Microsoft အမှုဆောင်အရာရှိချုပ် Bill Gates ဟာ ၎င်းရဲ့ကိုယ်ပိုင်နျူကလီးယားဓာတ်အားပေးစက်ရုံကို အပြည့်အဝ လုပ်ဆောင် ဖို့ ဆုံးဖြတ်ခဲ့ပြီး ၎င်းကိုတည်ဆောက်ဖို့အတွက် သေးငယ်တဲ့ Wyoming မြို့ကို ရွေးချယ်ခဲ့ပါတယ်။
Natrium နျူကလီးယား ဓာတ်အားပေးစက်ရုံကို Wyoming မြို့ Kemmerer မှာ တည်ဆောက်မည်ဖြစ်ကြောင်း The Guardian မှာ ဖော်ပြထားပါတယ်။
အဆိုပါနျူကလီးယားစက်ရုံဟာ 2025 မှာပိတ်ပစ်မည့် ကျောက်မီးသွေးစက်ရုံဟောင်းနေရာ အစားထိုးမည်ဟု သိရပြီး လူဦးရေ 2,600 ရှိတဲ့ အဆိုပါမြို့အတွက် အလုပ်အကိုင်ပေါင်း 250 ခန့် ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားပါတယ်။
လည်ပတ်မှုနောက်ကွယ်က TerraPower ဟာ Bill Gates မှ တည်ထောင်ပြီး Warren Buffet ရဲ့ Berkshire Hathaway မှ ပိုင်ဆိုင်တဲ့စွမ်းအင်ကုမ္ပဏီ ဖြစ်ပါတယ်။

“ကျွန်ုပ်တို့ရဲ့ဆန်းသစ်တီထွင်ထားတဲ့နည်းပညာဟာ စွမ်းအင်စနစ်သို့ကူးပြောင်းပြီး Wyoming မှာရှိတဲ့ လူတွေအတွက် လစာကောင်းတဲ့အလုပ်သစ်များ ဖန်တီးနေစဉ်မှာဘဲ ယုံကြည်စိတ်ချရတဲ့လျှပ်စစ်ဓာတ်အား ဆက်လက်ထုတ်လုပ်မှုကို အသေအချာရရှိဖို့ ကူညီပေးပါလိမ့်မယ်” ဟု TerraPower အမှုဆောင်အရာရှိချုပ် Chris Levesque က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
Natrium နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ Kemmerer တစ်ဝိုက်ရှိ အိမ်ခြေ ၂၅၀,၀၀၀ ခန့်ကို ဝန်ဆောင်မှုပေးနိုင်မည့် ၃၄၅ မဂ္ဂါဝပ် ဆိုဒီယမ်-အအေးခံဓာတ်ပေါင်းဖို ဖြစ်လာမည် ဖြစ်ကြောင်း သိရပါတယ်။
ဒီဓာတ်ပေါင်းဖိုအမျိုးအစားဟာ အရေးပေါ်အခြေအနေမှာ စက်ရုံကို အမြန်ပိတ်နိုင်စေကာ ၎င်းဟာ ယခင် ဓာတ်ပေါင်းဖိုအဟောင်းများထက် ပိုမိုဘေးကင်းမည်ဟု ဆိုပါတယ်။
“Natrium ဟာ စွမ်းအင်စက်မှုလုပ်ငန်းအတွက် ပြောင်းလဲမှုတစ်ခုဖြစ်လာမည်ဟု ကျွန်ုပ်တို့ထင်သည်” ဟု ဇွန်လတွင်စတင်ခဲ့တဲ့ ပရောဂျက်မိတ်ဆက်ပွဲအတွင်း Gates က ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အခြားသူတွေက အဆိုပါ ဆန်းသစ်နည်းပညာကို မယုံကြပါဘူး။
Union of Concerned Scientists မှ အကျိုးအမြတ်မယူတဲ့ သိပ္ပံလှုံ့ဆော်မှုအဖွဲ့မှ နျူကလီးယားစွမ်းအင်ဘေးကင်းရေးဆိုင်ရာ ဒါရိုက်တာ Edwin Lyman က ဆိုဒီယမ်အရည်ကို အသုံးပြုခြင်းဟာ “ပြဿနာများစွာရှိနိုင်တယ်” ဟု ယုံကြည်ကြောင်း The Guardian သို့ ပြောကြားခဲ့ပါတယ်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့အနေနဲ့ အရင်းခံအကြောင်းကို နားမလည်ပါဘူး” ဟု Lyman က သတင်းစာကို ပြောကြားခဲ့ပါတယ်။
“သို့ပေမဲ့ အဲဒါအတွက် အားကောင်းတဲ့ ထောက်ခံအားပေးသူတွေ ရှိသလို အဆိုပါအရာဟာ လေ့လာလိုက်စားဖို့ နည်းပညာကောင်းတစ်ခုဖြစ်တယ်လို့ Bill Gates က စည်းရုံးအောင်မြင်ခဲ့ပါတယ်။”
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပေါ်ရှိ အထင်ရှားဆုံး ဘီလီယံနာနှစ်ဦးဟာ Wyoming မြို့ငယ်လေးမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ကြတာလဲ။
သန့်ရှင်းတဲ့စွမ်းအင်အတွက် လမ်းကြောင်းသစ်တစ်ခုကို အကွက်ကျကျဆွဲထားနိုင်သော်လည်း ဒါဟာ ဆိုးရွားတဲ့ ချမ်းသာကြွယ်ဝမှု စူပါဗီလိန်စွမ်းအင်ကို ပေးစွမ်းနိုင်တယ်ဟု ပြောဆိုခြင်းဟာလည်း တရားမျှတပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။