ရွှေ့ပြောင်းငှက်တွေ အကောင်ရေ ကြီးကြီးမားမား ကျဆင်းနေတဲ့အကြောင်း

Article Nature

ရွှေ့ပြောင်းငှက်များ အတွက် အဖြစ်များဆုံး ခြိမ်းခြောက်မှုများနှင့် ၎င်းတို့ ဖြစ်ပွားသည့် နေရာများကို သုတေသီများက ဖော် ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။

နှစ်စဉ် သန်းပေါင်းများစွာသော ငှက်များဟာ ဆောင်းရာသီ မတိုင်ခင် ​နေရပ် များသို့ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။

ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ ကြိုးစားအားထုတ်မှုတစ်ခု ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုတွေ၊ လေထုညစ်ညမ်းမှုတွေအပြင် သားကောင်များခြိမ်းခြောက်မှုတွေကြောင့် ရွှေ့ပြောင်းငှက်တွေဟာ ရှားပါးလာပါတယ်။

သို့သော် လေ့လာမှု အသစ်တစ်ခုအရ ၎င်းတို့ ရင်ဆိုင်ရမည့် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ လူသားများဖြစ်တာကို တွေ့ခဲ့ရပြီး အထူးသဖြင့် လူသားတွေရဲ့ အခြေခံ အဆောက်အအုံတွေ ပြောင်းလဲလာတာကြောင့် ဖြစ်ပါတယ်။

၎င်းတို့ ရွှေ့ပြောင်းနေထိုင်စဉ်မှာ ငှက်တွေဟာ ပျံသန်းချိန်အလယ်တွင် အတားအဆီးများနှင့် မကြာခဏ တိုက်မိကြပြီး အဆို ပါ တိုက်မိမှု အများစုဟာ အသက်ဆုံးရှုံးသည် အထိ ဖြစ်စေပါတယ်။။

အဖြစ်အများဆုံး အတားအဆီး အချို့တွင် လျှပ်စစ် ဝါယာကြိုးများနှင့် တိုင်များ၊ လေအား လျှပ်စစ် တာဘိုင်များနှင့် အထပ်မြင့်မှန် အဆောက်အအုံများ ပါဝင်ပါတယ်။

University of East Anglia (UAA) မှ သုတေသီများက ရွှေ့ပြောင်းငှက်များရဲ့ အကောင်ရေ ကျဆင်းမှုဟာ လူ့အခြေခံ အ ဆောက်အအုံများ ပိုမို ရှိတဲ့ဒေသများသို့ ရွှေ့ပြောင်းလာသည့် ငှက်များတွင် အကြီးမားဆုံးဖြစ်တာကို တွေ့ရှိခဲ့​ကြပါတယ်။

ရာသီဥတု ပြောင်းလဲမှုနှင့် နေထိုင်ရာနေရာများ ပျက်စီး ယိုယွင်းမှုဟာ ရေရှည် ကျဆင်းမှုကို တွန်းအား ပေးရာ တွင်လည်း အခန်းကဏ္ဍမှ ပါဝင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

” ရွှေ့ပြောင်း နေထိုင်သော ငှက်မျိုးစိတ်တွေဟာ ရွှေ့ပြောင်း နေထိုင်ခြင်း မရှိသော ငှက်မျိုးစိတ်များထက် ပိုမို ကျဆင်းနေကြောင်း ကျွန်ုပ်တို့သိသော်လည်း အဘယ်ကြောင့်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း”

UEA ရဲ့ သဘာဝပတ်ဝန်းကျင်သိပ္ပံကျောင်းမှ သုတေသီနှင့် လေ့လာရေးပူးတွဲရေးသားသူ ဒေါက်တာ James Gilroy က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

သူတို့ရဲ့ ဘဝသံသရာမှာ ဒီရွှေ့ပြောင်း ငှက်မျိုးစိတ်တွေဟာ လူသားတွေရဲ့ သက်ရောက်မှုတွေကို အများဆုံး ကြုံတွေ့​နေရတယ်ဆိုတာကို ယခု လေ့လာတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဥရောပနှင့် မြောက်အမေရိကတွင် ပေါက်ဖွားလာသော ရွှေ့ပြောင်းငှက်များ အထူးသဖြင့် ဝေးကွာသည့် နေရာသို့ ပျံသန်းလေ့ ရှိသည့် ငှက်များဟာ နေရာဒေသအလိုက် ခြိမ်းခြောက်မှုများနှင့် ထိတွေ့မှုကြောင့် ရွှေ့ပြောင်းမဟုတ်သောမျိုးစိတ်များထက် ပိုများသောနှုန်းဖြင့် ကျဆင်းလျက်ရှိပါတယ်။

ပထဝီဝင်အရ ကွဲပြားသော ဒေသများရှိ အရင်းအမြစ်များအပေါ် ၎င်းတို့ရဲ့ မှီခိုအားထားမှုဟာ လူသားတို့ရဲ့ ခြိမ်းခြောက်မှုကို ခံနိုင်ရည်ရှိစေပါတယ်။

သုတေသီများက လိပ်ချိုးငှက် (Streptopelia turtur) နှင့် Common Cuckoo (Cuculus canorus) တို့ အပါအဝင် စုစု ပေါင်း ရွှေ့ပြောင်းငှက်မျိုးစိတ် ၁၀၃ မျိုးအား လေ့လာဖို့အတွက် အရေးကြီးတဲ့ အချက်အလက်များကို အသုံးပြုခဲ့ကြပါတယ်။

ထို့နောက် ၎င်းတို့ရဲ့ နေရင်းဒေသဆုံးရှုံးခြင်းကဲ့သို့သော အကြောင်းရင်းများအတွက် “ခြိမ်းခြောက်မှုရမှတ်များ” ကို တွက် ချက်ကာ ငှက်အကောင်ရေ ကျဆင်းမှုများကို ဆက်စပ် ရှာဖွေခဲ့ပါတယ်။

Cuculus canorus Image: Courtesy of Wiki Commons (BY CC)

ယေဘုယျအားဖြင့် သုတေသီများက ရွှေ့ပြောင်းနေထိုင်သော ငှက်များအတွက် လူသားမှ လှုံ့ဆော်ပေးသော ခြိမ်းခြောက်မှု ၁၆ မျိုးကို ဖော်ထုတ်ခဲ့ပါတယ်။

၎င်းတို့တွင် သဘာဝနေရင်းနေရာမှ လူသားအသုံးပြုမှုသို့ မြေယာအဖြစ်ပြောင်းလဲခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ အမဲလိုက်ခြင်းများအပါအဝင် တိုက်မိခြင်းများနှင့် ဆက်စပ်နေသည့် အခြေခံ အဆောက်အအုံများလည်း ပါဝင်ပါတယ်။

ဂြိုလ်တုဓာတ်ပုံများ တိုးတက်လာမှုကြောင့်၊ အဖွဲ့ဟာ ဥရောပ၊ အာဖရိကနှင့် အနောက်အာဖရိကတစ်ဝှမ်းရှိ ခြိမ်းခြောက်မှု ၁၆ ခုကို မြေပုံထုတ်ခဲ့ပါတယ်။

အဖွဲ့ဟာ ဇီဝ မျိုးစိတ် မျိုးကွဲများပေါ်တွင် လူသားများရဲ့ သက်ရောက်မှုများကို ပိုမို နားလည် သဘော ပေါက် နိုင်စေဖို့ ကြီး မား တဲ့မြေပုံကို ရေးဆွဲပြီး အသေးစိတ် အာရုံစိုက်လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

“ဥရောပ၊ အာဖရိကနှင့် အနောက်အာရှရှိ ငှက်များဖြန့်ကျက်နေထိုင်သည့် ဧရိယာများတွင် လူတို့ရဲ့ မြေမျက်နှာသွင်ပြင် ပြု ပြင်မွမ်းမံခြင်းတွေဟာ အာရှ-ယူရေးရှား ရွှေ့ပြောင်းနေထိုင်သည့် ငှက်မျိုးစိတ် ၁၀၀ ကျော် အရေအတွက် ကျဆင်းခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့တယ်” ဟု လေ့လာရေးစာရေးဆရာ Claire Buchan က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Streptopelia turtur

မြေမျက်နှာသွင်ပြင်ကို ပြုပြင်မွမ်းမံခြင်းအကြောင်း ပြောတဲ့အခါ၊ သဘာဝအတိုင်းမဟုတ်တဲ့ အရာတွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ လေ့လာ တွေ့ရှိချက်တွေက ကျဆင်းနေတဲ့ ငှက်မျိုးစိတ်များ အတွက် ရာသီအလိုက် ရွှေ့ပြောင်း နေထိုင်မှုတွင် လူ သားများကြောင့် ထိခိုက်မှုအများဆုံးခံရသည့်နေရာများကို အတိအကျ သိရှိစေတာကြောင့် အဖိုးတန်အချက်အလက်များကို ယူဆောင်လာတယ်ဟု သုတေသီများက ယုံကြည်ကြပါတယ်။

အဆိုပါ ခြိမ်းခြောက်မှုများနှင့် ငှက်များ မည်သည့်နေရာတွင် အများဆုံး ကြုံတွေ့ရကြောင်း အတိအကျ ပြောနိုင်ခြင်းဟာ ထိန်းသိမ်းရေး လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်း ဆောင်ရွက်နိုင်ပြီး နောက်ထပ် ဆုံးရှုံးမှုများ မဖြစ်အောင်လည်း ကူညီပေးမှာဖြစ်ကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *