စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည့် ဂီတ အကြောင်း သိကောင်းစရာ

Knowledge Science

ဂီတဟာ သင်ကို နာကျင်မှု မခံစားရစေဘဲ သင်ထင်ထားသည်ထက် ပိုတဲ့ အမှန်တရားလည်း ရှိနေနိုင်ပါတယ်လို့ Bob Marley က ပြောဖူးပါတယ်။

ဒါ့အပြင် ဂီတဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း နှင့် တရားထိုင်ခြင်းကဲ့သို့ ကိစ္စများနှင့် တူညီသည့် အကျိုးကျေးဇူးကို ရရှိစေတယ်လို့ သိရပါတယ်။

meta-analysis လေ့လာမှုကို ပြုလုပ်ခဲ့သည့် သုတေသီတဦးဖြစ်တဲ့ J. Matt McCrary အဆိုအရ စိတ်ကျန်းမာရေး ပညာ ရှင် များဟာ လူများကို ကုစားရန်အတွက် ဂီတကို နည်းလမ်း ၂ မျိုးဖြင့် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဂီတကုထုံးနည်း

ဒီနည်းကတော့ ဂီတကို အရည်အချင်းပြည့်မီသည့် ဂီတကုထုံး ပညာရှင်မှ ၎င်း၏ အတွေ့အကြုံအရ လမ်းညွှန်ထားသည့် ဂီ တ ကို အသုံးပြုတာ ဖြစ်ပါတယ်။

ဂီတကို ဆေးကဲ့သို့ အသုံးပြုနည်း

ဒီနည်းလမ်းကတော့ လူနာများကို တေးဂီတကို နားထောင်ခြင်း သို့မဟုတ် ဂီတကို ဖန်တီးခြင်း (တူရိယာ တီးခြင်း သို့မဟုတ် သီချင်းဆိုခြင်း) ကို လုပ်ဆောင်စေတာ ဖြစ်ပါတယ်။

meta-analysis တွင် အကြောင်းအရာပေါင်း ၇၇၉ ခု ပါဝင်ပြီး ၎င်းဟာ ဂီတကုထုံးကို အဓိကထားသည့် လေ့လာမှု များစွာ အပေါ် အခြေခံထားပါတယ်။

စနစ်တကျ ပြန်လည် သုံးသပ်ထားသည့် စာတမ်း ပြုစုသူများမှ ဂီတဟာ သုခနှင့် ကျန်းမာရေးဆိုင်ရာ ဘဝ အရည်အသွေးကို မြှင့်တင်ပေးရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေတယ်လို့ ဆိုပါတယ်။

သုတေသီများဟာ ဂီတ၏ လူတဦးချင်းစီအပေါ် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာများ ဘယ်လောက် အထိ တိုးတက်လာစေနိုင်သလဲဆိုတာ တိတိကျကျ မတိုင်းတာရသေးပေမယ့်

ဂီတနှင့် ဆက်နွယ်မှုဟာ ကျန်းမာရေးအတွက် အဓိပ္ပါယ် ရှိသည့် တိုးတက်မှုများနှင့် ဆက်စပ်မှု ရှိနေတယ် ဆိုတာတော့ တွေ့ရှိထားပါတယ်။

ပေါင်းစပ်လေ့လာမှုတွင် သီချင်းဆိုခြင်း၊ တူရိယာ တီးခြင်း သို့မဟုတ် နှစ်သက်သည့် သီချင်းများကို နားထောင်ခြင်းဟာ စိတ်အပေါ် တူညီသည့် အပြုသဘောဆောင် သက်ရောက်မှုတွေ ရှိကြောင်း သက်သေပြ နိုင်ခဲ့ပါတယ်။

လေ့လာမှု ၂၆ ခုကို တခုနှင့် တခု နှိုင်းယှဉ်ပြီး နောက်မှာတော့ သုတေသီများဟာ တေးဂီတ အနေဖြင့် တရားထိုင်ခြင်း သို့မ ဟုတ် ကိုယ်ကာယ လေ့ကျင့်ခန်းများ လုပ်ဆောင်ကဲ့သို့ပြင် အကျိုးပြုကြောင်း ကောက်ချက်ချနိုင် ခဲ့ပါတယ်။

“ကျွန်တော်တို့အတွက် အကောင်းဆုံး သက်သေကတော့ သင်အနှစ်သက်ဆုံး ဂီတဟာ အကြီးမားဆုံး ကျန်းမာရေး အကျိုး ကျေးဇူးတွေနဲ့ ဆက်စပ်နေနိုင်တာပါ”

“တချို့အတွက် ဒါဟာ Classical ဂီတ နှင့် အခြား အတွက် Heavy metal စသည်ဖြင့် ဖြစ်နိုင်ပါတယ်” လို့ McCrary က ပြောပါတယ်။

ဒီလို အဖြေတွေ ရရှိခဲ့ပေမယ့် သုတေသီများဟာ ၎င်းတို့၏ လေ့လာမှုတွင် အကန့်အသတ်တွေ ရှိနေသေးတယ် ဆိုတာကို ဝန်ခံ ထားပါတယ်။

အကြောင်းကတော့ HRQOL လို့ခေါ်တဲ့ ကျန်းမာရေးနှင့် ပတ်သက်သည့် လူ့ဘဝ အရည်အသွေး ပြောင်းလဲမှုကို ဂီတ၏ သက်ရောက်မှုဟာ ကျယ်ပြန့်တဲ့အတွက် ဖြစ်ပါတယ်။

ဒါပေမယ့် လေ့လာမှုမှာတော့ ဂီတ၏ အကျိုး သက်ရောက်မှု များကို ရှင်းရှင်းလင်းလင်း သရုပ်ဖော် နိုင်သည့် ယေဘုယျ သက်ရောက်မှု အရေအတွက်များကို ပေါင်းစပ်ပြီး ဆုံးဖြတ်ချက်ဟာ သင့်တော်တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်စေ သင်နှစ်သက်တဲ့ ဂီတဟာ သင့်အတွက် အကျိုးပြုတယ်ဆိုတာ သုတေသနက တရားဝင် အကြုံပြုထားတဲ့အတွက် ဂီတကို ဆက်လက်ခံစားတာဟာ သင့်ကမ္ဘာကြီးကို လှပစေမှာ အမှန်ပါပဲ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.