Covid-19 Vaccine အကြောင်း သတိထားစရာများ

Health

နိုင်ငံတော် အတိုင်ပင်ခံရဲ့ ပြောကြားချက်အရ နောက်လ(ဖေဖော်ဝါရီ ၂၀၂၁) ဆိုရင် Covid-19 ရောဂါကာကွယ်ဆေးများ မြန်မာနိုင်ငံမှာ စတင်ထိုးပေးနိုင်တော့မှာ ဖြစ်ပါတယ်။


ဒီတစ်ခေါက်မှာ ပြောပြချင်တာကတော့ ကာကွယ်ဆေးရဲ့ အစွမ်းထက်ပုံတွေ စျေးနှုန်းတွေ စတာတွေ မဟုတ်ပဲနဲ့ ဘယ်လိုဘယ်ပုံ အလိမ်ခံရနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

အရင်ဆုံး Covidဟာ မျိုးကွဲ များစွာ ရှိတယ်ဆိုတာ သိထားရပါမယ်။ ယခင့်ယခင်မျိုးကွဲများ အတွက် ကာကွယ်ဆေး ပေါ်ခဲ့တာကြာပြီဖြစ်ပြီး တစ်နှစ်တစ်ခါပုံမှန်ထိုးလို့ရတဲ့ တုပ်ကွေးကာကွယ်ဆေးမှာ Covid ကာကွယ်ဆေးပါပြီးသား ဖြစ်ပါတယ်။


ဒါကို ဝိသမာလောဘသား တစ်ချို့က Covid ကာကွယ်ဆေး ထိုးလို့ရပါပြီဆိုပြီး မလှိမ့် တပတ်နဲ့ ကြေငြာတာမျိုး ပရိုမိုးရှင်းဆင်းတာမျိုးတွေ လုပ်လာနိုင်ပါတယ်။

နောက်တစ်ချက်ဖြစ်နိုင်တာက Covid-19 ကာကွယ်ဆေးပါဆိုပြီး လိမ်ပြီးထိုးပေးတာမျိုးလဲဖြစ်လာနိုင်ပါတယ်။

ဒါတွေကို ကာကွယ်နိုင်ဖို့အတွက် အစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်တွေကို သတိထားဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။


ပြီးတော့ ဆေးထိုးပေးမယ်ဆိုတဲ့ ဆေးခန်း ဆေးရုံတွေရဲ့ page messenger နေတစ်ဆင့် Covid ကာကွယ်ဆေးလား Covid-19 ကာကွယ်ဆေးလားဆိုတာကို သေချာမေးမြန်းသင့်ပါတယ်။


ဖုန်းနဲ့လဲ သေချာမေးပါ အသံသွင်းခွင့်တောင်းပြီး အသံပါသွင်းထားပါက နောက်ပိုင်းအရှုပ်အရှင်းများဖြစ်လာပါက မိမိ အတွက် ငွေကြေးအရသော်လည်းကောင်း ဥပဒေအရသော်လည်းကောင်း အကာအကွယ်ရယူနိုင်ပါလိမ့်မယ်။

အလိမ်ခံရတော့ ဘာဖြစ်လာနိုင်လဲ?

မိမိကိုယ်ကို Covid ရောဂါ ကာကွယ်ပြီးသား ထင်ပြီး အဆင်အခြင်မဲ့ နေထိုင်ရာကနေ ရောဂါကူးစက်နိုင်ပါတယ်။
အဆင်အခြင်မဲ့ နေထိုင်မိတဲ့ အတွက် သာမန်ရောဂါကူးတာ ထက်ပိုပြီး အသက် အန္တရာယ်ရှိနိုင်ပါတယ်။
တစ်ခုသိထားရမှာက ကာကွယ်ဆေး အစစ်တွေတောင်မှ 100% မကာကွယ်နိုင်သေးပါဘူး။

ဒါတွေကို ကာကွယ်နိုင်ဖို့ အတွက် Covid ကာကွယ်ဆေးထိုးပြီးရင်လဲ ယခင်ကနေထိုင်ခဲ့သလိုပဲ
mask တပ်ခြင်း လက်ဆေးခြင်းတို့ကို စနစ်တကျ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

အားလုံး ကျန်းမာချမ်းသာကြပါစေ
Admin @
www.knowledgeworms.com
collaboration with www.facebook.com/rhymeofyawtponefruits

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *