို့ကို ကင်ဆာရောဂါရှာဖွေရန်လေ့ကျင့်ပေးနေပါတယ်။

၈။ သင့်အလုပ်မှာ စိတ်ဖိစီးမှုနည်းလာပါမယ်

ခွေးတစ်ကောင်ကို အလုပ်ကို ခေါ်လာရခြင်းရဲ့ အကျိုးကျေးဇူး တွေက ပိုသိသာလာပြီး ကုမ္ပဏီတွေက ပိုစိတ်ဝင်စားလာပါတယ်။

လေ့လာမှုတွေက အိမ်မွေး တိရစ္ဆာန်တွေနဲ့ ဆက်ဆံမှုရှိတဲ့သူတွေက ‌အလုပ်လုပ်နေစဉ် တစ်နေ့ပတ်လုံး စိတ်ဖိစီးမှုနည်းပြီးတော့ အိမ်မွေးတိရစ္ဆာန်တွေ မ‌ခေါ်လာတဲ့သူတွေက သူတို့ရဲ့စိတ်ဖိစီးမှု အဆင့်တွေကို အချိန်နဲ့အမျှ တိုးလာစေတာကိုပြပါတယ်။

ရုံးရှိခွေးများသည် လူတွေကို အားလပ်ချိန် ပိုယူခြင်း၊ ခွေးနှင့်ကစားခြင်း၊ လမ်းလျှောက်ခြင်း တို့ကို ပြုလုပ်စေပြီး သူတို့အလုပ်သို့ ပြန်လာသောအခါ ပိုမိုအားအင် တိုးစေပါတယ်။ တစ်ဖန် ထိုအရာသည် ပိုမိုကြီးမားသော ကုန်ထုတ်စွမ်းအားနှင့် အလုပ်အကိုင်ကျေနပ်မှုကို ဖြစ်ပေါ်စေကြောင်းပြခဲ့ပါတယ်။

၉။ သင့်ကိုယ်သင် ပိုမိုသိရှိလာနိုင်ပါတယ်

သင့်မှာရှိတဲ့ ခွေးအမျိုးအစားက သင့် ပင်ကိုယ်စရိုက် အကြောင်း အများကြီးပြောပါတယ်။

အင်္ဂလန်မှာလေ့လာမှုတစ်ခုက လူတွေရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ သူတို့ ပိုင်ဆိုင်တဲ့ ခွေးအမျိုးအစားတွေ အကြား အလွန်ရှင်း လင်းတဲ့ဆက်နွယ်မှုကိုတွေ့ရှိခဲ့ပါတယ်။

ဥပမာအားဖြင့် ကစားတဲ့ ခွေးတွေကို ပိုင်ဆိုင်တဲ့သူတွေက ဉာဏ်ရည် ပိုထက်ပါတယ်။ Dalmatians နှင့် ခွေးဘီလူး ကဲ့သို့ အသုံး ဝင်သောခွေးပိုင်ရှင်များသည် တာဝန်အသိတတ်ဆုံးဖြစ်ပါတယ်။

အခြားလေ့လာချက်များအရ ခွေးပိုင်ရှင်များသည် အများအားဖြင့် ကြောင်ပိုင်ရှင်များထက် လူဝင်ပိုဆံ့ပြီး ဖော်ရွေပါတယ်။

Illustration

၁၀။ သင့်ကလေးတွေဟာ ပိုစာနာတတ်လိမ့်မယ်

၂၀၀၃ ခုနှစ် လေ့လာမှုတစ်ခုအရ ကလေးများအုပ်စုတွင် ခွေးပိုင်ဆိုင်မှုနဲ့ စာနာမှုကြား ဆက်စပ်မှုမရှိတာကိုတွေ့ရှိခဲ့ပါတယ်။

၂၀၁၇ခုနှစ်တွင် အသက် ၇ နှစ်မှ ၁၂ နှစ်အရွယ်ကလေးငယ် ၁၀၀၀ ကို လေ့လာကြည့်ရာ မည်သည့် အိမ်မွေး တိရစ္ဆာန်မဆို တွယ်တာခြင်းသည် တိရစ္ဆာန်များအပေါ် သနား ကြင်နာမှုနှင့် အပြုသဘောဆောင်သော သဘောထားများကို အားပေးကြောင်း တွေ့ရှိခဲ့ပါတယ်။

၎င်းသည် ကလေးနှင့် အိမ်မွေးတိရစ္ဆာန်အတွက် ပိုကောင်းတဲ့ကျန်းမာခြင်းကို မြှင့်တင်ပေးပါတယ်။

ခွေးများနှင့် ကလေးများသည် အိမ်မွေးတိရစ္ဆာန်တွယ်တာမှုတွင် အမြင့်ဆုံးအမှတ်ရခဲ့ပြီး လေ့လာမှုတစ်ခုက ခွေးတွေက ကလေးတွေရဲ့ သံ ယောဇဉ်တွယ်တတ်တဲ့အမူအကျင့်ကို တုန့်ပြန်နိုင်သောကြောင့် ကလေးတွေရဲ့ စိတ်ခံစားချက်ကို ထိန်းညှိရန်ကူညီပေးပါတယ်။

ဟုတ်ပါတယ်၊ အိမ်မွေး တိရိစ္ဆာန်တွေကသာ ကလေးငယ်လေးများနှင့် အတူပျော်ရွှင်စွာ ကစားပါလိမ့်မယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 14/8/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *