သောက်ရေသန့်ဗူးများဟာ လူအများအသုံးပြုတဲ့ ရေပိုက်ခေါင်းကလာတဲ့ရေ(tap water)နှင့်နှိုင်းယှဉ်လျှင် ကမ္ဘာမြေ၏ သဘာဝအရင်းအမြစ်များ အပေါ် အဆပေါင်း ၃၅၀၀ ဆ ထိ ထိခိုက် သက်ရောက်မှု မြင့်မားကြောင်း မကြာသေးမီက သုတေသနပြုချက်များက လေ့လာတွေ့ရှိထားပါတယ်။
ပထမဆုံးသောသုတေသနတွင် သိပ္ပံပညာရှင်များသည် သောက်ရေသန့်ဗူးများရဲ့ ကမ္ဘာ့ ဂေဟစနစ်အပေါ် သက်ရောက်မှုနှင့် ရေပိုက်မှလာသောသာမန်ရေများ၏သက်ရောက်မှုကို နှိုင်းယှဉ် လေ့လာခဲ့ကြပါတယ်။
ပညာရှင်များကတွေ့ရှိခဲ့တာကတော့ သောက်ရေသန့်ဗူးများသည် သာမန်ရေထက်သဘာဝ ရင်းမြစ် သုံးစွဲမှု အဆပေါင်း ၃၅၀၀ ဆ ပိုများကြောင်းတွေ့ရှိခဲ့ပါတယ်။

သောက်ရေသန့်ဗူးများ သောက်သုံးရ သုံးစွဲရသည်ကို လူကြိုက်များလာကြရာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် ဘာစီလိုနာအင်စတီကျု (ISGlobal) မှ သောက်ရေသန့်ဗူးများသုံးစွဲမှုနှင့်ပတ်သက်၍ ဘာစီလိုနာတွင် သုတေသနတခုပြုလုပ်ခဲ့သည်။
ယင်းသုတေသနတွင်လည်း သောက်ရေသန့်ဗူးများ၏ သက်ရောက်မှုသည် tap water ထက်အဆ ၁၄၀၀ ပိုများကြောင်းကျွမ်းကျင်သူများကဆိုပါတယ်။
“ဒီလေ့လာမှုကနေ ရေသန့်ဗူးတွေကို သုံးစွဲမှု လျှော့ချဖို့ကူညီနိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒါကိုပြောင်းလဲဖို့ ထိရောက် အသက်ဝင်တဲ့ မူဝါဒတွေလိုအပ်တယ်” လို့ လေ့လာမှုကို ဦးဆောင်သူ နဲ့ ISGlobal သုတေသနပြုလုပ်သူ Cristina Villanueva ကပြောပါတယ်။
“ဥပမာအားဖြင့်၊ ဘာစီလိုနာတွင် ကျွန်ုပ်တို့သည် သောက်ရေသန့်ဗူးသောက်ခြင်းမှ ရရှိသောကျန်းမာရေး အကျိုးကျေးဇူးများသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့်ယှဉ်လျှင် အသေးအဖွဲ့ဖြစ်သည်ကို အများပြည်သူသိရှိစေရန် ပညာပေးစည်းရုံးလှုံ့ဆော်မှုများ ပိုမိုပြုလုပ်ရပါမယ်။
အများပြည်သူသုံးရေပန်းများ၊ အများသုံးအဆောက်အအုံများမှာ မိမိ၏ ကိုယ်ပိုင်ပုလင်းကိုယူလာနိုင်ပြီး ရေခံ၍ သောက်သုံးနိုင်ရန် စီမံဆောင်ရွက်ပေးဖို့လို့ပါတယ်။ ဒါ့မှ သောက်ရေသန့်ဗူး ဝယ်စရာမလိုမှာပါ။ အများသုံးလမ်းတွေမှာ အများသုံးရေကို ရရှိရေး လွယ်ကူချောမွေ့ဖို့လိုတယ်။”

လူတွေက ရေသန့်ဗူးကို ယုံကြည်ကြတယ် ဘာလို့လဲဆိုတော့ ကြော်ငြာရှင်တွေက ရေသန့်သောက်ခြင်းက အကောင်းဆုံးပဲလို့ လူတွေကိုယုံကြည်လာအောင် သွေးဆောင်ထားလို့ပါပဲ။ ဒါကြောင့်ကျွန်မတို့ကလည်း ရေပိုက်မှလာတဲ့ရေကို အများပြည်သူသောက်သုံးလာဖို့တစ်ဖက်ကအားစိုက်ဖို့လိုတယ်” ဟုသူမကထပ်လောင်း ပြောကြားခဲ့သည်။
သောက်ရေသန့်စင်ခြင်းလုပ်ငန်းစဉ်သည် ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားစေသော trihalomethanes (THM) ကိုလျော့ကျစေသည်ဟု ထောက်ပြထားတဲ့ သုတေသနများလည်းရှိပါတယ်။
သို့သော်ကျွမ်းကျင်သူများက “ကျန်းမာရေးအကြောင်းပြချက်သည် ရေသန့်ဗူးများ ကျယ်ကျယ်ပြန့်ပြန့်အတွက် အသုံးမ၀င်ဟုဆိုသည်။ ဟုတ်ပါတယ်၊ တိတိကျကျပြောရမည်ဆိုလျှင်ရေပိုက်မှလာသော ရေကိုသောက်သုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အပံ့ပေးသောအရာမဟုတ်သော်လည်း
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနှင့် နှိုင်းယှဥ်ကြည့်ပါက ရေသန့်ဗူးသောက်ခြင်းမှသင်ရရှိသော ကျန်းမာရေးအကျိုးကျေးဇူးက နည်းပါးပါတယ်။ ရေဗူးများရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုသည် ဘုံဘိုင်ရေနှင့်နှိုင်းယှဉ်လျှင် ပိုများပြီး သိသာထင်ရှားပါသည်” ဟု Villanueva ကရှင်းပြသည်။