အချို့က ဒီကစားနည်းရဲ့ ဝါသနာအိုးကြီးများဖြစ်ကြပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး အချိန်အတောအတွင်း ပြိုင်ဘက်ကို အရေးနိမ့်စေရန် လှည့်စားရတာကို စွဲလမ်းကြပါတယ်။
ဒီကျော်ကြားတဲ့ ဘုတ်ကစားနည်းကို ဘယ်လို ကစားရမလဲဆိုတာ သဲလွန်စ မရသေးသော သူတစ်ချို့ ရှိသော်လည်း အခြားသူများက အလွယ်တကူ သတိမမူပဲ မနေနိုင်ကြပါဘူး။
စစ်တုရင်ကစားနည်းကို သင်ဘယ်လိုပဲ သဘောထားပါစေ၊ ၎င်းဟာ စွဲမက်စရာ ကောင်းတဲ့ သမိုင်းကြောင်းရှိပြီး အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချို့ရှိတယ်ဆိုတာ ရှောင်လွှဲလို့မရပါဖူး။
စစ်တုရင်၏ မူလအစ
စစ်တုရင်ကစားနည်းကို ယခုအခါတစ်ကမ္ဘာလုံးတွင်ကစားနေပြီဖြစ်သော်လည်း မူလအစမှာ အိန္ဒိယနိုင်ငံတွင် ၆ ရာစုမှစတင်ခဲ့တယ်လို့ ယူဆရပါတယ်။
စစ်တုရင်ဟာ ဘယ်ကလာတယ်ဆိုတာ သမိုင်းပညာရှင်တွေက အတိအကျမသိသော်လည်း အိန္ဒိယက အဖြစ်နိုင်ဆုံးနေရာ ဆိုတာကို အများ စုက သဘောတူခဲ့ကြပါတယ်။
ဒီကစားနည်းဟာ နှစ်တွေတစ်လျှောက် ပြောင်းလဲသွားခဲ့ပြီး ဥရောပတောင်ပိုင်းကို ရောက်ဖို့ နှစ်ပေါင်း တစ်ထောင်နီးပါး ကြာခဲ့ပါတယ်။
၁၅ ရာစုရောက်သောအခါ စပိန်ဟာ တဖြည်းဖြည်းနဲ့ ဒီလူကြိုက်များတဲ့ ကစားနည်းရဲ့ ပရိတ်သတ်ဖြစ်လာပြီး ၁၉ ရာစုတွင် စစ်တုရင်ပြိုင်ပွဲများစတင်လာတဲ့အခါ အဆင့်မှီ ကစားနည်းရဲ့ စည်းမျဉ်းတွေကို မြင်တွေ့လာရပါတယ်။
နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲများ
လန်ဒန်သည် ၁၈၅၁ တွင် ပထမဆုံးသော နိုင်ငံတကာ စစ်တုရင် ပြိုင်ပွဲကို ကျင်းပခဲ့တဲ့နေရာဖြစ်ပါတယ်။
အင်္ဂလိပ် စစ်တုရင်တို့ရဲ့ ဆရာတစ်ဆူဖြစ်သော Howard Staunton က ဥရောပ၌ အကောင်းဆုံး စစ်တုရင် ကစားသူများ စုစည်းရန် နည်းလမ်းတစ်ခုအဖြစ် ပွဲကို စီစဉ်ခဲ့ပါတယ်။
Adolf Anderssen သည် အခြားကစားသမား ၁၅ ဦး ကိုအနိုင်ယူကာ ပွဲစဉ်ကို အနိုင်ရခဲ့ပြီး နောက်ပိုင်းတွင် ၁၈၅၀ နှင့် ၁၈၆၀ တစ်လျှောက် ချန်ပီယံဖြစ်လာခဲ့ပါတယ်။
Wilhelm Steinitz သည် စစ်တုရင် လောကသို့ရောက်တဲ့အခါ သင်သေချာ သိသင့်တဲ့ နာမည်တစ်ခုပဲဖြစ်ပါတယ်။
သူဟာ ဩစတြီးယားတွင်မွေးဖွားခဲ့ပြီး ၁၈၈၆ တွင် ပထမဆုံးကမ္ဘာ့ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့ပြီး စစ်တုရင်ပြိုင်ပွဲ ၂၅ ပွဲအနိုင်ရကာ နှစ်ပွဲသာရှုံးခဲ့ပါတယ်။
အသက် (၅၈) နှစ်တွင် အရှည်ကြာဆုံး ချန်ပီယံ (၂၆ နှစ်နှင့် ၃၃၇ ရက်) ဆွတ်ခူးခဲ့သော Emanuel Lasker ထံတွင် သူ့ရဲ့ဘွဲ့ကို ဆုံးရှုံးခဲ့ပါတယ်။
Lasker သည် စစ်တုရင် အတွက် အချိန်မရှိကြောင်းနှင့် ခက်ခဲသောနေ့တစ်နေ့ပြီးနောက် သူ့စိတ်ကို အလုပ်လုပ်ရန် တွန်းအားပေးတဲ့ ဘယ်အရာကိုမဆို သည်းမခံချင်ကြောင်း ပြောခဲ့သော Albert Einstein ရဲ့ သူငယ်ချင်းကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။
သို့သော် နောက်ပိုင်းတွင် Einstein က ဘုတ်ကစားနည်းရဲ့ ဝါသနာအိုးတစ်ယောက်ဖြစ်လာပါတယ်၊ ဒါပေမယ့် သူ့ကိုပြောတဲ့သူက Emanuel Lasker ဟုတ်မဟုတ် ကျွန်တော်တို့မသိပါဖူး။
ဘယ်လိုပဲဖြစ်ဖြစ် သူက Stepak နဲ့ Mashian တို့လို နာရီပေါင်းများစွာ မကစားခဲ့ပါဖူး။ Stepakနဲ့ Mashianတို့ စုံတွဲဟာ ၁၉၈၀ တွင် ၂၄ နာရီ ၃၀မိနစ် ကစားပြီးနောက် ကမ္ဘာ့စံချိန်ကိုချိုးခဲ့ပါတယ်။
ကိုးနှစ်ကြာပြီးနောက် Nikolic နှင့် Arsovic တို့သည် စစ်တုရင်ကစားနည်းတွင် အရွေ့အပြောင်းအများဆုံးစံချိန်တင်ခဲ့ပြီး စုစုပေါင်း ၂၆၉ ကြိမ်ထိဖြစ်ခဲ့ပါတယ်။
သင်သိပါသလား…
စစ်တုရင်ကစားနည်းတွင် ရွေ့လျားနိုင်စွမ်း ၅၉၄၉ ကြိမ် ရှိပါတယ်၊ အဲ့တာက တခြားတစ်ယောက်ကလာပြီး အနာဂတ်မှာ သူတို့ရဲ့ သရဖူကို ရရှိ နိုင်ရန် အခွင့်အလမ်း အများကြီးဖြစ်စေပါတယ်။
၆၄ ကွက်နဲ့ စစ်တုရင်ခုံးပေါ်တွင် ဂိမ်းတစ်ခုရဲ့ ရလဒ်ဟာ ၂ထောင် ထက်ပိုရန် စိတ်ကူးဖို့ မဖြစ်နိုင်ပါဖူး။
သို့သော် ကစားသမားတစ်ဦးစီတွင် လှုပ်ရှားမှုလေးကြိမ်ရှိပြီးနောက် ဖြစ်နိုင်ချေ နေရာ ၃၁၈ ဘီလီယံကျော်ရှိလာပါတယ်။
စစ်တုရင်ကစားသူများသိကြတဲ့အတိုင်း နယ်ရုပ်များက ပထမဆုံးအကြိမ်တွင် တစ်နေရာ သို့မဟုတ် နှစ်နေရာ ရွှေ့နိုင်ပါတယ်။ ဒီဟာက ၁၂၈၀ ခုနှစ်တွင် စပိန်လူမျိုးများချမှတ်ခဲ့တဲ့ စည်းကမ်းပဲဖြစ်ပါတယ်။
စပိန်က ဒီစည်ကမ်းကို မချမှီ ရာစုနှစ်တစ်ခုကျော်လောက်က ဖြစ်တဲ့ ၁၁၂၅ ခုနှစ်က ခရစ်ယာန်ဘုန်းကြီးတစ်ဦးသည် ယနေ့တိုင် ကျွန်တော်တို့ အသုံးပြုနေဆဲဖြစ်တဲ့ တီထွင်မှုတစ်ခုနဲ့ လာခဲ့ပါတယ်။
၎င်းဟာ စာအုပ်စင် ပေါ်တွင်ထားတဲ့ စာအုပ်နှစ်အုပ်နဲ့တူအောင် ဒီဇိုင်းဆွဲခဲ့တာမို့ သူ့လျှို့ဝှက်ချက်ကို ဘယ်သူမှမသိခဲ့ပါဖူး။
စစ်တုရင်ကစားနည်းဟာ သင့်ဦးနှောက်အတွက် ကောင်းပါတယ်
Sudoku၊ အခြား ပဟေဠိ ကစားနည်းများနဲ့ အတူ စစ်တုရင်သည် အတွေးအခေါ်နဲ့ မှတ်ဉာဏ်ကို တိုးတက်စေရန် အကောင်းဆုံး နည်းလမ်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။
အယ်လ်ဇိုင်းမားရောဂါ ရှိသူများအား အားလပ်ချိန်၌ စစ်တုရင်ကစားရန် မကြာခဏ အားပေးခဲ့ပြီး ၎င်းကို ကျောင်းသားငယ်များအတွက် ကျောင်းများစွာတွင် မိတ်ဆက်ပေးခဲ့ပါတယ်။
အချို့ကိစ္စများတွင် ကျောင်းမှကလေးတွေရဲ့ စာမေးပွဲရလဒ်များကို တိုးမြှင့်လာတာကို တွေ့ရှိခဲ့ကြပြီး စစ်တုရင်ကစားနည်းဟာ အမှန်တ ကယ် ဉာဏ်ရည်အဆင့် တိုးလာနိုင်တာကြောင့် ငြင်းခုံကြရန် သိပ္ပံပညာရှင်များက သိရှိထားပြီးဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းမှ ခန့်မှန်းခြေလူဦးရေ သန်း ၆၀၀ ခန့်ဟာ ကစားနည်းကိုသိတာကြောင့် လူများစွာသည် စစ်တုရင်ကစားခြင်းမှ အကျိုး ကျေးဇူ းများရနိုင်လိမ့်မည်လို့ ထင်ရပါတယ်။
ဟယ်ရီပေါ်တာဇာတ်ကားထဲတွင် ရှေးအကျဆုံးစစ်တုရင်အစုံကို အသုံးပြုခဲ့ပါတယ်
စစ်တုရင်နဲ့ ဟယ်ရီပေါ်တာနှစ်ခုစလုံးရဲ့ ပရိသတ်တွေဟာ “Harry Potter နှင့် Sorcerer’s Stone”ကို ရိုက်ကူးေနစဉ် တွေ့ရှိခဲ့သောရှေးအကျဆုံးစစ်တုရင်အစုံကို အသုံးပြုခဲ့သောကြောင့် ဖတ်ရတာကို စွဲလမ်းခဲ့ပါလိမ့်မယ်။
၎င်းကို စကော့တလန်ရှိ Lewis ကျွန်းတွင်တွေ့ရှိခဲ့သော်လည်း Scandinavia တစ်နေရာတွင် ပြုလုပ်ခဲ့ပြီး ၁၂ ရာစုမတိုင်မီကတည်းကလို့ ယူဆရပါတယ်။
နောက်ဆုံးမှာတော့ စစ်တုရင်ဟာ လူငယ်များနှင့်လူကြီးများက ပတ်ဝန်းကျင်တွင် ရှိနေသရွေ့ နှစ်သက်ခဲ့တဲ့ ကစားနည်းတစ်ခုပဲဖြစ်ပါတယ်။
Oscar Shapiro သည်အသက် ၇၄ နှစ်အရွယ်တွင် စစ်တုရင်ဆရာတစ်ဦးဖြစ်လာပြီး Jordy Mont-Reynaud ဟာ အသက်၁၀နှစ်တွင် အငယ်ဆုံးစစ်တုရင်ချန်ပီယံဖြစ်လာပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။