လမ်းကြောင်းတွေကို သူ့ဘာသာသူ ပြန်လည်စီစဥ်နိုင်စွမ်းရှိလာတဲ့ Boston Dynamics ၏ စက်ရုပ်

News Tech

အမေရိကန်အင်ဂျင်နီယာနဲ့ စက်ရုပ်ဒီဇိုင်းကုမ္ပဏီ Boston Dynamics ဟာ လွတ်လပ်မှုကို ထပ်ဖြည့်ပေးထားပြီး ကမ္ဘာကြီးကိုပိုမိုကောင်းမွန်အောင် လိုက်လျောညီထွေ ဖြစ်အောင် ကူညီပေးတဲ့ Spot စက်ရုပ်ခွေးအတွက် update 3.0 ကို ထုတ်ပေးခဲ့ပါတယ်။

Spot Release 3.0 ဟာ Spot ကို လူသားတွေဝင်ရောက်စွက်ဖက်စရာမလိုဘဲ သူ့ရဲ့အလုပ်တွေကို ကူညီပေးပါတယ်။

update တွင် ပြောင်းလွယ်ပြင်လွယ်နိုင်တဲ့ အလိုအလျှောက်လုပ်ဆောင်နိုင်မှုတွေနဲ့ ထပ်ခါထပ်ခါ အချက်အလက်တွေ ဖမ်းယူနိုင်ခြင်းတို့ကို ထည့်ထားပြီး စစ်ဆေးမှုပတ်ဝန်းကျင်ကို ပိုမိုလုံခြုံထိရောက်စေရန် Spot ကို လိုအပ်တဲ့ အချက်အလက်အများကို စုဆောင်းနိုင်ဖို့ ပြုလုပ်ထားပါတယ်။

Spot ရဲ့ အလိုအလျောက်စစ်ဆေးမှုတွေက ထိရောက်တဲ့ ဒေတာဖမ်းယူခြင်းနဲ့ လုပ်ဆောင်ခြင်းတို့အတွက် ပိုမိုကောင်းမွန်လာပါတယ်။

ပုံတွေ၊ အပူပုံရိပ်တွေ၊ 3D ပုံရိပ်စုတွေနဲ့ အခြားအရေးကြီးတဲ့ အချက်အလက်တွေ စုဆောင်းပြီး ကွန်ပျူတာမှ မြင်နိုင်တဲ့ တန်ဖိုးရှိသည့် အချက်အလက်များကို ပြောင်းလဲပေးကာ စနစ်အတွင်းသို့ upload လုပ်ပြီးနောက် ခွဲခြမ်းစိတ်ဖြာမှုနှင့် သုံးသပ်မှုများ လုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။

Spot Release 3.0 ဟာ Spot ရဲ့ အလိုအလျောက် လမ်းလျှောက်စနစ်အား ပိုမိုကောင်းမွန်တဲ့ စီစဉ် ဆောင်ရွက် နိုင်စွမ်းတွေကိုလည်း တိုးမြှင့်ထားပါတယ်။

စက်ရုပ်ဟာ သူကိုယ်တိုင် သွားမယ့် လမ်းကြောင်းတွေ အတွက် အကောင်းဆုံး လမ်းကြောင်းကို ဆုံးဖြတ်နိုင်စွမ်းရှိပြီး သူ့ရဲ့လမ်းကြောင်းမှာ အတားအဆီးအသစ်တွေ ပေါ်ပေါက်လာပါက လမ်းကြောင်းကို ပြောင်းလဲနိုင်ပါတယ်။

သူဟာ အလုပ်ရှုပ်တဲ့ ဝေးလံတဲ့ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အလုပ်နေရာတွေမှာ အသုံးဝင်လိမ့်မှာဖြစ်ပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ Spot စက်ရုပ်ဟာ သင်လုပ်ဆောင်လိုသော အရာတွေကို ရွေးချယ်တဲ့အခါ လမ်းကြောင်းတွေကို အလိုအလျောက်စီစဉ်နိုင် လောက်အောင် ထက်မြက်ပါတယ်။

စက်ရုပ်ဟာ မြင်ကွင်း အခြေခံ ကင်မရာချိန်ညှိမှုနဲ့ အချိန်တိုင်း တူညီတဲ့ရှုထောင့်ကနေ တူညီတဲ့ပုံကို ဖမ်းယူရန် အလိုအလျောက်မြင်ကွင်းခွဲခြားခြင်း စနစ်များကို အသုံးပြုပါတယ်။

လူသားစစ်ဆေးသူတွေက Spot စက်ရုပ်မှ မြင်နိုင်တဲ့ အတိုင်းအတာများ ဖတ်ခြင်းနဲ့ အပူချိန် ခွဲခြမ်းစိတ်ဖြာခြင်းတို့လို ကွန်ပြူတာမြင်နိုင်စွမ်းဖြင့် တိုက်ရိုက်ကြည့်ရင်း စီမံခန့်ခွဲနိုင်ပါတယ်။

ပြုပြင်မွမ်းမံမှုတွေအရ စက်ရုပ်တွေဟာ ကွန်ပျူတာဆော့ဖ်ဝဲ တွေကို ပိုမိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ဒေတာတွေ ရရှိစေဖို့ စတင်ခဲ့ပါတယ်။

ယခုအခါ စက်ရုပ်ဟာ စိတ်ကြိုက်ကုဒ်ဖြင့် မစ်ရှင်တစ်ခုရဲ့အဆုံးမှာ သင့်ကို တည်ဆဲစနစ်တွေသို့ ဒေတာတွေ အလိုအလျောက် တွန်းပို့ ခွင့်ပြုပြီး AWS၊ Azure နှင့် IBM Maximo ကဲ့သို့ cloud server တွေနဲ့ ပေါင်းစည်းထားပါတယ်။

အခြား features အသစ်များအဖြစ် ဝန်များကို အဝေးမှပြန်လည် သယ်ဆောင်စေခြင်း၊ ဝန်ချိန် သတ်မှတ်ချက်တွေကို လွယ်ကူစွာစီစဉ်ခြင်း၊ လက်တွန်းတံခါးတွေ အတွက် လုပ်ဆောင်နိုင်စွမ်း၊ UX နားလည် နိုင်စွမ်း ပြုပြင်ခြင်းနဲ့ SDK အသစ်မွမ်းမံခြင်းကဲ့သို့ Spot စက်ရုပ် လက် မောင်း များ၏ တိုးတက်မှုတွေပါဝင်ပါတယ်။

ဟုတ်ပါတယ်၊ ဒီမွမ်းမံမှုတွေဟာ Boston Dynamics ရဲ့ အမှတ်အသား စက်ရုပ်ခွေးအတွက် ဒေါ်လာ ၇၄,၅၀၀ ကျော်ထက် ပိုသုံးစွဲလိုသူတွေအတွက် အမှန်တကယ် အသုံးဝင်လိမ့်မှာ ဖြစ်ပါတယ်။

Boston ၏ စက်ရုပ် စီမံကိန်းတွေ လုပ်ဆောင်နေချိန်မှာပဲ သြဂုတ်လ အစောပိုင်းမှာ Xiaomi ဟာ Boston Dynamics မှ စက်ရုပ်ခွေးထက် အဆ ၅၀ ပိုစျေးသက်သာတဲ့ CyberDog ကို မိတ်ဆက်ထားပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *