အာကာသမှလာတယ်ဟု ယူဆရတဲ့ ၅၅၅.၅၅ ကာရက်ရှိ အနက်ရောင်စိန်ကြီးကို ရောင်းချနေပြီဖြစ်တဲ့အကြောင်း

News World

အဆိုပါ ရှားပါး ကျောက်မျက်တစ်လုံးဟာ အာကာသမှ ဆင်းသက်လာတယ်ဟု ယုံကြည်ရပြီး ယခုအခါ ၎င်းကို ဈေးကွက်အတွင်း ရောင်းချနေပြီပဲ ဖြစ်ပါတယ်။

၎င်းကို ဥက္ကာပျံရိုက်ခတ်မှုကနေဖြစ်ဖြစ် ဒါမှမဟုတ် ကမ္ဘာနှင့် တိုက်မိသော စိန်တုံးတွေရှိတဲ့ ဂြိုဟ်သိမ်တစ်ခုကနေ ဖန်တီးထားတာ ဖြစ်နိုင်တယ်ဟု ဆိုပါတယ်။

Enigma ဟုအမည်ပေးထားတဲ့ အဆိုပါကျောက်မျက်ကို Sotheby’s Dubai လေလံပွဲမှ ထုတ်ဖော်ပြသခဲ့ပြီး ၅၅၅.၅၅ ကာရက် ရှိတဲ့ အနက်ရောင်စိန်တစ်လုံး ဖြစ်ပါတယ်။

Sotheby’s က အဆိုပါ ကျောက်မျက်ဟာ ပြင်ပကမ္ဘာမှ အလွန်ရှားပါးတဲ့ အဖြစ်အပျက်တစ်ခုကနေ ဖြစ်ပေါ်လာတယ်ဟု ဆိုပါတယ်။

Image: Courtesy of Sotheby’s/Twitter

၎င်းကို လာမည့် ဖေဖော်ဝါရီလ လောက်မှာ ပေါင် ၅ သန်း (ဒေါ်လာ ၆.၈ သန်း) ခန့်ဖြင့် လန်ဒန်မြို့မှာ ရောင်းချဖို့ မျှော်လင့်ထားတယ် ဟု သိရပါတယ်။

အနက်ရောင်စိန်တွေမှာ နိုက်ထရိုဂျင်နှင့် ဟိုက်ဒရိုဂျင် ပမာဏ သဲလွန်စများ ရှိပြီး ကြယ် အာကာသအတွင်း တွေ့ရှိရတဲ့ ဒြပ်စင်တွေလည်း တွေ့ရပါတယ်။

၎င်းတို့ကို ဥက္ကာခဲတွေမှာ ပါ၀င်တဲ့ ဒြပ်စင် Osbornite နှင့်လည်း ပေါင်းစပ်ထားပါတယ်။

“ကာဗွန်ဒို စိန်များ” ဟုလည်း ခေါ်ကြပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂.၆ မှ ၃.၈ ဘီလီယံကြား သက်တမ်းရှိကာ အရောင်အားဖြင့်တော့ အနက်ရောင် ဖြစ်ပါတယ်။

Sotheby’s မှ လက်ဝတ်ရတနာ ကျွမ်းကျင်သူ Nikita Binani က အဆိုပါ စိန်နက်ကြီးကို စစ်မှန်တဲ့ သဘာဝဖြစ်စဉ် ဟု ခေါ်ဆိုခဲ့ပါတယ်။

Image: Courtesy of Sotheby’s/Twitter

၎င်းရဲ့ရောင်းအားအတွက် Nikita Binaniက ကျွန်ုပ်တို့သိကြတဲ့အတိုင်း အဆို စိန်ဟာ အရှားပါးဆုံး၊ နှစ်ဘီလီယံသက်တမ်းရှိပြီး စကြာဝဠာ အံ့ဖွယ်များထဲမှ တစ်ခုကို ရရှိဖို့ တစ်သက်မှာ တစ်ကြိမ်သာ ရရှိနိုင်တဲ့ အခွင့်အရေးဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ကျောက်မျက်မှာဆိုရင် အကွက်ပေါင်း ၅၅ ခု တိတိရှိသည့်အပြင် ၅၅၅.၅၅ ကာရက်ရှိပါတယ်။

ဒါကြောင့် အာရဗီဘာသာတွင် ငါးမျိုးဟုအဓိပ္ပာယ်ရတဲ့ ကာကွယ်မှု လက္ခဏာဖြစ်တဲ့ Hamsa ရဲ့ အရှေ့အလယ်ပိုင်း လက်ဖဝါး သင်္ကေတဖြင့် စိန်ရဲ့ပုံသဏ္ဍာန်ကို သမုတ်ထားပါတယ်။

Sotheby’s ဟာ အနက်ရောင်စိန်တွေကို ယခင်က တစ်ကာရက်လျှင် ပေါင် ၁၀,၀၀၀ ကျော်ဖြင့် ရောင်းချခဲ့ကြောင်း သိရပါတယ်။

Image: Courtesy of Sotheby’s/Twitter

အဆိုပါ စိန်နက်ကို ဖေဖော်ဝါရီ ၃ ရက်မှ ၆ ရက်အထိ အွန်လိုင်းမှာ လေလံဆွဲဖွင့်လှစ်မှာဖြစ်ပြီး လေလံအိမ်တစ်ခုအရ ၎င်းကို ငွေပေးချေမှုအဖြစ် cryptocurrency ကိုလည်း လက်ခံမည် ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

၎င်းလေလံတင်ရောင်းချမှုဟာ “The Key 10138” ဟုအမည်ပေးထားတဲ့ နောက်ထပ် ၁၀၁ ကာရက်ရှိ စိန်ရောင်းချမှုအပြီး cryptocurrency ဖြင့် ဝယ်ယူခဲ့သမျှ တန်ဖိုးအကြီးဆုံး ကျောက်မျက်ရတနာ ဖြစ်လာခဲ့ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *