ပျံသန်းရင်း အိပ်စက်တတ်သည့် ငှက်များ၏ သဘာဝ အကြောင်း

Knowledge Nature

လေ့လာ အတည်ပြုမှု အသစ်အရ “ဟုတ်ကဲ့ ” အိပ်နိုင်ပါတယ်။ ရွှေ့ပြောင်းငှက်တွေဟာ တစ်ကြိမ် ပျံသန်းလျှင် ရက် အတန် ကြာအောင် မရပ်မနား ပျံသန်းလေ့ရှိပါတယ်။

တစ်ခါတစ်ရံ သူတို့ဟာ ကုန်းပေါ် ဆင်းသက်ရန် နှင့် အနားယူရန် မရှိတဲ့ ရှည်လျားတဲ့ သမုဒ္ဒရာကို ဖြတ်ကူးကြရပါတယ်။

လူတွေဟာ ငှက်တွေအိပ်ဖို့ နည်းလမ်းရှာနေတဲ့ ပတ်သတ်ပြီး ထင်ကြေးပေးခဲ့ ကြပေမယ့် ယခု အခါမှာတော့ ပထမဆုံး အ ကြိမ်အဖြစ် သိပ္ပံ ပညာရှင်တွေက ရွှေ့ပြောင်းငှက်တွေဟာ ပျံသန်းနေရင်း လေထဲမှာ တရေးတမော အိပ်ကြတာကို တွေ့ရှိခဲ့ပါတယ်။

သဘာဝဆက်သွယ်ရေး ရဲ့ အသေးစိတ်လေ့လာမှုအရ Galapagos ကျွန်းစုများမှ ဖရီးဂိတ်ငှက် ကိုးကောင်ရဲ့ ဦးနှောက် လုပ် ဆောင်ချက်တွေ ဟာ ဝန်ပိမနေဘဲ အုပ်စုလိုက် သမုဒ္ဒရာကိုဖြတ်၍ ရက်သတ္တပတ် သို့မဟုတ် လပေါင်းများစွာ မရပ် မနားဘဲ ပျံသန်းစေနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

ပင်လယ်ပျော် ငှက်တကောင်

သုတေသီများဟာ စာပို့ခိုများအတွက် ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတဲ့ electroencephalogram စမ်းသပ်မှုကို အသုံးပြုပြီး ဦးနှောက်လှိုင်း လှုပ်ရှားမှုကို တိုင်းတာသည့် အာရုံခံ ကိရိယာတခု အပြင်

အရှိန်တိုင်း ကိရိယာ တခုကိုပါ ငှက်များ၏ ဦးခေါင်းလှုပ်ရှားမှုကို တိုင်းတာရန် ငှက်တကောင်ချင်းစီမှာ တပ်ဆင်ပေးခဲ့ပါတယ်။

ထို့နောက် သူတို့ဟာ ငှက်များကို ၁၀ ရက်ကြာအောင် ခြေရာခံ လေ့လာ ခဲ့ကြပါတယ်။

လင်းပိုင်များ ကဲ့သို့ ငှက်များဟာလဲ မျက်လုံးတစ်ဖက်ဖွင့်ကာ ဦးနှောက်နိုးပြီး အိပ်နိုင်တာကို သိပ္ပံပညာရှင်များက ဆယ်စုနှစ်တစ်ခု ကျော်အောင် သိရှိပြီးသားဘဲ ဖြစ်ပါတယ်။

ဒီလေ့လာမှုအရ ငှက်တွေဟာ ပျံသန်းရင်းလည်း ဦးနှောက် တစိတ်တပိုင်းကို အနားပေး ထားနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

တစ်ချို့ငှက်တွေဟာ ရံဖန်ရံခါ အိပ်လေ့ရှိတဲ့အခါ ဦး နှောက်တစ်ခြမ်းကိုသာ အနားပေးလေ့ရှိပေမဲ့ ပျံသန်းနေတဲ့ အချိန်မှာတော့ အိပ်စက်ခါ ဦးနှောက်တစ်ခုလုံးကို အနားပေးလေ့ရှိပါတယ်။

သူတို့ပျံသန်းနေစဥ် အိပ်တဲ့အခါ ပိုမြင့်တဲ့ အမြင့်မှာနေပြီး မြင့်တက်လာတဲ့ လေစီးကြောင်းနဲ့အတူ အိပ်စက်လေ့ရှိပါတယ်။

ဒါကြောင့် ခဏမှေးစက်လိုက်တဲ့ အချိန်မှာဆို အပေါ်ကို တက်သွားခြင်းဖြစ်ပါတယ်။

သရုပ်ပြပုံ

သို့သော်လည်း ဒီလိုလုပ်တာဟာ သူတို့ကို အိပ်ပျော်စေနိုင်တာကြောင့် အမြဲလုပ်တယ်လို့ မဆိုလိုနိုင်ပါဘူး။

ကုန်းပေါ်မှာရှိတဲ့ ငှက်များရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ နေ့စဥ် သူတို့ရဲ့ အိပ်စက်ချိန်ဟာ နေ့ခင်းဘက်နှင့် ညဘက် တွေမှာ အိပ်စက်တာကို တွေ့ရပါတယ်။

ငှက်တွေပျံသန်းနေစဥ် ညဘက်အိပ်စက်တဲ့အခါ တစ်နာရီသာသာ အိပ်စက်ကြရပြီး ကုန်းပေါ် ကငှက်တွေထက် အိပ်စက်ချိန် နည်းပါးတာကိုတွေ့ရပါတယ်။

ရွှေ့ပြောင်းငှက်တွေဟာ ရွှေ့ပြောင်းနေထိုင်ချိန်မှာ သူတို့အတွက် အစာအရင်းအမြစ် (စားကျက်) ရှာဖွေမှုကိုသာ အဓိကထားလုပ်ဆောင်ကြပါတယ်။

ဒါကြောင့် အနားယူအိပ်စက်ခြင်းထက် စားကျက်ရှာဖွေမှုကိုသာ ဦးစားပေးလုပ်ဆောင်ကြတာကို တွေ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 19/8/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *