ရေထဲမှာရှိတဲ့ ပလတ်စတစ်အိတ်တွေရဲ့ ကြီးမားတဲ့ အန္တရာယ်

Knowledge Science

ပလတ်စတစ်အမှိုက်တွေဟာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးကို ဘယ်လောက် ထိခိုက်စေသလဲ ဆိုတာကို ကျွန်ုပ်တို့ အတော်များများ ကောင်းစွာသိရှိထားပြီးဖြစ်မှာပါ။

စွန့်ပစ်ထားတဲ့ အထုပ်​တွေ၊ ပုလင်းခွံ​တွေ၊ ဓာတုဗေဒပစ္စည်း​တွေဖြင့် ပြုလုပ်ထားတဲ့ အခြားထုပ်ပိုးမှုတွေရဲ့ ပြိုကွဲပျက်စီးမှုဟာ နှစ်ထောင်ပေါင်းများစွာ ကြာရှည်ကြောင်း သိပ္ပံနည်းကျ သက်သေ ပြထားပြီး ဖြစ်ပါတယ်။

လူသားတွေရဲ့ ပလတ်စတစ် စွန့်ပစ်မှုဟာ ရေနေသတ္တဝါ​တွေနှင့် အပင်​တွေကို အန္တရာယ် ဖြစ်စေ နိုင်သော်လည်း ရေထဲသို့ စွန့်ပစ်နေကြဆဲ ဖြစ်ပါတယ်။

မကြာသေးမီက ဂျာမန်သိပ္ပံပညာရှင်တွေက ပစိဖိတ် သမုဒ္ဒရာရဲ့ နက်ရှိုင်းသည့် နေရာသို့ နစ်မြုပ်သွားခဲ့ပြီ ဖြစ်တဲ့ ကိုကာဗူး​တွေနှင့် ပင် လယ် ကြမ်းပြင်ပေါ်မှာ နှစ် ၂၀ ကျော်ကြာထိ ရှိခဲ့တဲ့ ချိစ် ပါသော ပလတ်စတစ်အိတ်ကို တွေ့ရှိခဲ့ကြပါတယ်။

သုတေသီတွေက ၎င်းတို့ရဲ့ အခြေအနေနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လေ့လာပြီးနောက် အလွန် စိတ်ဝင် စားဖွယ် ကောင်းသော ကောက်နုတ်ချက်တွေကို တင်ပြခဲ့​ကြပါတယ်။

ရှာဖွေခဲ့ကြတဲ့ ပလပ်စတစ်အမှိုက်တွေအကြောင်း

ပလတ်စတစ်အမှိုက်ရှာရတာ အရမ်းလွယ်ပေမယ့် ဒီနေ့ခေတ် သမုဒ္ဒရာကြီးဟာ အလွန်နက်နဲပါတယ်။

စွန့်ပစ် ပလတ်တစ်များ

ပလတ်စတစ်အိတ်တွေနဲ့ ပုလင်းတွေကို ရေထဲမှာ ဘယ်နှစ်နှစ်လောက် ပစ်ချပြီး သမုဒ္ဒရာ အောက်ခြေမှာ ဘယ်နှစ်နှစ်ရှိပြီလဲ ဆိုတာ သိဖို့ကတော့ ခက်ခဲပါတယ်။

ဂျာမန်သိပ္ပံပညာရှင်တွေက ထုတ်လုပ်မှုရက်စွဲအတိအကျကို ခွဲခြားသိရှိနိုင်ပြီး သမုဒ္ဒရာအတွင်း စွန့်ပစ်သည့်အချိန်ကို ခန့်မှန်းတွက်ချက်နိုင်သည့် အမှိုက်ကို ရှာဖွေဖို့ စတင်ခဲ့ကြပါတယ်။

ပစိဖိတ်သမုဒ္ဒရာ ရေပြင်မှာ အနည်းငယ် ငုပ်ရှိုး ရှာဖွေပြီးနောက် ဆက်လက်လေ့လာခဲ့ကြပါတယ်။

ပစိဖိတ်သမုဒ္ဒရာရဲ့အောက်ခြေမှာ တွေ့ရှိခဲ့ရတဲ့ ဒိန်ခဲထုပ်

အနက် ၄,၁၅၀ မီတာမှာ သိပ္ပံပညာရှင်တွေက ပလပ်စတစ် အိတ်ထဲမှာ ဒိန်ခဲ တစ်ထုပ်နှင့် ကိုလာဗူး​တွေ ကို တွေ့ရှိ ခဲ့​ကြပါတယ်။

နှစ်ရာပေါင်းများစွာ ပြိုကွဲပျက်စီးသွားမှုကို ထိန်းသိမ်းနိုင်တဲ့ ကြာရှည်ခံမှုကြောင့် တံဆိပ်ကို ကောင်းစွာ ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။

ထုပ်ပိုးမှုမှာ Bank of Coca-Cola Limited Edition ပါရှိပြီး ၎င်းကို 1988 နှင့် 1996 ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တယ်ဟု သိရပါတယ်။

ဒါ့ကြောင့် အဆိုပါ အမှိုက်အိတ်ဟာ သမုဒ္ဒရာအောက်ခြေမှာ အနှစ် 20 ကျော်ကြာအောင် တည်ရှိနေခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ပလတ်စတစ်နှင့် ၎င်းရဲ့အန္တရာယ်

ဇီဝဓာတုဆိုင်ရာ Stephan Kraus ရဲ့ ပြောကြားချက်အရ ရေအောက်မှာ ကြာရှည်စွာနေခဲ့သော်လည်း အထုပ်နှင့် အစားအ သောက်ပုံးတွေက ပျက်စီးယိုယွင်းသည့် လက္ခဏာကို မတွေ့ရှိရပါဘူးဟု ဆိုပါတယ်။

သုတေသနတခု သရုပ်ပြ

သမုဒ္ဒရာအောက်ခြေမှာ လုံးဝပျက်စီးနေတဲ့အရာဝတ္တုတွေလည်း ရှိတဲ့အတွက်ကြောင့် ၎င်းတို့ကို မတူညီတဲ့ပစ္စည်းများဖြင့် ပြုလုပ်ထားသော်လည်း ပျက်စီးဆုံးရှုံးမှုတွေဖြစ်အောင် သမုဒ္ဒရာကြမ်းပြင်ရှိ အဏုဇီဝမျိုးစုံကွဲပြားမှုကို ပြင်းထန်စွာ လွှမ်းမိုးခဲ့တာတော့ အတူတူပါပဲ။

သို့ပေမယ့် ယခုရှာဖွေတွေ့ရှိခဲ့တဲ့ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ပေါ်မှာတော့ ပိုးမွှားများ လုံးဝမရှိတာကို တွေ့ခဲ့ရပါတယ်။

ပြန်လည်ဆယ်ယူရရှိခဲ့တဲ့ ပလတ်စတစ်အမှိုက်တွေဟာ အန္တရာယ်အလွန်များတယ်ဟု သုတေသီတွေက ဆိုပါတယ်။

ဒီလိုအရာတွေဟာ သမုဒ္ဒရာထဲမှာ အများအပြားရှိပြီး ဓာတုပစ္စည်းအမျိုးပေါင်း ရာနှင့်ချီ ကပ်ငြိနေပါတယ်။

ဥပမာ အပူချိန် 150 ဒီဂရီစင်တီဂရိတ်အထိ အပူပေးတဲ့အခါဖြစ်ဖြစ်၊ ပြင်းထန်တဲ့ ဖိအားပေးတဲ့အခါဖြစ်ဖြစ် ကြီးမားတဲ့ ရေသိုလှောင်ကန်များထုတ်လုပ်ရာမှာ အသုံးပြုသည့် polycarbonate ပလပ်စတစ်ဟာ ရေတွင်ပျော်ဝင်အားနည်းတဲ့ ဇီဝဗေဒဆိုင်ရာတက်ကြွသောဒြပ်စင် bisphenol a ကို ထုတ်ပေးပါတယ်။

လေ့လာမှုများစွာအရ အဆိုပါအရာကို ကြာရှည်စွာ ထိတွေ့ခြင်းက စိုးရိမ်ပူပန်မှုကို ဖြစ်စေပြီး မျိုးမပွားနိုင်ခြင်းနှင့် အခြားအန္တရာယ်ရှိတဲ့ ရောဂါများကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

သမုဒ္ဒရာအောက်ခြေမှာရှိတဲ့ ပလတ်စတစ်အမှိုက်များ

သို့သော်လည်း အဆိုပါ အန္တရာယ်ရှိတဲ့ အရာတွေဟာ မပျက်စီးနိုင်တာကြောင့် သမုဒ္ဒရာတွေရဲ့ အောက်ခြေမှာ ပလတ်စတစ်တွေ စုပုံခြင်းဟာ အန္တရာယ်တစ်ရပ် ဖြစ်လာပါတယ်။

တကယ်တော့ ဒီအမှိုက်တွေကို တခြားရေနေသတ္တဝါတွေဟာ စားသုံးမိကြပြီး သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းဟာ ချေဖျက်လို့မရတဲ့ အရာတွေနဲ့ ပိတ်ဆို့နေပါတယ်။

စွန့်ပစ် ပလတ်တစ်များ

နောက်ဆုံးမှာ ရေနေသတ္တဝါလေးတွေကို ဒုက္ခရောက်စေပြီး အသက်ဆုံးရှုံးစေပါတယ်။

အကယ်၍ လူသားမျိုးနွယ်က ရေကို ဆက်လက်ညစ်ညမ်းစေနေမယ်ဆိုရင် ထိုကဲ့သို့ ဖြစ်ရပ်တွေဟာ ပိုမိုများပြားလာမှာဖြစ်ပြီး ယင်းကြောင့် တိရစ္ဆာန်မျိုးစိတ်များစွာကို မျိုးသုဉ်းသွားစေမှာ သေချာပါတယ်။

ဒါ့အပြင် ပလတ်စတစ်အမှုန်အမွှားတွေက ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာတောင် ဝင်ရောက်နေပြီဖြစ်ပြီး သောက်သုံးရေက အဓိကအရင်းအမြစ်အဖြစ် ယူဆကြပါတယ်။

2019 ခုနှစ် ဂျာမန်သိပ္ပံပညာရှင်များက သုတေသနပြုလုပ်ခဲ့ပြီး လူ့​​ခန္ဓာကိုယ် အထဲမှာ အန္တရာယ်ရှိတဲ့ အဏုကြည့် မိုက်ခရို ပလတ်စတစ်များ ပါဝင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

လူများ၏ သွေးကြောထဲမှာပါ မိုက်ခရို ပလတ်စတစ်များကို တွေ့လာရတဲ့ အကြောင်းကို “လူ့သွေးကြောထဲမှာ ပလတ်စတစ် အမှုန်အမွှားတွေကို ပထမဆုံး တွေ့ရှိလာတဲ့ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သုတေသီတွေကတော့ အဆိုပါ အမှုန်အမွှားတွေကို ကောင်းစွာ မလေ့လာရသေးသော်လည်း ရေရှည်မှာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွက် ပြန်လည် ပြုပြင်၍မရသော အန္တရာယ်များကို ဖြစ်စေနိုင်တယ်ဟု မှတ်ချက်ပြုထားပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 27/3/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published.