တရက်ထဲနဲ့ ဘီလီယံပေါင်းများစွာ ပိုမို ချမ်းသာလာတဲ့ Elon Musk

Business News

Elon Musk ရဲ့ ချမ်းသာကြွယ်ဝမှုဟာ တစ်ရက်ထဲနဲ့ ဒေါ်လာ ၃၆ ဘီလီယံ မြင့်တက်လာခဲ့ပြီး ဒါဟာ Bloomberg ရဲ့ မှတ်တမ်းဝင်သမျှထဲမှာ တစ်ရက်တာ အကြီးမားဆုံး အမြတ်အစွန်းဖြစ်ကြောင်း သိရပါတယ်။

Bloomberg ရဲ့ အဆိုအရ Elon Musk ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ တနင်္လာနေ့မှာဘဲ ဒေါ်လာ ၂၈၈.၆ ဘီလီယံအထိ ခုန်တက်သွားခဲ့တယ် ဟုဆိုပါတယ်။

Tesla ရဲ့ စျေးကွက်တန်ဖိုးဟာ ပထမဆုံးအကြိမ်အဖြစ် ၁၃ ရာခိုင်နှုန်း တက်လာပြီး Elon Musk ရဲ့ ကြွယ်ဝမှုကို တိုးလာစေတာ ဖြစ်ပါတယ်။

ယခုအခါ Elon Musk ဟာ အမေဇုံ သူဌေးကြီး Jeff Bezos ထက် ဒေါ်လာ ၁၀၀ ဘီလီယံ နီးပါးချမ်းသာနေပြီ ဖြစ်ပါတယ်။

တနင်္လာနေ့ကတော့ Tesla နဲ့ ၎င်းရဲ့ CEO ဖြစ်တဲ့ Elon Musk တို့ရဲ့ နေ့တစ်နေ့ပါပဲ ဖြစ်ပါတယ်။

Hertz က ၎င်းရဲ့အငှားယာဉ်စုအတွက် Tesla မှ လျှပ်စစ် စွမ်းအင်သုံး ကားပေါင်း ၁ သိန်း ဝယ်ယူဖို့ ရည်ရွယ်ထားကြောင်း တနင်္လာနေ့ နံ နက် အစောပိုင်းတွင် ကြေငြာခဲ့ပါတယ်။

ဒါဟာ ကုမ္ပဏီရဲ့စျေးကွက်အရင်းအနှီး နှင့် ထိပ်တန်းအမှုဆောင်တွေရဲ့ဝင်ငွေဟာ အသားတင်တန်ဖိုးအသစ်များအထိ မြင့်တက်လာတယ်ဟု ဆိုပါတယ်။

Tesla ရဲ့ရှယ်ယာစျေးနှုန်းဟာ တနင်္လာနေ့မှာဘဲ ၁၃ ရာခိုင်နှုန်း နီးပါး မြင့်တက်လာခဲ့ပြီး ကားထုတ်လုပ်သူ​တွေရဲ့ စျေးကွက်ကို ပထမဆုံးအကြိမ် အဖြစ် ဒေါ်လာ ၁ ထရီလီယံကျော် အထိသယ်ဆောင်လာခဲ့ပါတယ်။

Bloomberg ရဲ့ Billionaires Index မှတ်တမ်းဝင်ခဲ့တဲ့ တစ်ရက်တာအတွင်း အကြီးမားဆုံးအမြတ်ငွေ ဒေါ်လာ ၃၆.၂ ဘီလီယံ ပိုမို ချမ်းသာစေတဲ့နေ့တစ်နေ့ကို Elon Musk က ပိုင်ဆိုင်ခဲ့ပါတယ်။

Bloomberg က Elon Musk ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၈၈.၆ ဘီလီယံ ရှိလိမ့်မည်ဟု ခန့်မှန်းထားပါတယ်။

Elon Musk ရဲ့ကြွယ်ဝမှုဟာ ယခုအခါ Toyota ရဲ့ ဒေါ်လာ ၂၈၂ ဘီလီယံ စျေးကွက်တန်ဖိုးကို ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ General Motors (ဒေါ်လာ ၈၃.၉ ဘီလီယံ) နှင့် Ford (ဒေါ်လာ ၆၂.၈ ဘီလီယံ) ကဲ့သို့သော Tesla ပြိုင်ဘက် များထက် သိသိသာသာ တိုးတက်တာဘဲ ဖြစ်ပါတယ်။

Elon Musk ဟာ Tesla ရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ၎င်းရှယ်ယာဟာ Boring Company နှင့် SpaceX စတဲ့ လုပ်ငန်းတွေမှာလည်း ငွေကြေးထောက်ပံ့ဖို့ ၎င်းကြွယ်ဝမှုတွေရဲ့ အဓိကထောက်တိုင်ပဲ ဖြစ်ပါတယ်။

Tesla ဟာ တစ်ချို့သော ဘဏ္ဍာရေးဆိုင်ရာ မှတ်တိုင်ကိုရောက်လာတဲ့အခါ ရှုပ်ထွေးတဲ့ ပေးချေမှုပက်ကေ့ချ်မှ ထူးထူးခြားခြား စီအီးအိုဟာ စတော့ခ်ရွေးချယ်ခွင့်အများအပြားကို ရရှိခဲ့ပါတယ်။

Bloomberg ရဲ့အဆိုအရ Tesla ဟာ ၎င်းရဲ့ စတော့ရှယ်ယာအသစ်တစ်ခုကို ဖွင့်ထုတ်လိုက်ကြောင်း ကြေညာပြီးပြီးချင်း Elon Musk ဟာ ဒေါ်လာ ၈ ဘီလီယံ ရရှိခဲ့တယ်ဟု သိရပါတယ်။

Elon Musk ဟာ Amazon တည်ထောင်သူ Jeff Bezos ကို ဇန်နဝါရီလ တုန်းကလဲ ပထမဆုံး ကျော်ဖြတ်ခဲ့ပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ် လာခဲ့ပါသေးတယ်။

ယခုအခါ Musk ဟာ စျေးကွက်ပိတ်ချိန်မှာ ဒေါ်လာ ၁၉၂.၆ ဘီလီယံပိုင်ဆိုင်တဲ့ Bezos ထက် ဒေါ်လာ ၁၀၀ ဘီလီယံနီးပါး ပိုမိုဦးဆောင်နိုင်ခဲ့တယ်ဟု Bloomberg က ခန့်မှန်းခဲ့ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *