ပွေ့ဖက်ခြင်းသည် လူသားများအကြား ဘဝအတွက် အရေးအကြီးဆုံးသောအရာများထဲမှတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ဝမ်းနည်းသောအခါ ၊ ပျော်ရွှင်တဲ့အခါ ၊ ဝမ်းမြောက်ဝမ်းသာတဲ့အခါ ပွေ့ဖက်ကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်ယောက်ယောက်ကို ပွေ့ဖက်ဖို့ လိုတယ်လို့ ဘာကြောင့်ခံစားရတာပါလဲ။
ဒါဟာ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့အတွက်လား ( ဒါမှမဟုတ်) လူတွေတဲ့ သဘောသဘာဝ လား။
ပွေ့ဖက်ခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် နှစ်သိမ့်မှုပါပေးနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာကျွန်တော်တို့ဟာ ပွေ့ဖက်ခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူး(၆)ချက်ကို မြင်တွေ့နိုင်ပါတယ်။
(၁) ပွေ့ဖက်ခြင်းဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု တွေကို လျှော့ချပေးပါတယ်
တစ်စုံတစ်ယောက်ဟာ စိတ်မနှစ်မြို့ဖွယ် သို့မဟုတ် စိတ်ပျက်စရာတစ်ခုခုနှင့် ကြုံတွေ့နေရလျှင် ကျွနိုပ်တို့ ရဲ့ သဘာဝ တုံပြန်မှုအနေဖြင့် ပွေ့ဖက်ခြင်း နှင့် နှစ်သိမ့်ပေးခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။
ဒါဟာ ပွေ့ဖက် နှစ်သိမ့်ခံလိုသူ အတွက် အကျိုးရှိရုံတင်မကပါဘူး ။
ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေက လူတွေကို စိတ်ဖိစီးမှုများကို လျော့ချခြင်း နှင့် စိတ်တည်ငြိမ်ခြင်း တို့အတွက် သက်သေပြပြီး ဖြစ်သော်လည်း လူတွေကို ပွေ့ဖက်ပေးခြင်းက တူညီသော အကျိုးကျေးဇူးကို ရရှိစေပါတယ်။

နာကျင်မှုကြောင့် စိတ်အနှောက်အယှက် ဖြစ်နေသော လူတစ်ဦးကို သင်ဟာ ဂရုတစိုက် ပွေ့ဖက်ခြင်း သို့မဟုတ် ဆုတ်ကိုင်ခြင်း ဟာ သင့်ရဲ့ စာနာပြီး ချစ်ခင်မှုကို ပြသသည့် သဘော ဖြစ်ပါတယ်။
ဒါဟာ သင်ခံစားနေရတဲ့ အခြေအနေကို ပိုသက်သာစေပြီး ပိုစိတ်သက်သာရာလည်းရောက်ပါတယ်။
ပွေ့ဖက်ခြင်းသည် စိတ်အေးချမ်းစေသော အတွေ့အကြုံဖြစ်နိုင်ပြီး တခြားလူတစ်ဦးရဲ့ အထိအတွေ့ကိုခံစားရတာဟာ စိတ်ဖိစီးမှု ကို သက်သာစေနိုင်ပါတယ်။ ဒါဟာ သင့်ကို ပိုမိုပျော်ရွှင်စေပြီး ကျန်းမာသောစိတ်ကို ဖြစ်ပေါ်စေပါတယ်။
(၂) ပွေ့ဖက်ခြင်းသည် ကလေးငယ်များ ကျန်းမာသန်စွမ်းသော ဦးနှောက်ဖွံ့ဖြိုးရန် ကူညီပေးပါတယ်
ကလေးငယ်များကို သက်တောင့်သက်သာဖြစ်နေတဲ့အချိန်မှာ ပွေ့ဖက်ပေးရန် လိုအပ်ပြီး ဒါဟာ ကလေးငယ်လေးတွေကို နှစ်သိမ့်ပေးရုံသာမက ကြီးထွား လာအောင်လည်းကူညီပေးပါတယ်။
ပွေ့ဖက်ခြင်းကဲ့သို့ လူသားတို့ ထိတွေ့မှုသည် ကလေးငယ်များ ကျန်းမာရေး နှင့် အာရုံခံစားမှု ဖွံ့ဖြိုးမှုတွေက တဆင့် ကျန်းမာသန်စွမ်းတဲ့ ဦးနှောက် ဖွံ့ဖြိုးအောင် ကူညီပေးပါတယ်။
ပွေ့ဖက်ခြင်းသည် ကလေးများ ဦးနှောက်ကြီးထွားမှုကို ကူညီရန် လိုအပ်သော အကောင်းဆုံးအာရုံခံစားမှုအရာများ ထဲမှတစ်ခုလည်း ဖြစ်ပါတယ်။

မျိုးရိုးဗီဇစိတ်ပညာဆိုင်ရာမှတ်တမ်းများမှ မွေးကင်းစကလေးတွေကိုသရုပ်ပြတဲ့ လေ့လာမှုတွင် မိနစ် ၂၀ ထက်ပိုပြီး ပွေ့ဖက်ခြင်း ခံရတဲ့ကလေးငယ်ဟာ ဖွံ့ဖြိုးမှုအကဲဖြတ်မှုတွင် ရမှတ်ပိုများနေတာတွေ့ရပါတယ်။
ရက်သတ္တပတ် ဆယ်ပတ်အတွင်းမှာတော့ ပွေ့ဖက်မှုပိုနည်းတဲ့ ကလေးတွေဟာ ဦးနှောက်ဖွံ့ဖြိုးမှု သိသိသာသာနိမ့်ကျစေတာကို တွေ့ရပါတယ်။
ဤသို့ဆိုရလျှင် နှူးညံသိမ်မွှေ့ခြင်း နှင့် ချစ်ခြင်းမေတ္တာ ထိတွေ့ခြင်း တစ်ချို့ကသာ ဦးနှောက်ဖွံ့ဖြိုးရန် ကူညီပေးပါတယ် ၊ ဒါကြောင့် ပွေ့ဖက်ခြင်းနည်းလမ်းဟာ ထိရောက်မှုအရှိဆုံး ဖြစ်ပါတယ်။
(၃) ကျွနိုပ်တို့ အသက်ရှင်ဖို့အတွက် တစ်ရက်ကို လေးကြိမ် ပွေ့ဖက်ပေးရန် လိုအပ်ပါတယ်
ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးမှုကို အကူအညီပေးရန် ပွေ့ဖက်ပေးခြင်း လိုအပ်သည်သာမက လူကြီးများအနေနှင့်လည်း လိုအပ်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ တစ်နေ့လျှင်အကန့်အသတ်မရှိပွေ့ဖက်ခြင်းဟာ ကျွန်ုပ်တို့ကိုကောင်းကျိုးပြုတာ တွေ့ရပါတယ်။
မိသားစုကုထုံးပညာရှင် Virginia Satir ၏အဆိုအရ ပွေ့ဖက်ခြင်းဟာ ကျွနိုပ်တို့ ဖြစ်တည်မှုနှင့် ပျော်ရွှင်တဲ့ဘဝ ကိုဦးတည်ရန်အတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောဆိုထားပါတယ်။

သူမ၏ကျော်ကြားသော ကိုးကားချက်သည် ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသား လူတစ် ဦး အတွက် တစ်နေ့ ပွေ့ဖက်မှု ပမာဏ မည်မျှရှိသည်ကို သက်ရောက်မှုအတွက် လမ်းညွှန်တစ်ခုလည်းဖြစ်ပါတယ်။
ကျွနိုပ်တို့ဟာ အသက်ရှင်ဖို့အတွက် တစ်နေ့ လေးကြိမ် ပွေ့ဖက်ဖို့လိုပါတယ် ၊ ပြုပြင်ထိန်းသိမ်းဖို့အတွက် ရှစ်ကြိမ် နှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် တစ်နေ့ကို ဆယ်နှစ်ကြိမ်အသီးသီး ပွေ့ဖက်ပေးရန် လိုအပ်ပါတယ်။
ကျွနိုပ်တို့ဟာ ဆက်ဆံပြောဆိုခြင်းစွမ်းရည် တိုးတက်ရန် ၊ ယုံကြည်မှုတည်ဆောက်ရန် နှင့် စိတ်ဖိစီးမှုတွေ လျော့ချရန်အတွက် ပွေ့ဖက်ခြင်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတာတွေ့ရပါတယ်။
(၄) ပွေ့ဖက်ခြင်းကနေပြီးတော့ စကားလုံးရာပေါင်းများစွာ ပြောနိုင်ပါတယ်
ပွေ့ဖက်ခြင်းဟာ ဆိုရင်ဖြင့် စကားလုံးနဲ့ ပြောမထွက်အခါ ဆက်သွယ်ပေးတဲ့ နှစ်သိမ့်တဲ့ နည်းလမ်းတစ်ခုဘဲ ဖြစ်ပါတယ်။
ပွေ့ဖက်ခြင်းဟာ သက်တောင့်သက်သာဖြစ်စေပါတယ်၊အဘယ်ကြောင့်ဆိုသော် ကျွနိုပ်တို့ဟာ ကလေးဘဝ ရဲ့ ကြီးပြင်းလာမှုတွေ၊ နှောင်ကြိုးတွေ ၊ လုံခြုံမှုတွေ ခံစားရတဲ့အတွက်ကြောင့်ဘဲ ဖြစ်ပါတယ်။
မိဘများအနေနှင့် သူတို့ရဲ့ကလေးတွေကိုပွေ့ဖက်ခြင်းဟာ အရေးကြီးပါတယ်။ ဒါဟာ ကလေးတွေရဲ့ ဘဝတစ်လျှောက်လုံး သက်တောင့်သက် သာနဲ့ လုံခြုံမှု ပေးနိုင်တယ်လို့ ခံစားရအောင် ကူညီပေးပါတယ်။
ပွေ့ဖက်ခြင်းဟာ လူတစ်ဦးကို သင့်ရင်ခွင်ထဲခေါ်ဆောင်ခြင်းဖြင့် နီးစပ်အောင် ဆက်သွယ်ပေးပြီး ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။ ဒီ ဆက်သွယ်မှုမှာ တစ်စုံတစ်ယောက်ကို ခံစားချက်ဖြင့် ပွေ့ဖက်ပြီး ဆက်သွယ်ခြင်းဖြစ်ပါတယ်။
မတူညီတဲ့ပွေ့ဖက်ခြင်းအမျိုးအစားများစွာရှိပါတယ်၊ တစ်ချို့က တခြားသူတွေထက် ပိုမိုရင်းနှီးပြီး တစ်ချို့က တခြားသူတွေထက် ပိုမိုနှစ်သိမ့်မှု ပေးနိုင်ပါတယ်။

ပွေ့ဖက်ရာတွင်လည်း တင်းတင်းကြပ်ကြပ်ပွေ့ဖက်တာလား၊ ပွေ့ဖက်ပုံ ဖက်နည်းပေါ် မူတည်၍ စကားရာပေါင်းများစွာပြောနိုင်ပါတယ်။ အချစ်ရေး နှင့် ပတ်သတ်တဲ့ဆက်ဆံရေးတွေမှာ ပွေ့ဖက်ရာတွင် လက်တစ်ဖက်နဲ့ ခါးကိုပွေ့ဖက်တာဟာ ပိုမိုရင်းနှီးစေပါတယ်။
ခိုင်မြဲစွာပွေ့ဖက်ခြင်းကလည်း သင်တို့ကြားမှာ ပျော်ရွှင်မှု သို့မဟုတ် ခွန်အားတွေကို ကိုယ်စားပြုပါတယ်၊ တစ်ယောက်ကိုတစ်ယောက် မျက်လုံးခြင်းဆုံရင်း ပွေ့ဖက်ရတာဟာ ပိုရင်ခုန်စရာကောင်းတာ တွေ့ရပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို ဆက်သွယ်ဖို့ အတွက် ပွေ့ဖက်ပေးခြင်းက အရေးကြီးပါတယ်၊ ဒါဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြောင်း ပြသတဲ့အပြင် နှစ်သိမ့်မှုကိုပါရရှိနိုင်တဲ့ ကျန်းမာရေးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
(၅) ပွေ့ဖက်ခြင်းဟာ သွေးပေါင်ချိန် ကိုလဲ ထိန်းညှိပေးပါတယ်
ပွေ့ဖက်ခြင်းသည် သင်၏နှလုံးကို ကျန်းမာသန်စွမ်းရန် ကူညီနိုင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
အချစ်ရေး အတွဲများအကြား လေ့လာမှုတစ်ခုက ပွေ့ဖက်ခြင်းသည် နှလုံးသွေးကြောဆိုင်ရာ လုပ်ဆောင်ချက်များကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီလေ့လာမှုမှာပါဝင်တဲ့ အာဖရိကန် -အမေရိကန် ၆၆ ယောက်နှင့် ကုလားဖြူလူမျိုး၁၁၇ ယောက်ဟာ အချစ်ရေးမှာ အတူတူနေထိုင်ကြတဲ့စုံတွဲတွေဖြစ်ကြပါတယ်။
စမ်းသပ်မှုမှာ စုံတွဲတစ်ဝက်ကို ဆယ်မိနစ်ခန့် အချစ်ရေးဇာတ်လမ်းကြည့်နေစဥ် ပွေ့ဖက်ပြီး လက်ကိုဆုပ်ကိုင်ထားစေပြီး ကျန်တစ်ဝက်ကိုတော့ သာမာန်မျှ ကြည့်စေခဲ့ပါတယ်။

ပွေ့ဖက်ပြီးလက်ကိုဆုပ်ကိုင်ထားတဲ့ စုံတွဲများသည် သက်တောင့်သက်သာနဲ့ ချစ်ခြင်းမေတ္တာကို ခံစားရပြီး သွေးပေါင်ချိန်ကိုလဲ လျော့ချပေးတာတွေ့ရပါတယ်။
ရလဒ်အနေနှင့် ချစ်ခင်ရင်းနှီးသောစုံတွဲများသည် သင့်နှလုံးအတွက် ပိုကောင်းသည့် သွေးပေါင်ချိန်ကို သဘာဝအတိုင်းကျဆင်းစေကြောင်းပြသခဲ့ပါတယ်။
ဒါကြောင့် ချစ်ခင်သောသူ နဲ့ ပွေ့ဖက်ခြင်း( ထိတွေ့ခြင်း)ဟာ သင့်ကို စိတ်အပန်းပြေရုံသာမက ပျော်ရွှင်မှုကိုလည်း ပေးနိုင်တာတွေ့ရပါတယ်။
(၆) ပွေ့ဖက်ခြင်းဟာ သင့်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်
” တစ်ရက်တစ်ခါ ပွေ့ဖက်ပေးခြင်းသည် ဆရာဝန် နှင့် ဝေးကွာစေပါတယ် “
ကျွန်ုပ်တို့ပွေ့ဖက်တဲ့အခါ Oxytocin ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ် ။ Oxytocin ပိုများခြင်းသည် ရောင်ရမ်းမှုကို လျော့ကျစေပြီးဒဏ်ရာများကို မြန်မြန်သက်သာစေပါတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ထုတ်ဝေခဲ့သော လေ့လာမှုတစ်ခုအရ ကျန်းမာသန်စွမ်းသောအရွယ်ရောက်သူ ၄၀၄ ဦးကို ပွေ့ဖက်ခြင်းသည်သူတို့၏ကျန်းမာရေးကို မည်သို့အကျိုးသက်ရောက်မှုရှိလဲဆိုတာကို လေ့လာခဲ့တယ်။
လေ့လာမှုအရ ပိုမိုအားကောင်းတဲ့ လူနေမှုအသိုင်းအဝန်းများနှင့် ချစ်ကြည်ရင်းနှီးမှုရှိသောလူများသည် ပွေ့ဖက်ခြင်းကို ပုံမှန်ထက် ရရှိတာကိုတွေ့ရပါတယ်။
ရလဒ် အနေနဲ့ကတော့ သင်ဟာ အထောက်အပံ့ အသိုင်းအဝိုင်းရှိတယ် ၊ ပွေ့ဖက်ခြင်းအများကြီးခံရတယ်ဆိုရင် ဒါဟာ သင့်ရဲ့ စိတ်ကျန်းမာရေးနှင့် ခုခံအားစနစ်ကို မြှင့်တင်ပေးတာကြောင့် ဖျားနာဖို့အတွက် အလားအလာနည်းတာကိုတွေ့ရပါတယ်။
ပိုမိုကောင်းမွန်တဲ့ အထောက်အပံ့ရှိတဲ့ အုပ်စုမှာပါဝင်တဲ့ သူများဖျားနာသောအခါ ၎င်း တို့ဟာ ပျမ်းမျှအားဖြင့် အသိုင်းအဝိုင်းနည်းတဲ့သူတွေထက် အပျောက်မြန်တာကို တွေ့ရပါတယ်။
ပွေ့ဖက်ခြင်းအားဖြင့် ထပ်တိုးတွေ့ရှိလာတဲ့အချက်တစ်ချက်ကတော့ သင်ကိုယ်တိုင် ဘတ်တီးရီးယားနှင့် ပိုးမွှားအရောတွေကို ထိတွေ့စေရတဲ့အတွက် သင့်ရဲ့ ကိုယ်ခံအားကို သဘာဝအတိုင်း တည်ဆောင်ပေးတာကို တွေ့ရပါတယ်။
နိဂုန်းချုပ်အနေဖြင့် ပွေ့ဖက်ခြင်းဟာ တစ်ဦးနှင့်တစ်ဦးအကြား ခံစားချက်ကိုဖော်ပြလိုသည့်အခါ ဆက်သွယ်သည့် သဘာဝလူသားတွေရဲ့ ပုံစံတစ်မျိုးဘဲ ဖြစ်ပါတယ်။
ဒါက ပျော်ရွှင်မှု ၊ဝမ်းနည်းမှု ၊ ချစ်ခင်မှု စတဲ့ အရေးကြီးတဲ့အကြောင်းအရာတွေကြောင့် ကျွနိုပ်တို့ဟာ ဘာကြောင့် ပွေ့ဖက်ဖို့ မလို ရမှာလဲ။
ဤကဲ့သို့ ခံစားချက်များကို ဖော်ပြခြင်းနှင့် အခြားလူသားများနှင့်ယုံကြည်မှုတည်ဆောက်ခြင်းသည် ပိုမိုကျန်းမာသောဘ၀ ကို ဖြစ်ပေါ်စေပါတယ်။
ပွေ့ဖက်ခြင်းသည် ကျွန်ုပ်တို့လူသားများ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။