စက်ရုပ်အကြောင်းကို သင်စဉ်းစားတဲ့အခါ Boston Dynamics ကို သင်သေချာပေါက်စဉ်းစားရပါလိမ့်မယ်။ ကုမ္ပဏီဟာ နှစ်ပေါင်းများစွာ စက်ရုပ်များပိုမိုထုတ်လုပ်ခဲ့ပြီး ၎င်းစက်ရုပ်တွေဟာ ပန်းကန်ဆေးကြောခြင်းမှ ခုန်ပျံကျော်လွှား အလုပ်တွေ လုပ်ခြင်းအထိ အရာရာတိုင်းကို လုပ်လာနိုင်ကြပါတယ်။
သူတို့ရဲ့ ကနဦး တိုးတက်မှု မော်ဒယ် အချို့ဟာ BigDog ခွေးကြီးတွေနဲ့တူတဲ့ လက္ခဏာ ရှိခဲ့ပါတယ်။၊ သို့သော် ဖွံ့ဖြိုးတိုးတက်မှု အသစ်သစ်အတိုင်းမှာ သူတို့ဟာ လက်တွေ့ကျတဲ့ စက်ရုပ်များပြုလုပ်ရာမှာတော့ ပို၍ ကျွမ်းကျင်လာကြပါတယ်။

Cheetah(တောလိုက်ကျားသစ်)စက်ရုပ် နှင့် WildCat(ကြောင်ရိုင်း)စက်ရုပ်များဟာ ခွေးများကို အခြေခံ တည်ဆောက်ထားတဲ့ စက်ရုပ်များဖြစ်ပါတယ်။ သူတို့ရဲ့နာမည်များအရလည်း ဖော်ပြနေပါတယ်။

၂၀၀၉ ခုနှစ်တွင် Boston Dynamics ဟာ PETMAN စက်ရုပ် ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ကုမ္ပဏီ၏ ပထမဆုံး လူနဲ့တူတဲ့ စက်ရုပ်လည်း ဖြစ်ပါတယ်။ ဓာတုဗေဒစစ်ပွဲများကို ရင်ဆိုင်ဖို့ စစ်ရေးအသုံးအဆောင်များအဖြစ် စမ်းသပ်တီထွင်ခဲ့တာပါ။

၂၀၁၅ ခုနှစ်မှာ ကျော်ကြားလာတဲ့ Spot စက်ရုပ် ရောက်ရှိလာခြင်းနှင့်အတူ Boston Dynamicsဟာ အမှန်တကယ် တိုးတက်မှု ဖြစ်လာပါတယ်။

Spotစက်ရုပ်ဟာ မြေပြင်အနေအထားများသို့ တက်လှမ်းနိုင်ခြင်း၊ အတားအဆီးများကို ရှောင်ရှားနိုင်ခြင်း၊ ၃၆၀ ဒီဂရီ ကြည့်ရှုနိုင်ပြီး ပရိုဂရမ်များစွာကိုလုပ်ဆောင်နိုင်ပါတယ်။ မကြာသေးမီက Spot ကို လက်မောင်း တပ်ဆင်ပြီး များစွာသော လုပ်တွေကို လုပ်စေခဲ့ပါတယ်။ပျက်စီးလွယ်သော အရာဝတ္ထုများကောက်ယူခြင်း၊ တံခါးများဖွင့်ခြင်းနှင့်အဝတ်လျှော်ခြင်းများကို လုပ်စေခဲ့တာပါ။

နောက်ပြီး ၎င်းတို့မှာ Atlasစက်ရုပ်လည်း ရှိပါတယ်။ Altlas စက်ရုပ်မှာ စတီရီယိုအမြင်နှင့်အကွာအဝေး အာရုံခံကိရိယာများပါ၀င်ပြီး ၎င်းကိရိယာများဟာ လမ်းညွန်ခြင်းနှင့် အရာဝတ္ထုတွေကို ကျွမ်းကျင်စွာကိုင်တွယ်ဖို့ ခွင့်ပြုပါတယ်။နောက်ပြီး လက်ကိုင်၊ ပေါင်းစပ်ထားတဲ့ဘီးတွေနှင့် ခြေထောက်တွေ ၊ ဆွဲဆန့်နိုင်မှုတွေဟာ ဂိုဒေါင်ထဲက သေတ္တာများကို ရွှေ့ရန် ဒီဇိုင်းပြုလုပ်ထားတာပါ။
ဇွန်လမှာတော့ Hyundai က Boston Dynamics ကို တရားဝင်ဝယ်ယူခဲ့ပါတယ်။ စက်ရုပ်တွေအတွက် ဒီပြောင်းလဲမှုကနေပြီး ဘာတွေဖြစ်လာမှာလဲ?????