ငါးမန်းတွေဟာ သီတင်းပတ် တစ်ပတ်လုံး အပိုင်စားရ ကြပေမဲ့ ရေခူ (Jellyfish)တွေ ကကော ဘာလို့မရကြတာလဲ။
ရေခူ (Jellyfish) တွေမှာ ကြောက်စရာကောင်းတဲ့ ငန်းမန်းတွေလို မေးရိုး မပါရှိသလို ကြောက်ရွံစေတဲ့ ဆူးတောင်တွေ မပါလို့များလား။
ရေခူတွေနဲ့ ပတ်သတ်ပြီး ကမ်းခြေသွားသူတွေကို ကြောက်လန့်စေတဲ့ ရုပ်ရှင်တွေ မဖန်တီးခဲ့ကြလို့လား။
သို့တည်းမဟုတ် ငါးမန်းတွေက လူ့အသားတွေကို ကိုက်ဖြဲနိုင်တဲ့ သင်တုန်းဓားလို သွားတွေပါကြပြီး ရေခူလေးတွေက စပါကတီ ခေါက်ဆွဲလို အမွှေးအမျှင်စုပ်တံလေးတွေ နဲ့ squished gummy bears လေးတွေလို ဖျစ်ညှစ်စရာ ကောင်းနေလို့များလား ဆိုတာ စဥ်းစားစရာဖြစ် လာပါတယ်။
ဒါပေမဲ့ ရေခူတွေဟာ ခြိမ်းခြောက်တာထက် ကရိကထပိုများပါတယ်။ သူတို့ရဲ့အမွှေးအမျှင် အချောင်းလေးတွေဟာ လူတွေကို နာကျင်စေပြီး ယားယံမှုတွေ ဖြစ်ပေါ်စေပါတယ်။
ငါးမန်းတွေကတော့ ခြေလက်တွေကို ဖြတ်ပစ်နိုင်ကြပေမဲ့ ကိုယ်ပိုင်အမြင်ရှိရင်တော့ ရှောင်ကွင်းနိုင်ပါသေးတယ်။
ယခု ကျွန်တော်တို့ပြောမည့် အကြောင်းကတော့ ငါးမန်းတွေထက် ပိုကြောက်ဖို့ကောင်းတဲ့ ရေခူအမျိုးအစားအကြောင်း ဖြစ်ပါတယ်။ ၎င်းကို သိပ္ပံ အမည်ဖြင့် Cubozora လို့ခေါ်ပြီး အများကတော့ ” box jellyfish” ဟုသတ်မှတ်ခေါ်ဝေါ်ကြပါတယ်။
” box jellyfish” တွေဟာ တခြားရေခူတွေလို စိတ်အနှောက်အယှက်ဖြစ်စေတာမျိုးတင်မဟုတ်ဘဲ ပြင်းထန်တဲ့ အဆိပ် ရှိပါတယ်။
ဘယ်လောက်ထိ ပြင်းထန်လဲ။ သြစတေးလျ box jellyfish ဟုလည်း လူသိများသော “boxie” Chironex fleckeri တစ်မျိုးဟာ အလွန်အဆိပ်ပြင်းတာကြောင့် ၎င်း၏ ၆ ပေ (၁.၈ မီတာ) ရှည်လျားသော လက်တံ တစ်ချောင်းနဲ့ ထိမိတာနဲ့ ရွက်ဖျင်တဲ ဆီ မရောက်ခင်မှာဘဲ သင့်အသက်ကို ဆုံးရှုံးစေနိုင်ပါတယ်။
၎င်းကို ကမ္ဘာပေါ်ရှိ အဆိပ်အပြင်းဆုံး ပင်လယ်ရေ သတ္တဝါအဖြစ် သတ်မှတ်ထားပါတယ်။
တစ်ဖက်မှာလည်း သြစတေးလျနိုင်ငံအနီးမှာ တွေ့ရတဲ့ Carukia barnesi ရေခူအမျိုးအစားဟာလည်း သူတို့နဲ့ ထိမိလျှင် နာကျင်ခြင်း ၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းများကို မချိမဆံ့ခံရသောကြောင့် သင့်အနေနဲ့ အသက်ဆုံးရှုံးချင်စိတ် ပေါက်သွားစေပါလိမ့်မယ်။
တစ်ခါတစ်ရံ အရည်တွေဟာ အဆုတ်ထဲပြည့်လာပြီး မကုသဘဲထားလျှင် အသက်ဆုံးရှုံးနိုင်ခြေ ရှိပါတယ်။
Boxies Jellyfish များဟာ ယေဘုယျအားဖြင့် Indo-Pacific သမုဒ္ဒရာ နှင့် သြစတေးလျမြောက်ပိုင်းကမ်းလွန်ရေပြင်တို့တွင် နေထိုင်ကြသော်လည်း ဟာဝိုင်အီ တစ်ဝိုက်ရှိ ရေပြင်များတွင်လည်း တွေ့နိုင်ပါတယ်။ သမုဒ္ဒရာသုံးခုလုံးတွင် မျိုးစိတ်အနည်းငယ်ကိုသာ တွေ့ရပါတယ်။
Box jellyfish တွေမှာ cnidocysts ဟု ခေါ်သော အရေပြားတွေကို စုတ်ပြတ်နေနိုင်သော အဆိပ်ပါဝင်တဲ့ ဆဲလ်ပေါင်း ၅၀၀၀ခန့် ပါဝင်သော လက်တံ ၁၅ ချောင်းပါရှိပါတယ်။
၎င်းဆဲလ်တစ်ခုဆီတိုင်းမှာ တစ်နာရီလျှင် ၃၇ မိုင် (၆၀ ကီလိုမီတာ) နှုန်းဖြင့် သားကောင်ဆီ ထုတ်လွှတ်နိုင်တဲ့ သေးငယ်တဲ့ အတောင့်လေးတွေပါဝင်ပါတယ်။

၎င်းဟာ သွေးဖိအားကို တစ်ဟုန်ထိုးမြင့်တက်စေတဲ့ အဆိပ်အတောက်တွေကို ထုတ်လွှတ်ပေးသဖြင့် နှလုံးခုန်နှုန်းကို ရပ်တန့်စေပြီး အသက်ဆုံးရှုံးစေနိုင်ပါတယ်။
ဘယ်သူမှ တရားဝင်သေဆုံးမှု မှတ်တမ်းမတင်ထားကြပေမယ့် ဖိလစ်ပိုင်မှာ box Jellyfish တွေကြောင့် နှစ်စဉ်လူ ၂၀ ကနေ ၄၀ ကြားအ သက် ဆုံးရှုံးနေပါတယ်။
ကျွမ်းကျင်သူများက ကမ္ဘာတစ်ဝှမ်းတွင် box Jellyfishကြောင့် အသက်ဆုံးရှုံးမှုနှုန်းသည် ဆရာဝန်များ ရောဂါလက္ခဏာများကိုမှားယွင်းစွာရှာဖွေခြင်း သို့မဟုတ် အသက်ဆုံးရှုံးစေသည့်အကြောင်းအရင်းကို မှားယွင်းစွာ ရှာဖွေလေ့ရှိခြင်းတို့ကြောင့် သတင်းထုတ်ပြန်ချက်ထက် ပိုများတယ် ဟုဆိုပါတယ်။
လူသိများတာက box jellyfish မျိုးစိတ်ပေါင်း ၄၃ မျိုးဟာ ငါးမန်းတွေ နဲ့ ပင်လယ်မြွေတွေထက် ထိခိုက်မှုနှင့် အသက်ဆုံးရှုံးမှု များတယ်ဟု သိကြပါတယ်။
Box jellyfish များဟာ ထူးဆန်းသောမျိုးစိတ် ဖြစ်ပါတယ်။ ၎င်းတို့တွင် မျက်လုံးနှစ်ဒါဇင်လောက်ပါရှိပါတယ်။ တနည်းအားဖြင့်ဆိုရလျှင် သူတို့ဟာ မြင်နိုင်ပါတယ်။
ပုံမှန် ရေခူများ၏ ခန္ဓာဗေဒဟာ အမှောင်မှအလင်းကိုသာ ခွဲခြားသိမြင်စေတာပါ။ Box jellyfish တွင်တခြား jellyfishမျိုးစိတ်တွေ ထက် ပိုမိုအဆင့်မြင့်သော အာရုံကြောစနစ်တစ်ခုရှိပါတယ် ၊ဒါဟာ သူတိို့ကို အရာဝတ္ထုများကိုလျင်မြန်စွာရှောင်ရှားရန် နှင့် ထိတွေ့ရန် ကူညီပေးပါတယ်။
တခြား jellyfish မျိုးစိတ်တွေနဲ့မတူတာက အစားစားဖို့ စောင့်မနေဘဲ Box jellyfish တွေဟာ သားကောင်ကို တက်တက်ကြွကြွကူးခတ်ပြီး အမဲလိုက်ကြပါတယ်။
သူတို့ဟာ မိုးသက်မုန်တိုင်းကျတဲ့အခါ သူတို့ရဲ့ ခေါင်းလောင်းပုံစံ ဦးခေါင်းကို ထီးကဲ့သို့ ဖွင့်လိုက်ပိတ်လိုက်ပြုလုပ်၍ တစ်နာရီ၄မိုင်နှုန်း ဖြင့် ရေထဲမှာ ကူးခတ်နိုင်ကြပါတယ်။
Manoa မှာရှိတဲ့ ဟာဝိုင်ယီတက္ကသိုလ်မှ အဏ္ဏဝါဇီဝဗေဒပညာရှင် ဒေါက်တာ Angel Yanagihara နှင့် box jellyfish အကြောင်း ကမ္ဘာ့အကျော်ကြားဆုံးကျွမ်းကျင်သူတို့က box jellyfish ဟာ rattlesnake ကဲ့သို့ အဆိပ်ကို မထုတ်လွှတ်ကြောင်း ပြောကြားခဲ့ပါတယ်။
box jellyfish တွေဟာ သားကောင်းကို ဖမ်းဖို့ နှင့် သူတို့ရဲ့ အစာကိုချေဖျက်ရာတွင် ကူညီဖို့ ” အစာချေဖျက်သည့် ကော့တေး ” တွေကို ထုတ်လွှတ်ပါတယ်။
Yanagihara က လူသားတွေမှာဆိုလျှင် ၎င်း”အစာချေဖျက်သည့်ကော့တေး”ဟာ ကျွန်ုပ်တို့၏ ဆဲလ်အားလုံး၌ အပေါက်များဖြစ်စေတယ် ဟုဆိုပါတယ်။ ဒါဟာ လူတစ်ယောက်၏ နှလုံးကို ငါးမိနစ်အတွင်း ရပ်တန့်စေနိုင်ပါတယ်။
Box jellyfish များဟာ ကမ္ဘာပေါ်တွင်သက်တမ်းအရင့်ဆုံးတိရစ္ဆာန်များထဲတွင် ပါဝင်ပြီး အနည်းဆုံး နှစ်သန်းပေါင်း ၆၀၀ ခန့်ကထဲက တည် ရှိကြပြီး အစုလိုက်အပြုံလိုက် မျိုးသုဉ်း ပျောက်ကွယ်မှု များစွာကနေ ရှင်သန်လွတ်မြောက်ခဲ့ကြပါတယ်။
ကမ္ဘာကြီးပူနွေးလာမှု နှင့် ဓာတ်မြေသြဇာတွေ သမုဒ္ဒရာထဲကို စွန့်ပစ်လာကြတာဟာ Box jellyfish တွေအတွက် ရေထဲမှာ ကြီးထွားရှင်သန်နိုင်မည့် နည်းလမ်းရှာဖွေနေကြရပါတယ်။
”Box jellyfish တွေ ခြိမ်းခြောက်တာထက် လူသားတွေ သူတို့ကို ခြိမ်းခြောက်တာကပိုတယ်”ဟု ဒေါက်တာ Angel Yanagihara က ဆိုပါတယ်။
Box jellyfish တစ်ကောင်နဲ့ ထိမိလျှင် ကျွန်ုပ်တို့ဟာ ဘာလုပ်သင့်သလဲ
ဒေါက်တာ Angel Yanagihara က ထိမိတဲ့နေရာကို ရှာလကာရည် ဖြင့် ဆေးခြင်း နှင့် ရေခဲကပ်ခြင်း စတဲ့ အသုံးအများဆုံးကုထုံးတွေကို ပြုလုပ်သင့်တယ် ဆိုပါတယ်။
သူမ နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များက အခြားသာမန်ကုထုံးများဟာ ထိခိုက်မိတဲ့နေရာကို ပိုဆိုးစေကြောင်းတွေ့ရှိခဲ့ပါတယ်။
သူမက box jellyfish နဲ့ ထိခိုက်မိတဲ့နေရာကို ကုသရန်အကောင်းဆုံးနည်းလမ်းမှာ သူမဖန်တီးခဲ့တဲ့ အဆိပ်တား ဆေးခရင်မ်ကို အမြန်လိမ်းရန် နှင့် ချက်ချင်း အရေးပေါ် အကူအညီရယူရန် လိုတယ်ဟု ပြောပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။