ကမ္ဘာ့အကြီးဆုံး မီးသတ် လေယာဉ်ကြီး မီးမသတ်နိုင်တော့တဲ့ အကြောင်း

Knowledge News

တူရကီ၊ ဂရိ နှင့် အမေရိကန်အပါအဝင် နိုင်ငံများတွင် တောမီးလောင်ကျွမ်းမှုများ ဆိုးဆိုးဝါးဝါး ဖြစ်တတ်သောကြောင့် ကမ္ဘာလုံးဆိုင်ရာ မီးသတ်အဖွဲ့အစည်းမှ ဝေဟင်မှ လေယာဉ်ဖြင့် မီးသတ်သည့် နည်းပညာကဲ့သို့ ဖြေရှင်းနည်းများကို အသုံးပြုနေကြပါတယ်။

အဆိုပါ တောမီးလောင်ကျွမ်းမှုများမှာ အသုံးပြုနေတဲ့ မီးသတ် လေယာဉ်များထဲမှ အကြီးဆုံး လေယာဉ်ကြီးဖြစ်တဲ့ behemoth blaze extinguisher လို့ခေါ်တဲ့

Boeing 747 Supertanker လေယာဉ်ကြီးဟာ မနှစ်က ဧပြီကတည်းက ရပ်တန့် ထားရတယ်လို့ OrbitInside ၏ အစီရင် ခံစာအရ သိရပါတယ်။

အမေရိကန် ဘိုးအင်း ကုမ္ပဏီမှ ထုတ်လုပ်ခဲ့တဲ့ Boeing 747 လေယာဉ်ကြီးဟာ ရေဂါလံ ၁၉,၂၀၀ သို့မဟုတ် မီးသတ်ဆေးရည် ဂါလံ ၁၈,၀၀၀ လောက် တောင်ဆောင်နိုင်ပြီး ကမ္ဘာ့အကြီးဆုံး မီးသတ်လေယာဉ်ကြီးအဖြစ် မှတ်တမ်းတင် ခံထားရတာပါ။

Boeing 747 ပြုပြင်ထိန်းသိမ်းမှုအတွက် တာဝန်ရှိသည့် Global Supertanker Service ကုမ္ပဏီမှ ၎င်း၏ ဝက်ဘ်ဆိုက်တွင် “ဒီလေယာဉ်ရဲ့ ရေတင်ဆောင်နိုင်စွမ်းဟာ ဂါလံ ၉,၄၀၀ လောက်သယ်နိုင်တဲ့ ဒုတိယ အကြီးဆုံး လေယာဉ်ထက်ကို ၂ ဆ လောက် ပိုများပါတယ်” လို့ ရှင်းပြထားပါတယ်။

ဒီလိုကြီးမားပြီး ရေဂါလံနှင့် မီးသတ်ဆေးရည် ပိုမို သယ်ဆောင်နိုင်တဲ့အတွက် တောမီးလောင်သည့် နေရာများကို မီးသတ်သည့်အခါ လိုအပ်မည့် လေယာဉ်အရေအတွက်ကို‌ လျှော့ချနိုင်ခဲ့ပါတယ်။

ကုမ္ပဏီအဆိုအရ “လေယာဉ်လိုအပ်မှုကို လျှော့ချနိုင်တဲ့အတွက် မြေပြင်နှင့် လေယာဉ်အမှုထမ်း အသုံးပြုရမှုကိုပါ လျော့နည်းစေတဲ့အတွက် အန္တရာယ်ရှိမှုများကိုလျှော့ချနိုင်ပြီး လုံခြုံမှုကို ပိုမို တိုးတက်လာစေပါတယ်” လို့ သိရပါတယ်။

ဒီလေယာဉ်ကြီးဟာ ယမန်နှစ်က အကြိမ်ပေါင်း ၁၁၉ ကြိမ်လောက် ပျံသန်းပြီး မီးသတ်နိုင်ခဲ့ပါတယ်။

၎င်းဟာ မည်သည့် နေရာမဆို နာရီ ၂၀ အတွင်း ရောက်အောင် ပျံသန်းနိုင်ကာ ပေ ၈,၀၀၀ လောက်ရှိသည့် မည်သည့် လေဆိပ်မဆို ဆင်းသက်နိုင်တဲ့အတွက် အစ္စရေး၊ ချီလီ နှင့် ဘိုလီဗီးယားနိုင်ငံတို့တွင် ပျံသန်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အမေဇုန် တောမီး ငြှိမ်းသက်ရာမှာ ကူညီပေးနိုင် ခဲ့ပါတယ်။

အဆိုပါ လေယာဉ်ကြီးဟာ မနှစ်က ကယ်လီဖိုးနီးယားပြည်နယ်ရှိ တောမီး လောင်ကျွမ်းမှုမှာလည်း ပါဝင် ငြှိမ်းသက် ခဲ့ပါသေးတယ်။

Boeing 747 Supertanker ကြီး မပျံသန်းနိုင်တော့တဲ့ အကြောင်း

ဘိုးအင်းကုမ္ပဏီဟာ အမြတ်နည်းပါးလာပြီး လေယာဉ်ပျံသန်းရာမှာ ကုန်ကျစရိတ်များတဲ့အတွက် ၎င်းတို့၏ Boeing 747 လေယာဉ်များ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ကြေငြာခဲ့ပါတယ်။

Global Supertanker Service ကို ပိုင်ဆိုင်တဲ့ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ တခုဖြစ်တဲ့ Alterna Capital Partners ၏ ဦးဆောင်ညွှန်းကြားရေးမှူး Roger Miller မှ

Boeing 747-400 ၏ မီးသတ်စနစ်သစ်ကို အဆင့်မြှင့်ဖို့ရာအတွက် ကုန်ကျစရိတ် အလွန်အမင်း မြင့်တက်နေတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် ဒီလို ရင်းနှီးမြှပ်နှံမှုတခုကို ပြုလုပ်ပါက အကျိုးအမြတ် ရရှိဖို့ဆိုတာ မျှောက်မှန်းထားသည်ထက် ပိုမိုကြာရှည် လိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။

ထို့ကြောင့် ဘဏ္ဍာရေး အခက်အခဲကြောင့် ကပ်ရောဂါ ကာလတွင် ကုန်သွယ်မှု မြင့်တက်လာတဲ့အတွက် Alterna Capital Partners ဟာ ဒီ Boeing 747 လေယာဉ်ကြီးကို ကုန်တင်လေယာဉ်အဖြစ် ရောင်းချဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

“ကပ်ရောဂါကာလကြီးမှာ ကုန်တင်လေယာဉ်တွေရဲ့ တန်ဖိုး သိသိသာသာ မြင့်တက် လာတဲ့အတွက် ဒီလေယာဉ်ကြီးကို ကုန်တင်လေယာဉ်အဖြစ်ရောင်းချဖို့ အခြေအနေကို တွန်းပို့ ခဲ့တာ ဖြစ်တယ်” လို့ ကုမ္ပဏီမှ ရှင်းပြပါတယ်။

ကံမကောင်းစွာနဲ့ပဲ ၂၀၂၁ ခုနှစ် ဧပြီလမှာ Global Supertanker Service ကို ပိတ်သိမ်းခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မီးသတ်လေယာဉ်ကြီးဖြစ်တဲ့ ဒီ Boeing 747 လေယာဉ်ကြီးကို National Freight သို့ ကုန်တင်လေယာဉ်အဖြစ် ရောင်းချခဲ့ပါတယ်။

အစိုးရအချင်းချင်း ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ စောင့်ကြည်ရေးအဖွဲ့၏ ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ယနေ့ခေတ် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်သည့် အထင်ကရ ကြေငြာချက်တွင် ကမ္ဘာ့ တောမီး အကျပ်အတည်း အကြောင်း ပါဝင်ခဲ့ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *