မှားယွင်းစွာသိထားကြတဲ့ ဦးနှောက်နှင့် ပတ်သတ်တဲ့ အချက် ၈ ချက်

Facts Science

(၁) ပိုကြီးတဲ့ ဦးနှောက်က ပိုဉာဏ်ကောင်းတယ်ဆိုတဲ့အကြောင်း

တကယ်တော့ မဟုတ်ပါဘူး။ လူတွေက ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးဖြစ်ပေမယ့် ဆင်ဦးနှောက်ကတော့ လူသား​တွေထက် သုံးဆပိုကြီးပါတယ်။

ဉာဏ်ရည်ဉာဏ်သွေးက အရွယ်အစားနှင့် မပတ်သက်ပါဘူး။ လူ့ဦးနှောက်က ကျွန်ုပ်တို့ ခန္ဓာကိုယ် ထုထည်ရဲ့ ၂ ရာခိုင်နှုန်းခန့် ပါဝင်ပြီး အလွန်အထင်ကြီးစရာကောင်းပါတယ်။

ဒါပေမယ့် ကြွက်ဦးနှောက်တွေက သူတို့ရဲ့ခန္ဓာကိုယ် ထုထည်ရဲ့ ၁၀ ရာခိုင်နှုန်း အပြည့်နဲ့ အသက်မွေးဝမ်းကြောင်းအတွက် အသုံးပြုကြပါတယ်။

ဒါကြောင့် ဦးနှောက်နဲ့ပတ်သက်လာရင် အရွယ်အစားက အရေးအကြီးဆုံးမဟုတ်ပါဘူး။ ကျွန်ုပ်တို့ ဖွံ့ဖြိုးလာတာနှင့်အမျှ ဦးနှောက်အရွယ်အစားက တိုးလာသော်လည်း ကျွန်ုပ်တို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး လျှို့ဝှက်ချက်ကတော့ ရှုပ်ထွေးတယ်ဟု သိပ္ပံပညာရှင်များက ဆိုပါတယ်။

အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Gerard Edelman က လူ့ဦးနှောက်ကို “စကြဝဠာအတွင်း အရှုပ်ထွေးဆုံးအရာ” အဖြစ်တောင် ဖော်ပြခဲ့ပါ​သေးတယ်။

ကျွန်ုပ်တို့ဦးနှောက်မှာ ၁၉ နှင့် ၂၃ ဘီလီယံကြားရှိ နျူရွန်များရှိပြီး နျူရွန်တစ်ခုစီဟာ အခြားသော အာရုံကြောများနှင့် အကြိမ်ပေါင်း သောင်းနှင့်ချီ၍ ချိတ်ဆက်နိုင်ပါတယ်။

(၂) လူတွေမှာ ဘယ်ဘက်ဦးနှောက် သို့မဟုတ် ညာဘက်ဦးနှောက် ရှိတယ်ဆိုတဲ့အကြောင်း

ကျွန်ုပ်တို့ဦးနှောက်တွင် အခြားအရာများထက် ပိုမိုလုပ်ဆောင်ရတဲ့ အလုပ်အချို့ရှိပြီး ကျွန်ုပ်တို့လုပ်သမျှကို ဦးနှောက်တစ်ခုလုံး အသုံးပြုရပါတယ်။

ကျွန်ုပ်တို့ဦးနှောက်ရဲ့ ညာဘက်တစ်ခြမ်းက ပိုမိုတီထွင်ဖန်တီးနိုင်တယ် သို့မဟုတ် ဘယ်ဘက်အခြမ်းက ပို၍ ခွဲခြမ်းစိတ်ဖြာတယ်ဆိုတာနှင့် ပတ်သတ်ပြီး အထောက်အထားမရှိပါဘူး။

အဆိုပါဒဏ္ဍာရီက 1970 ခုနှစ်များတွင် CalTech အာရုံကြောသိပ္ပံပညာရှင် Roger W. Sperry မှစတင်ခဲ့တာပဲ ဖြစ်ပါတယ်။ Sperry က ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းနှင့် ညာဖက်အခြမ်းတွေအကြား သိမြင်မှုဆိုင်ရာ ကွဲပြားမှုများကို တွေ့ရှိခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။

အမှန်တကယ်တော့ ဘယ်ဘက် သို့မဟုတ် ညာဖက် ဦးနှောက် တစ်ခြမ်းထဲ ရှိသူတွေဟာ ဦးနှောက် တစ်ဝက်ကို ဖယ်ထုတ်သည့် ခွဲစိတ်မှုတစ်ခုဖြစ်ပြီး hemispherectomies ခွဲစိတ်ကုသမှုခံယူခဲ့ကြသူများဖြစ်ကြပါတယ်။

လုပ်ထုံးလုပ်နည်းကကျွန်ုပ်တို့ထင်ထားတာထက် ပိုအဖြစ်များပြီး လူနာတွေဟာ မှတ်ဥာဏ်ပြဿနာမရှိပဲ အပြည့်အ၀နေထိုင်သွား​ကြပါတယ်။

(၃) ကျွန်ုပ်တို့လူသားတွေဟာ ကျွန်ုပ်တို့ ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ အသုံးပြုတယ် ဆိုတဲ့အကြောင်း

ဦးနှောက်တစ်ခုလုံးဟာ နေ့စဥ်စက္ကန့်နှင့်အမျှ တက်ကြွမှု မရှိနိုင်သော်လည်း အသက်ရှုခြင်း၊ အိပ်စက်ခြင်း၊ အစာချေဖျက်ခြင်းတို့ အတွက်တော့ အလုံးစုံလိုအပ်ပါတယ်။

ခေတ်မီဦးနှောက်ပုံရိပ်ဖော်ခြင်းနည်းပညာများက ကျွန်ုပ်တို့အား ဦးနှောက်တစ်ခုလုံးရဲ့ လက်တွေ့ပုံရိပ်များကို ပေးစွမ်းနိုင်ကာ ယင်းဒဏ္ဍာရီကို အဆုံးသတ်စေပါတယ်။

ကျွန်ုပ်တို့ဦးနှောက်ရဲ့ “အခြား ၉၀ ရာခိုင်နှုန်း” ကို သဘာဝလွန် ရည်ရွယ်ချက်အတွက် သီးသန့်ထားရမည်ဟု စောဒကတက်သည့် ရုပ်ရှင်နှင့် ကောလဟာလ များကြောင့် ၁၀ ရာခိုင်နှုန်း ဒဏ္ဍာရီဟာ နှစ်နှင့်ချီပြီး တည်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

(၄) အသက်ကြီးလာတာနှင့်အမျှ မှတ်ဉာဏ် ဆုံးရှုံးမှု ဖြစ်တယ်ဆိုတဲ့အကြောင်း

ရေတိုမှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနဲ့ ဘာသာစကားသင်ယူမှုလိုမျိုး မှတ်ဥာဏ်ဆိုင်ရာလုပ်ဆောင်ချက်တွေဟာ အသက်အရွယ်အရ ကျဆင်းလာပေမယ့် တခြားစိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေက အမှန်တကယ် တိုးတက်လာပါတယ်။

၎င်းတို့အများစုဟာ ခွဲခြမ်းစိတ်ဖြာခြင်းထက် လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ သဘာဝပဲ ဖြစ်ပါတယ်။ ဒီအကျိုးအမြတ်များကြောင့် ဆုံးရှုံးမှုများကဲ့သို့ အာရုံစူးစိုက်မှု မရရှိခဲ့ရခြင်းဖြစ်နိုင်ပါတယ်။

လေ့လာမှုများအရ အသက်ကြီးသူများဟာ ငယ်ရွယ်သူများထက် အသိဉာဏ်ပိုကြွယ်ဝပြီး ၎င်းတို့ကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။

သက်ကြီးရွယ်အိုတွေဟာ သူတို့ရဲ့ဘဝတွေနဲ့ ပိုပျော်ရွှင်ကြပြီး သူတို့ရဲ့ဆက်ဆံရေးက ပိုသဟဇာတဖြစ်ကြပါတယ်။

အသက်ကြီးလာခြင်းဟာ ပစ္စုပ္ပန်တွင် ရွေးချယ်မှုများပြုလုပ်ဖို့ ကူညီပေးသည့် အတိတ်ပြဿနာများနှင့် ဖြေရှင်းနည်းများဆိုင်ရာ စိတ်ပိုင်းဆိုင်ရာဒေတာဘေ့စ်သို့ ဝင်ရောက်နိုင်တယ်ဟု ဆိုလိုပါတယ်။

သိပ္ပံပညာရှင်များက ၎င်းကို “သိ​မြင်မှုပုံစံ” ဟုခေါ်ဆိုသော်လည်း ကျွန်ုပ်တို့အများစုမှာ ၎င်းအား ဉာဏ်ပညာအဖြစ် ပိုသိကြပါတယ်။

(၅) ဂန္တဝင်ဂီတက လူတွေကို ပိုဉာဏ်ကောင်းစေတယ် ဆိုတဲ့အကြောင်း

ကျွန်ုပ်တို့ ကိုယ်တိုင် သို့မဟုတ် ကျွန်ုပ်တို့ရဲ့ ကလေးကို တေးသီချင်းများ နားထောင်စေခြင်းဟာ IQ အတွက် တစ်စုံတစ်ရာ လုပ်ဆောင် ပေးနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။

အကျိုးသက်ရောက်မှုရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေဟာ လွန်လွန်ကဲကဲ ဖြစ်နိုင်ပါတယ်။ ၂၀၁၀တုန်းက လေ့လာမှု ၄၀ရဲ့ ပြန်လည်သုံးသပ်မှုတစ်ခုမှာ မူလစမ်းသပ်မှုရဲ့ရလဒ်များကို ပြန်မထုတ်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် ထိုဂန္တဝင် တေးဂီတ ဗီဒီယိုများဟာ ကလေးအများစု ကြိုက်နှစ်သက်ခြင်း မရှိတာကိုလည်း လေ့လာမှုအရတွေ့ရပါတယ်။

(၆) ပဟေဠိများက ကျွန်ုပ်တို့ကို ထက်မြက်စေတယ် ဆိုတဲ့အကြောင်း

ဂန္တဝင်ဂီတကဲ့သို့ပင်၊ စကားဝှက်နှင့် ပဟေဋ္ဌိများက ဆင်တူပါတယ်။ The New York Times နှင့် အင်တာဗျူးတစ်ခုမှာ အ သက် အရွယ်ကြီးရင့်ခြင်းဆိုင်ရာ အမျိုးသားတက္ကသိုလ်မှ အာရုံကြောသိပ္ပံပညာရှင် Molly Wagster က “ဘဝတစ်လျှောက်လုံး ပဟေဋ္ဌိတွေလုပ်ဖူးတဲ့သူတွေဟာ တခြားသူတွေထက် ဉာဏ်ရည်ဉာဏ်သွေး အထူးအားသာချက်တွေ မရှိပါဘူး”ဟု ရှင်းပြထားပါတယ်။

သို့သော်လည်း စကားဝှက် ပဟေဠိများကို လုပ်ခြင်းဟာ ကျွန်ုပ်တို့ကို ကောင်းမွန်စေမည့် အရာတစ်ခု ဖြစ်ပါတယ်။

ပဟေဠိများ များများပြီးလေ၊ ပုံစံများကို သတိပြုမိပြီး မကြာခဏ အသုံးပြုနေသော သဲလွန်စများကို မှတ်မိဖို့ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်လေဖြစ်ပါတယ်။

(၇) အမျိုးသားများက သင်္ချာဘာသာရပ်တွင် အမျိုးသမီးများထက် သဘာဝအားဖြင့် ပိုကောင်းမွန်တယ် ဆိုတဲ့ အကြောင်း

လေ့လာမှုအပြီး မိန်းကလေးများနှင့် ယောက်ျားလေးများကြား သင်္ချာနှင့် သိပ္ပံ စာမေးပွဲ ရမှတ်များ ကွာဟမှုမှာ လူမှု ဆက်ဆံရေး သဘာဝကြောင့် ဖြစ်တာကို တွေ့ခဲ့ပါတယ်။

အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ထိုအဖွဲ့နှင့် ပတ်သက်သော အဆိုးမြင် ပုံစံများကို ထိတွေ့မိတဲ့အခါမှာ ညံ့ဖျင်းစွာလုပ်ဆောင်ကြပါတယ်။ ဒါကြောင့် ၎င်းတို့ရဲ့ရမှတ်များ သိသိသာသာ လျော့ကျသွားကြောင်း ပြသထားပါတယ်။

University of Wisconsin မှ သုတေသီများဟာ နိုင်ငံပေါင်း ၈၆ နိုင်ငံမှ စာမေးပွဲရမှတ်များကို ခွဲခြမ်းစိတ်ဖြာပြီး မိန်းကလေးနှင့် ယောက်ျားလေးများအတွက် ပျမ်းမျှ သင်္ချာရမှတ်များ တူညီကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒါ့ကြောင့် အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ကျရှုံးမှု မျှော်လင့်ချက်များနှင့် တရစပ်ရလေလေ၊ ကျရှုံးနိုင်ခြေ ပိုများလေဖြစ်ပါတယ်။

(၈) ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဆဲလ်များဟာ ပျက်စီးပြီးသည့်အခါ ပြန်မပြုပြင်နိုင်ဘူး ဆိုသည့် ကိစ္စ

လူ့ဦးနှောက်သည် အံ့ဩစရာ ကောင်းလောက်အောင် ပြင်းထန်တဲ့ အခြေအနေ အမျိုးမျိုးနှင့် လိုက်လျောညီထွေ ဖြစ်စေနိုင်ပါတယ်။

အမြင်အာရုံ ဆုံးရှုံးသူများ အတွက် ဦးနှောက်ဟာ အကြား အာရုံ လုပ်ဆောင်ခြင်း အတွက် စွမ်းအင် ပိုထုတ်တဲ့ အတွက်ကြောင့် ၎င်းတို့ရဲ့အကြား အာရုံကို သိသိသာသာ ကောင်းမွန်လာကြောင်း တွေ့ရှိရပါတယ်။

ကျွန်ုပ်တို့မြင်ခဲ့ရသည့်အတိုင်း၊ ဦးနှောက်တစ်ဝက်ကို ဖယ်ထုတ်ထားသူများဟာ ကျန်တစ်ဝက်မှာ တာဝန် အားလုံးကို ယူ ထားသောကြောင့် လုပ် ဆောင် နိုင်သေးတာကို တွေ့ရပါတယ်။

သိပ္ပံပညာရှင်များက ဦးနှောက်ဟာ ဒီစည်းမျဉ်းရဲ့ ခြွင်းချက်ဖြစ်ပြီး ပျက်စီးသွားတဲ့ ဦးနှောက်ဆဲလ်များဟာ ဘယ်တော့မှ ပြန်လည် ကြီးထွားလာမှာမဟုတ်ကြောင်း အချိန်အတော်ကြာအောင် ယုံကြည်ခဲ့ကြပေမယ့် ဒါဟာ မဟုတ်ပါဘူး။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *