ယူအေအီးကို F-35 များရောင်းချသည့်ကိစ္စကို သမ္မတသစ် ဘိုင်ဒန်က ဆိုင်းငံ့လိုက်ပါတယ်။ ဒီရောင်းချမှုကို သမ္မတဟောင်းထရမ့်က ဘိုင်ဒန်သမ္မတမဖြစ်မီ နာရီပိုင်းအလိုလေးမှာ ယူအေအီးနှင့် သဘောတူညီမှုတွေ ပြုလုပ်ခဲ့တာပါ။
အစိုးရသစ်ဟာ ယူအေအီးနိုင်ငံအနေနှင့် F-35 များကို ယီမင်နိုင်ငံရှိ ဟူသီသူပုန်တို့ကို တိုက်ခိုက်ဖို့ အသုံးပြုနိုင်တဲ့အတွက် စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။ ဟူသီသူပုန်များမှာ လေတပ်မရှိသည့် အပြင် အခြေခံလေကြောင်းကာကွယ်ရေး လက်နက်လောက်သာရှိပါတယ်။
ယူအေအီးအနေဖြင့် လက်ရှိမှာ F-16 ၇၇ စီး နှင့် Mirage 2000 ၆၃ စီး တို့ဖြင့်တောင့်တင်း သော လေကြောင်းအင်အား ရှိပြီးဖြစ်ပါတယ်။ ယူအေအီးဟာ ဆော်ဒီအာရေးဗျနှင့် ပူးပေါင်းပြီး ယီမင်မှာရှိတဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်နေတာပါ။
ဆော်ဒီမှာလဲ F-15 ၄၂ စီး၊ F-5 အပေါ့စားတိုက်လေယာဉ် ၇၄ စီး နှင့် Tornado တိုက်လေယာဉ် ၄၄ စီးပိုင်ဆိုင်ထားပါတယ်။ ဒီနှစ်နိုင်ငံရဲ့ တိုက်ခိုက်မှုမှာ မတော်တဆ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

ဟူသီတွေနှင့် ရင်ဆိုင်ရာမှာ F-35 ဟာ အသုံးမဝင်ပါဘူး။ ဒီလေယာဉ်ဟာ လေကြောင်းအကဲသာရေး တိုက်လေယာဉ်ဖြစ်ပြီး ဗုံးကြဲတိုက်လေယာဉ်မဟုတ်ပါဘူး။ ပြီးတော့ မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ F-15 လောက် မကောင်းမွန်ဘူးလို့ အကြောင်းပြထားပါတယ်။
တကယ်တော့ F-35 တိုက်လေယာဉ်များ ရောင်းချမှုကိုဆိုင်းငံ့ခြင်းဟာ ယူအေအီးကို ဘိုင်ဒန်အစိုးရမှ ပြစ်ဒဏ်ချချင်တာက မှလွဲ၍ ဟူသီများနှင့် လုံး၀ မသက်ဆိုင်ပါဘူး။ ဒေသတွင်းမှာ အီရန်နိုင်ငံရဲ့ အနာဂါတ် နျူကလီးယားနှင့် ဒုံးကျည်စနစ်များ အန္တရာယ် ကြီးထွားလာမှာကို ထိပ် တိုက်တွေ့လာမယ့် ပင်လယ်ကွေ့နိုင်ငံတွေရဲ့ အင်အားကို ဘိုင်ဒန်က ဘာလို့ ချိနဲ့စေတာလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။
အာရှတိုင်းမ်လ် ကတော့ ဒီအဖြစ်ကြောင့် ယူအေအီးဟာ အီရန်နှင့်ရင်ဆိုင်ဖို့အရေးမှာ မှေးမှိန်စေတယ်လို့ သုံးသပ်ထားပါတယ်။ ဒီသတင်းကို Wall Street Journal က ဗုဒ္ဓဟူးနေ့က ပထမဆုံး ဖော်ပြခဲ့တာပါ။
၂၀၁၉ မေလက သမ္မတဟောင်းထရမ့်က ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ဂျော်ဒန် နိုင်ငံတို့ကို အမေရိကန်ဒေါ်လာ ၈ ဘီလီယံလောက်တန်ကြေးရှိတဲ့ လက်နက်ရောင်းချမှုအပေါ် ကွန်ဂရက်မှ ကန့်ကွက်မှုကိုရှောင်ရှားဖို့ အီရန်နှင့်တင်းမာမှုအရေးကို နိုင်ငံအရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့တာပါ။
၂၀၂၀ နိုင်ဝင်ဘာလမှာတော့ ယူအေအီးကို ဒေါ်လာ ၂၃ ဘီလီယံလောက်တန်ကြေးရှိတဲ့ လက်နက်တပ်ဆင်ထားတဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ F-35 တွေကိုရောင်းချဖို့ ခွင့်ပြုခဲ့တဲ့အကြောင်း ကွန်ဂရက်ကို အသိပေးခဲ့ပါတယ်။
အဲဒီနောက် ဘိုင်ဒန်မတက်ခင်လေးမှာပဲ အရောင်း အဝယ် သဘောတူညီမှု ပြီးမြောက်ခဲ့ပါတယ်။ ထရမ့်ဟာ ကွန်ဂရက်မှ ဒီရောင်းဝယ်မှုကို တားဆီးမည့်အနေအထားကို ဗီတိုအာဏာဖြင့် ခြိမ်း ခြောက်ခဲ့ပါတယ်။

ZawGyi
ယူေအအီးကို F-35 မ်ားေရာင္းခ်သည့္ကိစၥကို သမၼတသစ္ ဘိုင္ဒန္က ဆိုင္းငံ့လိုက္ပါတယ္။ ဒီေရာင္းခ်မႈကို သမၼတေဟာင္းထရမ့္က ဘိုင္ဒန္သမၼတမျဖစ္မီ နာရီပိုင္းအလိုေလးမွာ ယူေအအီးႏွင့္ သေဘာတူညီမႈေတြ ျပဳလုပ္ခဲ့တာပါ။
အစိုးရသစ္ဟာ ယူေအအီးႏိုင္ငံအေနႏွင့္ F-35 မ်ားကို ယီမင္ႏိုင္ငံရွိ ဟူသီသူပုန္တို႔ကို တိုက္ခိုက္ဖို႔ အသုံးျပဳႏိုင္တဲ့အတြက္ စိုးရိမ္မႈေတြ ျမင့္တက္ေနတာပါ။ ဟူသီသူပုန္မ်ားမွာ ေလတပ္မရွိသိအျပင္ အေျခခံေလေၾကာင္းကာကြယ္ေရး လက္နက္ေလာက္သာရွိပါတယ္။
ယူေအအီးအေနျဖင့္ လက္ရွိမွာ F-16 ၇၇ စီး ႏွင့္ Mirage 2000 ၆၃ စီး တို႔ျဖင့္ ေတာင့္တင္းေသာ ေလေၾကာင္းအင္အား ရွိၿပီးျဖစ္ပါတယ္။
ယူေအအီးဟာ ေဆာ္ဒီအာေရးဗ်ႏွင့္ ပူးေပါင္းၿပီး ယီမင္မွာရွိတဲ့ ဟူသီသူပုန္ေတြကို တိုက္ခိုက္ေနတာပါ။ ေဆာ္ဒီမွာလဲ F-15 ၄၂ စီး၊ F-5 အေပါ့စားတိုက္ေလယာဥ္ ၇၄ စီး ႏွင့္ Tornado တိုက္ေလယာဥ္ ၄၄ စီးပိုင္ဆိုင္ထားပါတယ္။
ဒီႏွစ္ႏိုင္ငံရဲ႕ တိုက္ခိုက္မႈမွာ မေတာ္တဆ သို႔မဟုတ္ ရည္႐ြယ္ခ်က္ရွိရွိ အရပ္သားပစ္မွတ္ေတြကို တိုက္ခိုက္ခဲ့တဲ့ ျဖစ္ရပ္ေတြရွိခဲ့ပါတယ္။
ယူသီေတြႏွင့္ရင္ဆိုင္ရာမွာ F-35 ဟာ အသုံးမဝင္ပါဘူး။ ဒီေလယာဥ္ဟာ ေလေၾကာင္းအကဲသာေရး တိုက္ေလယာဥ္ျဖစ္ၿပီး ဗုံးႀကဲတိုက္ေလယာဥ္မဟုတ္ပါဘူး။ ၿပီးေတာ့ ေျမျပင္ပစ္မွတ္ေတြကို တိုက္ခိုက္ရာမွာ F-15 ေလာက္ မေကာင္းမြန္ဘူးလို႔ အေၾကာင္းျပထားပါတယ္။
တကယ္ေတာ့ F-35 တိုက္ေလယာဥ္မ်ား ေရာင္းခ်မႈကိုဆိုင္းငံ့ျခင္းဟာ ယူေအအီးကို ဘိုင္ဒန္အစိုးရမွ ျပစ္ဒဏ္ခ်ခ်င္တာက မွလြဲ၍ ဟူသီမ်ားႏွင့္ လုံး၀ မသက္ဆိုင္ပါဘူး။ ေဒသတြင္းမွာ အီရန္ႏိုင္ငံရဲ႕ အနာဂါတ္ န်ဴကလီးယားႏွင့္ ဒုံးက်ည္စနစ္မ်ား အႏၲရာယ္ ႀကီးထြားလာမွာကို ထိပ္တိုက္ေတြ႕လာမယ့္ ပင္လယ္ေကြ႕ႏိုင္ငံေတြရဲ႕ အင္အားကို ဘိုင္ဒန္က ဘာလို႔ ခ်ိနဲ႔ေစတာလဲဆိုတာ ေမးခြန္းထုတ္စရာပါ။
အာရွတိုင္းမ္လ္ ကေတာ့ ဒီအျဖစ္ေၾကာင့္ ယူေအအီးဟာ အီရန္ႏွင့္ရင္ဆိုင္ဖို႔အေရးမွာ ေမွးမွိန္ေစတယ္လို႔ သုံးသပ္ထားပါတယ္။ ဒီသတင္းကို Wall Street Journal က ဗုဒၶဟူးေန႔က ပထမဆုံး ေဖာ္ျပခဲ့တာပါ။
၂၀၁၉ ေမလက သမၼတေဟာင္းထရမ့္က ေဆာ္ဒီအာေရဗ်၊ ယူေအအီးႏွင့္ ေဂ်ာ္ဒန္ ႏိုင္ငံတို႔ကို အေမရိကန္ေဒၚလာ ၈ ဘီလီယံေလာက္တန္ေၾကးရွိတဲ့ လက္နက္ေရာင္းခ်မႈအေပၚ ကြန္ဂရက္မွ ကန႔္ကြက္မႈကိုေရွာင္ရွားဖို႔ အီရန္ႏွင့္တင္းမာမႈအေရးကို ႏိုင္ငံအေရးေပၚအေျခအေနအျဖစ္ ေၾကျငာခဲ့တာပါ။
၂၀၂၀ ႏိုင္ဝင္ဘာလမွာေတာ့ ယူေအအီးကို ေဒၚလာ ၂၃ ဘီလီယံေလာက္တန္ေၾကးရွိတဲ့ လက္နက္တပ္ဆင္ထားတဲ့ ေမာင္းသူမဲ့ေလယာဥ္ေတြနဲ႔ F-35 ေတြကိုေရာင္းခ်ဖို႔ ခြင့္ျပဳခဲ့တဲ့အေၾကာင္း ကြန္ဂရက္ကို အသိေပးခဲ့ပါတယ္။
အဲဒီေနာက္ ဘိုင္ဒန္မတက္ခင္ေလးမွာပဲ အေရာင္း အဝယ္ သေဘာတူညီမႈ ၿပီးေျမာက္ခဲ့ပါတယ္။ ထရမ့္ဟာ ကြန္ဂရက္မွ ဒီေရာင္းဝယ္မႈကို တားဆီးမည့္အေနအထားကို ဗီတိုအာဏာျဖင့္ ၿခိမ္းေျခာက္ခဲ့ပါတယ္။
Knowledgeworms Copyright © 2021